အနာထပိဏ်သူဋ္ဌေးကြီး မျက်ရည်ကျခဲ့တဲ့ နောက်ဆုံး နာယူခဲ့ရသည့် တရားတော်

အနာထပိိဏ်သူဋ္ဌေးကြီး မျက်ရည်ကျခဲ့တဲဲ ့နောက်ဆုံးတရားတော်

အနာထပိဏ်သူဋ္ဌေးကြီးဟာ စေတနာသဒ္ဓါအားကောင်းပြီး မြတ်စွာဘုရားကိုဇေတဝန်ကျောင်းဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။

အလှူဒါနပြုရာတွင် နေ့တိုင်းရဟန်းငါးရာကိုအိမ်မှာဆွမ်းကပ်သည့်အပြင် တစ်နေ့ကိုကျောင်းသုံးခေါက်သွားတယ် သွားတိိုင်းလည်းလှူဖွယ်ပစ္စည်းအမြဲပါတယ်။

မနက်ပိုင်းဆို ယာဂု နေ့ခင်းပိုင်းဆို ပန်း ဖယောင်းတိုင် ညနေပိုင်းဆို ရဟန်းများသုံးဆောင်ကောင်းတဲ့ စတုမဓု သကာ ပျားရည်တို့အမြဲပါတယ်။

ဒီလိုအမြဲတမ်းလှူလာလိုက်တာ ၃၈နှစ်လောက်ပြုလုပ်ခဲ့တယ်။ မြတ်စာဘုရားနှင့်တကွ ရှင်သာရိပုတ္တရာ ရှင်မဟာမောဂ္ဂလာန်တို့ကလည်း ဒါနကြောင့်အကျိုးများပုံ ပါရမီထိုက်တဲ့ကုသိုလ်ဖြစ်ကြောင်းပဲဟောကြားခဲ့ရင်း

သူဋ္ဌေးကြီးကျန်းမာရေးချို့ယွင်းလာတယ်

သူ့စိတ်မှာလည်း ဒီဝေဒနာကနေကျော်နိုင်ပုံမရဘူးဆိုပြီး သူ့အခိုင်းစေတစ်ယောက်ကိုစေလွှတ် ဘုရားကိုလျှောက်ပြီး ရှင်သာရိပုတ္တရာကို အိမ်လည်းကြွပေးရန်ပင့်ခိုင်းတယ်။

ရှင်သာရိိပုတ္တနှင့် ရှင်အာနန္ဒာတို့ကြွလာပြီး အကဲခတ်ကြည့်တဲ့အခါ ဒီဝေဒနာကဖြင့်သေမည့်ဝေဒနာပဲဆိုတာသိလို့ အရင်တုန်းကဟောခဲ့တဲ့ ဒါနတရားတွေဟောနေဖို့မသင့်တော်ပြီ နောက်ဆုံးတရားကိုပဲဟောတာအသင့်တော်ဆုံးပဲ

ဒါကြောင့်် အရှင်သာရိပုတ္တက “ဒကာကြီး ကျုပ်တရားဟောမယ် ခန္ဓာပေါ်ဉာဏ်စိုက်ထားပါ ဒကာကြီး မြင်စိတ်ကိုမစွဲလို့ရှိရင် မြင်စိတ်ကြောင့်နောက်ခန္ဓာမလာဘူး နောက်ပီးဒီမြင်စိတ်နဲ့တွဲမည့်ခန္ဓာလည်းမလာဘူး။

ကြားစိိတ်ကိုမစွဲလို့ရှိရင် ကြားစိတ်ကြောင့်နောက်ခန္ဓာမလာဘူး ဒီကြားစိတ်နဲ့တွဲမည့်ခန္ဓာလည်းမလာဘူး။ နံစိိတ်ကိုမစွဲလန်းလို့ရှိရင် နံစိတ်နဲ့ပတ်သက်တဲ့ဝိဉာဏ်မလာပါဘူး

စားတဲ့အခါလျှာပေါ်မှာ ကောင်းမကောင်းခံစားတဲ့ စိတ်ကလေးကိုမစွဲလို့ရှိရင် ဒီစားစိတ်နဲ့ပတ်သက်တဲ့ နောက်ခန္ဓာဝိိဉာဏ်မလာဘူး။

ဒီလိုပဲ ယားစိတ်ယံစိတ် ကောင်းစိတ်တွေနဲ့ပတ်သက်တဲ့ ခန္ဓာမလာဘူး ကြံစည်တွေးတောစိတ် မနောစိတ်ဘယ်စိတ်မဆိုမစွဲလန်းလို့ရှိိရင်လည်း လောဘ ဒေါသ မောဟ အလောဘ အဒေါသ အမောဟမဖြစ်တော့တဲ့အတွက် မနောဝိဉာဏ်နဲ့ပတ်သက်တဲ့ခန္ဓာမလာတော့ဘူး။

မြင်စိိတ်ကိုမစွဲနဲ့ဆိုတာ မြင်တာနဲ့ကောင်းတယ် ဆိုးတယ်ဖြစ်ပြီး လိုချင်တဲ့တဏှာ စွဲလန်းတဲ့ဥကါဒါန်တွေဖြစ်ပြီး ကြိုးပမ်းအားထုတ်တဲ့ ကမ္မဘဝထပ်လိုက်လာတယ်။ ဒါဖြင့်ကမ္မဘဝပစ္စယာဇာတိဆိုတဲ့ နောက်မြင်တဲ့စိတ်နဲ့တွဲလာတဲ့ ဇာတိခန္ဓာကြီးပြန်ရပြန်တယ်။

ဇာတိဖြစ်တာနဲ့ ဇရာ မရဏ သောက ပရိဒေဝ ဆိုတာတွေတဖန်လည်လာပြန်တယ်။

မစွဲနဲ့ဆိုတာ ဒီတိိုင်းကြည့်နေဖို့မဟုတ်ဖူး ဒီစိတ်ကလေးတွေကို အနိစ္စရှူဖို့ပဲ ဒီမြင်စိတ်ကိုအနိစ္စရှုတော့ တဏှာ ဥပါဒါန်မဆက်လို့ မြင်တယ် လိုချင်တယ် စွဲလန်းတယ်ဆိုတာမလာတော့ဘူး မြင်တဲ့အပေါ်မှာ မြင်စိတ်လို့သိလိုက်ပြီးဖြစ် ပျက်ရှုတဲ့အခါ လိုချင်စွဲလန်းတာမလာပဲဉာဏ်လိုက်လာတယ်

ဒါ၀ိိပဿနာဉာဏ်ပဲ ဉာဏ်လိုက်တော့ တဏှာ ဥပါဒါန်လိုက်ခွင့်မရလို့ ကံဖြတ်ချလိုက်တာပဲ ကံပြတ်တော့ ၀ိပါက်အကျိုးပေးတွေလာခွင့်မရတော့ဘူး။ ဒီကံဖြတ်တဲ့အလုပ်ကသိပ်အရေးကြီးတာ ကံမပြတ်သ၍ ဒါနကြောင့် နတ်ပြည်အကျိုးပေးလည်း ဇာတိ ဇ မရဏမလွတ်တဲ့အတွက်

ဒုက္ခသစ္စာချည်းလာနေတာပဲ။ မြင်စိတ်ကိုငါမြင်တယ်ဆိုတာနဲ့ ၀ိဉာဏ်ကိုငါထင်ပြီး ဒိဋ္ဌိကပ်လာပြန်တယ်”

ဒါနဲ့ သူဋ္ဌေးကြီးက ၀ိိနညာဉ်ချုပ်ကာနီးမှာ “အရှင်ဘုရားတို့ တပည့်တော်ကတော့ ဒီဝေဒနာနဲ့ပဲသေမှာပါ ဒါပေမဲ့ဒီတရားမျိုးကို ကျန်တဲ့သူတွေကိုဟောရစ်ပါလို့မှာကြားပြီး မျက်ရည်တွေကျနေတဲ့အခါ

အရှင်အာနန္ဒာက “ဒကာကြီး ဒကာကြီးမှာချမ်းသာတဲ့ပစ္စည်းတွေရော သားသမီးတွေရောစွန့်ရမှာကြောက်လို့မျက်ရည်ကျတယ်ထင်ပါရဲ့

” ပြောတဲ့အခါ ” အရှင်ဘုရားဒီလိုတော့မပြောနဲ့ ဒါတွေမစွဲလန်းပါဘူး အကဲခတ်မလွဲပါနဲ့ တပည့်တော်မျက်ရည်ကျတာဟာ ဘုရားနဲ့တကွအရှင်ဘုရားတိို့နဲ့နှစ်ပေါင်းများစွာနေခဲ့ရပေမဲ့

ဒီလိုနိိဗ္ဗာန်ပေါက်တရားမျိုးမနာခဲ့ရဖူး ရဟန္တာဖြစ်မဲ့တရားဆိုတာတပည့်တော်ရိပ်မိတော့မှ နှစ်ပေါင်းများစွာဆရာသမားတွေကိုးကွယ်ပါလျက်် ဒီလောက်မွန်မြတ်တဲ့တရားကိုခုမှနာရတာဝမ်းနည်းလို့ပါ”

ရှင်သာရိပုတ္တရာက “ဒီတရားကိုမဟောချင်လို့မဟုတ်ဘူး လူတွေမှာကသားစွဲလန်း သမီးစွဲလန်း ပစ္စည်းစွဲလန်းနဲ့အမိုက်ထူနေတော့ရင့်ကျက်လာတဲ့အချ်န်မရောက်သေးရင်တော့

ဘယ်ပုဂ္ဂိုလ်မှ အသိဉာဏ်ပွင့်လင်းလာမှာမဟုတ်လို့ပါ တရားကိုထောင်နိုင်တဲ့နားရှိမှဖြစ်မှာပါ။”

မိုးကုတ်ဆရာတော်ဘုရားကြီးတရားတော်မှအကျဉ်းမျှပူဇော်ပါသည်။

ဓမ္မ သုတ

Be the first to comment

Leave a Reply

Your email address will not be published.


*