တလောက တူးဖော်ရရှိတဲ့ ရပ်တော်မူဘုရားကို ဓမ္မာရုံမှာ ပူဇော်ခံထားလိုက်ပါပြီ…

တောင်သာမြို့နယ်၊ သာယာအေးကျေးရွာတွင် လွန်ခဲ့သော(၂)ရက်ခန့်က ဦးအောင်တင်ဝင်းပိုင်
ဝန်းခြံထဲတွင်မြေတူးရာမှသစ်သားဘုရားရပ်တော်မူဆင်းတုတော် တူးဖော်တွေ့ရှိခဲ့တဲ့ သတင်းဖတ်ဖူးမှာပါနော်…..

အဆိုပါ သစ်သားဘုရားရပ်တော်မူဆင်းတုတော်မှာလွန်ခဲ့သောနှစ်ပေါင်း (၁၅၀)ကျော်
ရတနာပုံခေတ်ဦးက လို့ သိရပါတယ်….

ဉာဏ်တော် ၆ ပေ ၆ လက်မအမြင့်ရှိ” ဝရဒမုဒြာ”ရပ်တော်မူဘုရား သစ်သား ဆင်းတုတော်တစ်ဆူဖြစ်ကြောင်း သိရပြီး
ရွာလယ်ဓမ္မာရုံတွင်ပူဇော်ခံထားရှိကြောင်း သတင်းရရှိသည်။

ဒါကြောင့် ပရိသတ်ကြီးတို့ ကိုယ်တိုင်သွားဖူးနိုင်သလို မဖူးမြော်နိုင်သူတွေအတွက်လည်း ပုံလေးတွေမျှဝေလိုက်ပါတယ်နော်…
ရှေးဟောင်းဘုရားကို ဖူးမြော်ရင်း ကျန်းမာချမ်းသာ ဆုတောင်းပြည့်ကြပါစေနော်…

Writer ; Kwee (Jeeptoolay)
Source ; IPRD Taungthar

ZawGyi





Source ; IPRD Taungthar

Be the first to comment

Leave a Reply

Your email address will not be published.


*