ဒေါ်လာ(၃၇၄)တန်ဖိုးရှိတဲ့ မုန့်တွေကိုခိုးယူခဲ့လို့ အလိုရှိနေကြတဲ့ ပင်လယ်ဇင်ယော်လေး

May 22, 2022 Software Kaber 0

ပင်လယ်ဇင်ယော်လေးတစ်ကောင်ဟာ ၃၇၄ ဒေါ်လာ တန်ဖိုးရှိတဲ့ မုန့်တွေကို တက်စ်ကို စတိုးဆိုင်ကနေ ခိုးယူခဲ့ပါတယ်။ ဒေသခံတွေအနေနဲ့ အလစ်သုတ်သမားလေး စတီဗင် လို့ သိထားကြတဲ့ ပင်လယ်ဇင်ယော်လေးဟာ ပင်န်တန်၊ ဒေဗွန် အစရှိတဲ့ စူပါမားကတ်တွေရဲ့ အပြင်ဘက် အလိုအလျောက်ဖွင့်ပိတ်လုပ်တဲ့ တံခါးနားမှာ ယောင်ပေပေလုပ်နေတာကို မကြာခဏ မြင်တွေ့ရတတ်ပါတယ်။ ခိုးကြောင်ခိုးဝှက်လုပ်နေတဲ့ […]

ချစ်သူက Facebook မှာပုံတင်လိုက်လို့ အဖမ်းခံလိုက်ရတဲ့ နိုင်ငံပေါင်း ၂၀ကအလိုရှိနေတဲ့ မူးယစ်ရာဇာကြီး

April 26, 2022 Software Kaber 0

နိုင်ငံပေါင်း ၂၀ ကနေ အလိုရှိနေတဲ့ မက်ဆီကန်လူမျိုး မူးယစ်ရာဇာဟာ လုံခြုံရေး စည်းကမ်းတွေကို အားလုံး ပယ်ဖျက်ပြီး မော်ဒယ်မလေးတစ်ဦးနဲ့ ၂ ည ၃ည အတူအချိန်ဖြုန်းခဲ့မိတဲ့အတွက် နောက်ဆုံး မှာတော့အဖမ်းခံခဲ့ရပါတယ် ။ အသက် ၃၉ နှစ်အရွယ်ရှိ ဘရိုင်ယန် ဒိုနာစီရာနို အိုလ်ဂင် ဘာဒူဂိုဟာ […]

ဓာတ်ဆီဖိုးမတတ်နိုင်တော့လို့ အလုပ်ကို မြင်းစီးပြီးသွားသူကြီး

April 19, 2022 Software Kaber 0

မဟာရက်ရှ်တရာ အာရန်ဂဘတ်ပြည်နယ်က လတစ်ယောက်ဟာ ဓာတ်ဆီစျေးတွေ မြင့်တက်လာတာကြောင့် အလုပ်ကို မြင်းစီးပြီးသွားဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ် Shaikh Yusuf ဟာ YB Chavan ဆေးဝါးကောလိပ်ရဲ့ ဓာတ်ခွဲခန်းလက်ထောက်တစ်ယောက်ဖြစ်ပြီး ကိုဗစ် lockdown ကာလအတွင်း ရုံးတက်ရုံးဆင်းလုပ်ဖို့အတွက် “ဂျီဂါ” လို့ခေါ်တဲ့ မြင်းတစ်ကောင်ကို ရူပီး ၄၀၀၀၀ သုံးပြီး ဝယ်ယူခဲ့ပါတယ် […]

မျက်နှာမပါတဲ့ ပန်းချီကားချပ်ကို စေတနာဗလပွနဲ့ မျက်လုံးဆွဲပေးလိုက်လို့ အရေးယူခံလိုက်ရတဲ့ လုံခြုံရေးအစောင့်ရဲ့ အဖြစ်

April 14, 2022 Software Kaber 0

ရုရှားပြတိုက်က လုံခြုံရေးအစောင့်တစ်ယောက်ဟာ သူ့ရဲ့ ပထမဆုံးအလုပ်ဆင်းတဲ့နေ့မှာတင် မျက်နှာမပါတဲ့ ပန်းချီကားချပ်ကို မျက်လုံးဆွဲပေးပြီး $1million တန် ပန်းချီကားကို ဖျက်ဆီးပစ်လိုက်ပါတယ် ။ လုံခြုံရေးအစောင့်ဟာရုရှားအနောက်ပိုင်း ရီကာတရင်းဘက်ခ်မြို့တော်ရဲ့ ယဲ့စင်းစင်တာမှာ စိတ္တဇပန်းချီလက်ရာအနေနဲ့ ခင်းကျင်းပြသထားတဲ့ အနုပညာရှင် အန်နာ လစ်ပေါ်ဆာရာ့ရဲ့ “ပုံရိပ်သုံးခု” (1932-1934) ပန်းချီကားပေါ်မှာ မျက်လုံးနှစ်လုံးကို ဘောပင်နဲ့ […]

တစ်ညတာအိပ်ပျော်နေတဲ့ပုံကိုStream လွှင့်ရင်းဒေါ်လာ ၁၆၀၀၀ရရှိခဲ့တဲ့ Streamer တစ်ဦး

February 27, 2021 Software Kaber 0

အိပ်ပျော်တဲ့သူတစ်‌ေယာက်ဟာ နိုးကြားတဲ့သူထက် ၀င်ငွေရှာဖို့ ပိုပြီးမလွယ်ကူလှပါဘူး။ ဒါပေမဲ့ လူတော်တော်များများဟာ တဖြည်းဖြည်း ကျော်ကြားမှုအသစ် လမ်းကြောင်းသစ်ကို ရှာဖွေတွေ့ရှိလာတဲ့အခါမှာ Sleeping influencersဆိုပြီး ရူးကြောင်ကြောင် လမ်းကြောင်း‌ရှိလာခဲ့ပါတယ်။ တစ်ညတာအိပ်ပျော်နေတဲ့ညမှာ စိတ်ရူပ်ထွေးမှုတွေရှိနိုင်ပေမယ့် အိပ်ရာထဲမှာလဲလျောင်းရင်းဝင်ငွေရှာတာဟာ Twitch Streamer အတွက်ဝင်ငွေကောင်းတဲ့အရင်းအမြစ်တစ်ခုလို့ထင်ရပါတယ်။ Asian Andyအမည်ရှိသူတစ်ယောက်ဟာအိပ်စက်ပြီး ငွေဝင်တဲ့ sleep streamerတစ်ဦး […]

သမုဒ္ဒရာထဲသို့နှာခေါင်းစည်း ၁.၅ဘီလီယံကျော်လောက်ဝင်ရောက်လာသောကြောင့်ရေနေသတ္တဝါများအတွက်စိုးရိမ်နေရ

January 15, 2021 Software Kaber 0

ဟာဝိုင်ယီအခြေစိုက် ပင်လယ်ထိန်းသိမ်းရေးအဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ OceansAsia မှ ယခုနှစ်ပိုင်းတွင် ခန့်မှန်းချေအားဖြင့် တစ်ခါသုံး နှာ‌ခေါင်းစည်းပေါင်း ၁.၅ ဘီလီယံ ခန့် ပင်လယ်ထဲကို ၀င်ရောက်လာလိမ့်မည်ဟု ပြောကြားခဲ့ပါတယ်။တစ်ကြိမ်သုံးနှာခေါင်းစည်းများဟာ ကမ္ဘာလုံးဆိုင်ရာ ပလတ်စတစ် ညစ်ညမ်းမှုကိုတိုးပွားစေနိုင်တဲ့ ပြသာနာတစ်ရပ်ဖြစ်နေပါတယ်။ ယခုကာလတွင်ဖြစ်ပွားနေသော ကမ္ဘာ့ကပ်ရောဂါ(Covid – 19)ကို ကာကွယ်ခြင်းနှင့်ပတ်သက်၍ နှာခေါင်းစည်းတပ်ခြင်းဟာလည်း […]

နှုတ်ခမ်းအောက်ကဝက်ခြံအဖုကြောင့်သေလုနီးပါးဖြစ်ခဲ့ရတဲ့အမျိုးသားတစ်ဦး

January 13, 2021 Software Kaber 0

တရုတ်ပြည်က လူတစ်ယောက်ဟာ သူ့နှုတ်ခမ်းအောက်မှာဝက်ခြံပေါက်ပြီးသေလုနီးပါးဖြစ်ခဲ့ရတဲ့အခြေအနေကိုရင်ဆိုင်ခဲ့ရပါတယ်။Jiangsu ပြည်နယ်အ‌ရှေ့ပိုင်းတွင်နေထိုင်သည့် Mr.Chen ဆိုတဲ့အမျိုးသားဟာ နှုတ်ခမ်းအောက်မှာဝက်ခြံပေါက်လာကာချက်ချင်းဖျားနာ လာပြီး ပါးစပ်ရောင်ရမ်းခြင်းကိုစတင်ခံစားခဲ့ရကြောင်း Daily Mail သတင်းစာကဖော်ပြခဲ့ပါတယ်။ အဲဒီလိုဖြစ်ပြီးနောက် သူ့ အနေထားဟာ လျင်မြန်စွာ ယိုယွင်းလာခဲ့ပါတယ်။ မီဒီယာများရဲ့ပြောပြချက်အရတော့ဒီဖြစ်ရပ်ဟာ သူ့ရဲ့အဆုတ်ထဲသို့ ရောဂါကူးစက်ပျံ့နှံ့ သွားတယ်လို့ဆိုပါတယ်။ ထိုသို့ရောဂါပျံ့နှံ့သွားခဲ့တဲ့ရလဒ်ကတော့ အဆုတ်ရောင်ရောဂါကို နှစ်ဆခံစားရဖို့ဖြစ်လာခဲ့ပါတယ်။ထိုသို့ဖြစ်ပြီးနောက်ပိုင်းမှာတော့ သူဟာ […]

စင်ကာပူကနေ မလေးရှားကို ရေကူးပြီး တရားမဝင် ခိုးဝင်ဖို့ကြိုးစားခဲ့တဲ့ အမျိုးသားတစ်ဦး

August 24, 2020 Software Kaber 0

ပြီးခဲ့တဲ့ ဩဂုတ်လ၁၈ရက်နေ့က ဘင်္ဂလားဒေ့ရှ်အမျိုးသားတစ်ဦးဟာ မလေးရှားနိုင်ငံသို့ ထူးထူးခြားခြားနည်းနဲ့ Tebrau ရေလက်ကြားကိုဖြတ်ကူးကာဝင်ရောက်ဖို့ကြိုးစားခဲ့ပါတယ်။ အသက်၃၅နှစ်အရွယ်ရှိတဲ့ထိုအမျိုးသားဟာ အရှည်၃၅ကီလိုမီတာရှိတဲ့ နှစ်နိုင်ငံကိုနယ်နမိတ်ပိုင်းခြားထားတဲ့ထိုရေလက်ကြားကနေမလေးရှားနိုင်ငံကိုခိုးဝင်ဖို့ကြိုးစားခဲ့ကြောင်း စင်ကာပူလူဝင်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဂိတ်အာဏာပိုင် (အိုင်စီအေ) ရဲ့တရားဝင်ဖေ့ဘွတ်စာမျက်နှာမှာဖော်ပြခဲ့ပါတယ်။သူ့ရဲ့ကြိုးစားအားထုတ်မှုကို တော့Woodlands စစ်ဆေးရေးဂိတ်မှရဲများကတားဆီးနိုင်ခဲ့ကြပါတယ်။ အိုင်စီအေရဲ့ကနဦးစုံစမ်းစစ်ဆေးမှုတွင်ဖော်ပြချက်အရ ထိုအမျိုးသားဟာစင်ကာပူနိုင်ငံအတွင်းရဲ့များနဲ့ဖြစ်ပွားခဲ့သောပဋိပက္ခမှာပါဝင်ပက်သက်မှုရှိနေတယ်လို့သိရပါတယ်။ဒါကြောင့်မို့သူဟာမရရတဲ့နည်းလမ်းနဲ့စင်ကာပူနိုင်ငံကနေအပူတပြင်းထွက်ခွာချင်နေတာလည်းဖြစ်ပါတယ်။စင်ကာပူလူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ (အခန်း ၁၃၃) အရထိုကဲသို့နိုင်ငံမှတရားမဝင်ထွက်ခွာခြင်းဟာ ဒဏ်ငွေ ဒေါ်လာ၂၀၀၀ဖြစ်စေထောင်ဒဏ်၆လဖြစ်စေဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ်ကျခံရမှာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့စင်ကာပူနဲ့မလေးရှာနိုင်ငံကြားမှာခရီးသွားလာတာကိုခွင့်ပြုထားပေမယ့် အသေးစိတ်လိုအပ်ချက်တွေနဲ့တားမြစ်ချက်တွေများစွာတင်ပြနိုင်မှရမှာဖြစ်ပါတယ်။မလေးရှားနဲ့စင်ကာပူနိုင်ငံမှာရှိတဲ့နယ်စပ်စစ်ဆေးရေးဂိတ်တွေဟာလည်းယခုအချိန်မှာပိုပြီးအဝင်အထွက်တွေကိုသေချာစောင့်ကြည့်စစ်ဆေးနေကြတာပါ။ ဘာကြောင့်ဆိုတရားမဝင်ဝင်ရောက်လာမှုတွေဟာနိုင်ငံရဲ့လုံခြုံရေးကိုခြိမ်းခြောက်ယုံတင်မကဘဲကိုဗစ်၁၉ကူးစက်ပြန့်ပွားမှုတွေကိုလည်းခြိမ်းခြောက်လာနိုင်ပါတယ်။ထိုအမျိုးသားကတော့ […]

ခေါင်းပေါ်ကို ကြောင်ပြုတ်ကျလာတာကြောင့် သတိလစ်ပြီး ဆေးရုံ၂၃ရက်တက်လိုက်ရတဲ့အမျိုးသား

August 19, 2020 Software Kaber 0

တရုတ်နိုင်ငံမှအဖိုးကြီးတစ်ဦးဟာသူ့ရဲ့ခွေးနဲ့အတူလမ်းလျောက်ထွက်ရင်းထူးထူးဆန်းဆန်းနဲ့ကံဆိုးတဲ့အဖြစ်ကိုကြုံလိုက်ရပါတယ်။ Gao Fenghuaလို့အမည်ရတဲ့ ထိုအဖိုးအိုဟာHeilongjiang ပြည်နယ်အတွင်းကစီရင်စုတစ်ခုရဲ့ လူသွားစင်္ကြန်အပေါ်မှာ သူ့ရဲ့ရွှေရောင်ခွေးလေးနဲ့အတူလမ်းလျောက်ထွက်လာခဲ့ပါတယ်။ ထိုသို့လမ်းလျောက်နေတဲ့အချိန်အတွင်းကြောင်တစ်ကောင်ရဲ့ထိုအဖိုးအိုရဲ့ခေါင်းအပေါ်ကိုကျလာခဲ့ပါတယ်။လုံခြုံရေးကင်မရာမှမြင်ရတဲ့မှတ်တမ်းအရသူ့ရဲ့ခေါင်းပေါ်ကိုကြောင်ကျလာပြီးနောက်သူဟာမြေပြင်သို့ပျော့ခွေကာလဲကျသွားခဲ့ပါတယ်။ထိုအချိန်မှာသူ့ရဲ့ခွေးလေးကတော့စင်္ကြန်ဘေးနားကမြက်ခင်းပေါ်မှာရှိနေခဲ့ပြီး ခဏကြာပြီးနောက်မှာတော့သူ့ရဲ့သခင်ကိုလာရောက်ကြည့်ရှုစစ်ဆေးနေခဲ့ပါတယ်။ထို့နောက်သူဟာကြောင်တစ်ကောင်အဆောက်အဦးရဲ့ဝင်ပေါက်နားမှာရှိနေတာကိုသတိပြုမိသွားပြီးချဉ်းကပ်သွားပြီးကြောင်နဲ့တိုက်ခိုက်နေခဲ့ပါတယ်။ ထို့နောက်လမ်းသံားလမ်းလာများကလဲကျနေတဲ့အဖိုးကိုနားကိုအုံပြီးရောက်လာကြပါတယ်။The Sun သတင်းဌာနရဲ့ဖော်ပြချက်အရ အဖိုးအိုဟာဆေးရုံး၂၃ရက်တက်ခဲ့ရပြီး နည်းနည်းပြန်သက်သာလာချိန်မှာတောင်လည်းပင်းအစွတ်ကိုဝတ်ဆင်ထားတာကိုတွေ့ရပါတယ်။အဖိုးအိုရဲ့ပြောပြချက်အရယခုအချိန်ထိဆေးကုသမှုခံယူနေရဆဲဖြစ်တယ်လို့သိရပါတယ်။ဖော်ပြချက်များအရထိုကြောင်ဟာအဖိုးအိုရဲ့အိမ်နီးချင်းတစ်ဦးရဲ့ကြောင်ဖြစ်ကာ သူ့အိမ်ရဲ့လသာဆောင်ကနေပြုတ်ကျလာတာဖြစ်ပါတယ်။ ထိုအိမ်နီးချင်းရဲ့နာမည်ကတော့ Yu ဖြစ်ပြီးသူဟာသူ့ကြောင်ပျောက်နေတာကိုမသိခဲ့ဘဲ အခြားသူတွေကလသာဆောင်ကပြုတ်ကျလာကြောင်းအသိပေးတဲ့အခါမှာသာသူသိခဲ့ရတယ်လို့ဆိုပါတယ်။သူ့အနေနဲ့ စီစီတီဗီကိုပြန်ကြည့်တဲ့အခါမယုံနိုင်လောက်အောင်အံ့ဩသွားခဲ့ပြီး ရဲတွေကသူ့ရဲကြောင်ကိုသေချာပြန်ထိန်းသိမ်းဖို့သတိပေးခဲ့ပါတယ်။သတင်းတွေရဲ့ဖော်ပြချက်အရ Gao နဲ့ Yu ဟာလျော်ကြေးကိစ္စတွေအတွက်ညှိနှိုင်းနေကြတယ်လို့ဆိုပါတယ်။