သင့်လမ်းလျှောက်ပုံကဖော်ပြပေးမယ့်သင့်ရဲ့အကြောင်း

May 25, 2021 Software Kaber 0

ကျန်းမာရေးကျွမ်းကျင်သူ Caleb Backe မှ ၂၀၁၇ ခုနှစ်တွင်ပြုလုပ်ခဲ့သည့်လေ့လာမှုတစ်ခုအရလမ်းလျှောက်မြန်နှုန်းနှင့် စတိုင်များကို The Big 5 ၏စရိုက်လက္ခဏာများနှင့်နှိုင်းယှဉ်ခဲ့ပါတယ်။စရိုက် လက္ခဏာများစွာရှိသည့် အနက် သင့်ရဲ့လမ်းလျောက်ပုံဟာ ဘယ်အရာနဲ့တူနေမလဲဆိုတာကိုဆက်၍ဖတ်ကြည့်လိုက်ရအောင်။ (၁)အလုပ်အမှုဆောင် သင်သာအလုပ်အမှုဆောင်တစ် ဦး ဖြစ်ပါကအများအားဖြင့်မြန်ဆန်ပြီးအာရုံစူးစိုက်ပြီး လျင်မြန်စွာလမ်းလျှောက်နိုင်ပါတယ်။ခေါင်းကိုမော့ပြီးယုံကြည်မှုရှိရှိလျှောက်လမ်းကာ သင်၏အကြံအစည်များကို တွေးတောစဉ်းစားလေ့ရှိပါတယ်။ထိုအမှုဆောင်များက ဘေးနားပတ်လည်တွင်ရှိတဲ့လူများကို စိတ်ထဲထားလေ့မရှိပဲ မကြာခဏဆိုသလို […]

လောကကြီးမှာမေတ္တာတရားနှင့်သနားကြင်နာမှုတွေများစွာရှိနေတယ်ဆိုတာကိုသက်သေပြနေတဲ့ဓာတ်ပုံများ

October 1, 2020 Software Kaber 0

ယနေ့အချိန်မှာတော့နေစည်ကြားနေရတဲ့သတင်းများစွာဟာ ကောင်းမွန်တဲ့သတင်းတွေချည်းသီးသန့်မဟုတ်ဘဲအဆိုးများစွာလည်းပါဝင်နေတတ်ပါတယ်။ဒါပေမယ့်လို့ကမ္ဘာကြီးဟာဒိလောက်ထိဆိုးရွားတဲ့နေရာတစ်ခုတော့မဟုတ်ပါဘူး။ယနေ့ဆောင်းပါးလေးထဲမှာတော့ကမ္ဘာပေါ်မှာရန်သူချင်းတောင်မှသနားကြင်နာမှု တွေရှိတတ်ကြပြီး လူတွေနဲ့တိရစ္တာန်တွေဟာလည်းမေတ္တာတရားတွေရှိနေသေးကြောင်းကိုဖော်ပြနေတဲ့အကြောင်းအရာဓာတ်ပုံတွေကိုစုစည်းဖော်ပြပေးသွားမှာလည်းဖြစ်ပါတယ်။ (၁)တီဗီကဦးလေးကြီးငိုနေတာကိုမကြည့်ရက်တဲ့ကလေးငယ်လေး (၂)သူတို့ရဲ့သားပေါက်လေးကိုကယ်တင်နေကြတဲ့မိခင်ငှက် (၃)၁၉၂၅ခုနှစ်ဇူလိုင်လကHarry Warnecke လို့အမည်ရတဲ့နယူးယောက်တိုင်းစ်သတင်းဌာနရဲ့ဓာတ်ပုံဆရာတစ်ဦးဟာယာဉ်ထိန်းရဲတစ်ဦးကကြောင်လေးတွေလမ်းဖြတ်ကူးတာကိုကားတားပေးနေပုံအားရိုက်ကူးထားပုံ (၄)ဆားဘီးယားနိုင်ငံမှရေကြီးမှုတစ်ခုမှာကောင်လေးတစ်ယောက်ဟာသူ့ရဲ့ခွေးလေးကိုခေါင်းပေါ်ကိုမြောက်တင်ကာသယ်ဆောင်လာပေးပုံ (၅)မိုးရေထဲမှာဒုက္ခရောက်နေတဲ့မသန်စွမ်းအဖိုအိုအားထီးမိုးပေးနေတဲ့ကောင်မလေးတစ်ဦး (၆)ဂူထဲမှာတွေ့ခဲ့တဲ့ဂျပန်ကလေးမလေးတစ်ဦးအားရေတိုက်နေတဲ့အမေရိကန်စစ်သား(၁၉၄၅ခုနှစ်၊အိုကီနာဝါ၊ဂျပန်) (၇)ကြောင်ပေါက်ကလေးကြည့်နေတဲ့သူ့အမေကြောင်မကြီးအားကယ်တင်ပေးနေတဲ့မီးသတ်သမားတစ်ဦး (၈)ဂျာမန်စစ်သားငယ်လေးရဲ့နာကျင်မှုကိုကုသပေးနေတဲ့အမေရိကန်စစ်သားတစ်ဦး(၁၉၄၄ခုနှစ်) (၉)အိမ်ခြေရာမဲ့တစ်ဦးဟာသူရဲ့ဖိနပ်ကိုချွတ်ပေးခဲ့တဲ့အမျိုးတစ်ဦး၊သူ့ရဲ့လုပ်ရပ်ကြောင့်ထိုအိမ်ခြေယာမဲ့မှာဝမ်းသာပြီးမျက်ရည်တွေပင်ကျခဲ့ (၁၀)လူဖြူလူမဲဆိုတာဘာမှမသိသေးတဲ့ချစ်စရာကလေးငယ်နှစ်ဦး(ကလေးငယ်တိုင်းဟာချစ်ခြင်းတရားတွေအပြည့်နဲ့သာမွေးဖွားလာကြတာပါ။သူတို့ရဲ့နှလုံးသားထဲကိုအမုန်းပင်တွေမစိုက်ပျိုးကြပါနဲ့) (၁၁)သောကြာနေ့တိုင်းအိမ်ယာမဲ့တွေကိုအစားအစာအလကားပေးနေတဲ့နေရာ (၁၂)မီးရထားပေါ်ကမိန်းကလေးတိုင်းကိုပန်းတွေလိုက်ပေးကာစိတ်ညစ်တာတွေကိုခဏတာဖြေဖျောက်ပေးခဲ့သူ (၁၃)ထိုင်းနိုင်ငံကရေကြီးမှုအတွင်းကခွေးကိုကယ်တင်ပေးခဲ့တဲ့အမျိုးသားတစ်ဦး (၁၄)မျှဝေခြင်းဟာအကောင်းဆုံးဂရုစိုက်မှုတစ်ခုပါ (၁၅)သူရဲ့သူငယ်ချင်းသာအရေးတကြီးဖုန်းခေါ်ဖို့လိုအပ်နေခဲ့မယ်ဆိုလျှင်

သင့်ရဲ့အောင်မြင်မှုကိုနှေးကွေးစေနိုင်တဲ့အကြောင်းရင်း(၄)ခု

August 24, 2020 Software Kaber 0

တစ်ရံတစ်ခါမှာကျွန်တော်တို့အနားမှာရှိတဲ့အရာအားလုံးဟာအဓိပ္ပါယ်မဲ့သွားတတ်ပြီး ကျွန်တော်တို့ဘဝဟာလည်းအောက်ဆုံးကိုထိုးကျသွားတတ်ပါတယ်။ထိုအခြေအနေမျိုးမှာအချို့သူများကတော့ အခြားသူများကိုအပြစ်ပုံချလေ့ရှိပြီး အချို့ကတော့ဘယ်သူနဲ့မှအဆက်အသွယ်မလုပ်ဘဲနေတတ်ကြသလိုအချို့သူတွေကတော့ထိုအခက်အခဲတွေကိုကျော်လွှားကာရှေ့ဆက်ဖို့ကြိုးစားတတ်ကြပါတယ်။ ဒီဆောင်းပါးမှာတော့ သင့်ရဲ့ဘဝတိုးတက်ရေးမှာဘယ်အရာတွေကအဟန့်အတားဖြစ်နေလည်းဆိုတဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ (၁)မရေရာတဲ့စိတ်ကူးအိမ်မက်များ ကျွန်တော်တို့တွေဟာစိတ်ကူးအိမ်မက်ရတာတွေကိုနှစ်သက်တတ်ကြပါတယ်။ဒါပေမယ့်အချို့လူတွေမှာတော့ရည်မှန်းချက်ကြီးလှတဲ့စိတ်ကူးအိမ်မက်တွေရှိကြပြီး ထိုအရာတွေဖြစ်လာဖို့ကိုလိုလိုလားလားမရှိဘူးဆိုရင်တော့ စိတ်ကူးအိမ်မက်အဖြစ်သာရှိနေမှာဖြစ်ကာတကယ့်လက်တွေ့ဘဝကိုယူဆောင်လာနိုင်မှာမဟုတ်ဘာဘူး။ထိုသူတွေကတော့သူတို့ရဲ့စိတ်ကူးအိမ်မက်ထဲမှာသာပျော်နေပြီးကံကြမ္မာရဲ့ကြီးမားတဲ့မျက်နှာသာပေးမှုတစ်ခုကိုသာစောင့်နေကာမိမိတို့ရည်မှန်းချက်ပန်းတိုင်အတွက်အားစိုက်ကာကြိုးစားမှုလည်းမရှိပါဘူး။ အကယ်၍သင်ဟာနေရာတစ်ခုထဲမှာအချိန်ကြာရှည်စွာနေနေမယ်ဆိုပါကသင်ရဲ့အောင်မြင်တဲ့မီလီယံနာအိမ်မက်ကလည်းဖြစ်လာဖို့အလွန်အလားအလာနည်းပါးပါတယ်။သင့်ရဲ့အောင်မြင်မှုဘဝကိုရနိုင်ဖို့ဆိုရင်တော့လက်ရှိအောင်မြင်မှုရပ်တန့်နေတဲ့နေရာကိုစွန့်ခွာပြီး သင်တခါမှမလုပ်ဖူးသေတဲ့အရာတွေကိုကြိုးစားကာလုပ်ကိုင်ကြည့်ဖို့အကြံပြုပါတယ်။ (၂)သင့်ရဲ့လုပ်ရပ်အတွက်တာဝန်ရှိတယ်လို့မယူဆခြင်း ဘဝမှာဖြစ်ပျက်နေတဲ့အရာတွေအားလုံးကတော့သင့်ရဲ့အပြစ်တွေကြောင့်မဟုတ်ဘာဘူးဒါပေမယ့်ဒါတွေအားလုံးအပေါ်မှာတော့တာဝန်ယူမှုအပြည့်ရှိရပါမယ်။အခြားသူများကိုအပြစ်တင်တာနဲ့အတားအဆီးတွေကိုအပြစ်တင်နေတာကသင့်ဘဝရဲ့လက်ရှိအခြေအနေတွေကိုလုံးဝပြောင်းလဲပေးနိုင်မှာမဟုတ်ပါဘူး။ ဒီအခြေအနေတွေကိုအပြည့်အဝတာဝန်ယူခြင်းကသာသင့်ရဲ့အနာဂတ်ကိုပိုကောင်းအောင်ဖန်တီးပေးနိုင်မှာပါ။သင့်ရဲ့အမှားကိုဝန်ခံပြီးပြင်ဆင်တတ်ခြင်းကသာသင့်ဘဝအောင်မြင်တိုးတက်ရေးအတွက် ပထမဆုံးနဲ့အရေးပါဆုံးအချက်ဘဲဖြစ်ပါတယ်။ရိုးရှင်းစွာနဲ့တာဝန်ယူမှုအပြည့်အဝထားရှိပြီးသင့်ရဲ့စိတ်ကူးနဲ့အိမ်မက်တွေကိုအကောင်အထည်ဖော်လိုက်ပါ။ (၃)မိမိကိုယ်ကိုလေ့လာစမ်းစစ်မှုအလွန်များနေခြင်း မိမိကိုယ်ကိုလေ့လာစမ်းစစ်တာတွေလွန်ကဲနေခြင်းဟာကိုယ့်ရဲ့ပြဿနာတွေကိုပိုပြီးတော့နက်နဲလာစေပါတယ်။ရလာဒ်အနေနဲ့ကတော့သင့်ရဲ့အားနည်းချက်ပြဿနာတွေကစိတ်ထဲမှာအမြစ်တွယ်လာကာ သင့်ကိုဝမ်းနည်းလာစေပြီ;စိတ်ဓာတ်ကျခြင်းတွေပါဝင်ရောက်လာနိုင်ပါတယ်။ထိုစိတ်ခံစားမှုတွေကြောင့်သင့်ရဲ့အောင်မြင်မှုပန်းတိုင်ဟာလည်းတဖြည်းဖြည်းဝေးကွာသွားနိုင်ပါတယ်။ (၄)လက်တွေ့မကျတဲ့ရည်မှန်းချက်များ သင့်ရဲ့စိတ်ကူးနဲ့ရည်မှန်းချက်တွေကသင့်ကိုအောင်မြင်မှုတစ်ခုအဖြစ်ကိုပြောင်းလဲပေးနိုင်ပြီးဒီရည်မှန်းချက်ကတော့လက်တွေ့ကျဖို့လိုအပ်ပါတယ်။ထိုရည်မှန်းချက်ပန်းတိုငိကိုရောက်ရှိနိုင်ဖို့အတွက် ဘာအရာတွေလိုအပ်လည်း၊ဘာတွေပြင်ဆင်သင့်လည်းအချိန်ဘယ်လောက်ကြာမလဲ၊ဘယ်လောက်ထိဖြစ်နိုင်ချေရှိတာလဲဆိုတဲ့အချက်တွေကိုလည်းနားလည်သဘောက်ပေါက်ဖို့လိုအပ်ပါတယ်။ အကယ်၍သင့်ရည်မှန်းချက်ဟာလက်တွေ့မကျခဲ့ဘူးဆိုပါက ထိုအရာရဲ့ကွဲပြားတဲ့အချက်ကိုရှာဖွေပါပြီးရင်တော့သင့်ရဲ့ရည်မှန်းချက်ကနေလုံးဝထုတ်ပယ်လိုက်ပါ။