လူသားတွေဟာနောင်နှစ်ပေါင်းနှစ်ရာအတွင်းတခြားဂြိုလ်တွေရဲ့ မျိုးစိတ်တစ်ခု ဖြစ်လာနိုင်ကြောင်း ရူပဗေဒပညာရှင်များခန့်မှန်း

ကျွန်ုပ်တို့ လူသားမျိုးစိတ်ဟာ လူ့သမိုင်းတစ်လျှောက်မှာ အချက်အချာကျပြီး အရေးကြီး အချိန်နဲ့ ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့ ဂြိုလ်ကနေ စိမ့်ထွက်နေတဲ့စွမ်းအင်တွေကို ဘေးကင်းစွာ ထိန်းချုပ်ဖို့ နည်းပညာကို တီထွင်ရင်တီထွင် မဟုတ်ရင်တော့ ကျွန်ုပ်တို့ကိုယ်တိုင် ရုတ်တရက်ကျရောက်လာမယ့် ကပ်ဆိုးထဲမှာ ပိတ်မိနေလိမ့်မယ်လို့ စက်ခ် လေ့လာမှုအသစ်တစ်ခုက ဆိုထားပါတယ်
ဒါပေမယ့် နောက်ထပ်လေ့လာမှုအသစ်တစ်ခုကတော့ ကျွန်ုပ်တို့အနေနဲ့ အကျိုးကို ရအောင်ယူနိုင်ပြီး အပြစ်ကို ရှောင်တိမ်းနိုင်မယ်ဆိုရင် နှစ်ပေါင်း ၂၀၀ အတွင်းမှာ ဂြိုလ်တွေကြားထဲမှာ အမှန်အကန်ရပ်တည်နေတဲ့ မျိုးစိတ်တစ်ခုဖြစ်လာနိုင်မယ်လို့ ဆိုထားပါတယ်

credit

နာဆာရဲ့ လေ့လာရေး ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဂျိုနသန် ဂျင်းကတော့ ” ကမ္ဘာမြေကြီးဟာ အမှောင်ထုက ဝန်းရံထားတဲ့ အမည်းစက်သေးလေးတစ်ခုသာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ လက်ရှိလေ့လာနေတဲ့ ရူပဗေဒပညာရပ်ကနေ ကျွန်တော်တို့ဟာ ဒီသေးငယ်တဲ့ ကျောက်တုံးလေးထဲမှာ ကန့်သတ်ထားတဲ့ အရင်းအမြစ်တွေနဲ့ ပိတ်မိနေတယ်လို့ပြောပြနေပါတယ် ” လို့ ဆိုထားပါတယ်
ဒီဂြိုလ်ကနေ ကောင်းကျိုးအတွက် ထွက်ခွာဖို့ဆိုရင် လူသားတွေဟာ နျူကလီးယားနဲ့ ပြန်လည်အသုံးပြုလို့ရမယ့် စွမ်းအင် အသုံးချမှုကို အင်တိုက်အားတိုက် တိုးမြှင့်သင့်ပြီး တစ်ဖက်မှာလည်း ဒီစွမ်းအင်တွေကို အဖျက်အမှောင့်အတွက် အသုံးချခြင်းရန်ကနေ ကာကွယ်သင့်ပါတယ်
နောက်ဆယ်စုနှစ် တစ်စုစာလောက်ဆိုရင်တော့ သက်သေပြလာနိုင်မှာပါ
လူသားမျိုးနွယ်တွေဟာ လောင်စာဆီအသုံးပြုခြင်းကနေ ကူးပြောင်းလာနိုင်ရင် ဒါဟာ အားသာချက်တစ်ခုဖြစ်လာနိုင်တယ်လို့ လေ့လာမှုတစ်ခုက အကြံပြုထားပါတယ်

credit photo

ကာဒါရှက်ဗ်ရဲ့ တိုင်းတာမှု

၁၉၆၄ ခုနှစ်မှာ ဆိုဗီယက် နက္ခတဗေဒပညာရှင် နီကိုလိုင် ကာဒါရှက်ဗ်ဟာ တိုင်းတာမှု မူကြမ်းတစ်ခုကို တင်ပြခဲ့ပြီး နောက်ပိုင်းမှာတော့ ကားလ် ဆာဂန်က အဆင့်မြှင့်တင်ခဲ့ပါတယ်
သူ့ရဲ့ တိုင်းတာမှုကတော့ အသိဉာဏ်ရှိတဲ့ မျိုးစိတ်တစ်ခုရဲ့ နည်းပညာနဲ့ပတ်သက်တဲ့ လုပ်နိုင်စွမ်းကို ခန့်မှန်းတာပါ
ဒါတွေအားလုံးဟာ မျိုးစိတ်တစ်ခုအနေနဲ့ သူ့ရဲ့ ရည်ရွယ်ချက်အတွက် (ဥပမာ- စကြ၀ဌာကိုရှာဖွေဖို့ ဒါမှမဟုတ် ဗီဒီယိုဂိမ်းကစားတာတို့ ပေါ့) စွမ်းအင်ဘယ်လောက်အသုံးချလဲ ဆိုတာကို တိုင်းတာမှုပါ

credit photo

 

ကာဒါရှက်ဗ် အမျိုးအစား

(၁) လူနေမှုအဆင့်အတန်း
ဥပမာ မျိုးစိတ်တစ်ခုရဲ့ အမိဂြိုလ်ကနေ ရနိုင်သမျှစွမ်းအားအရင်းအမြစ်အားလုံကနေ စွမ်းအင်ကို ယူပြီး သုံးမယ် ပြီးတော့ သူ့ပေါ် ကျရောက်နေတဲ့ စွမ်းအင်တွေကိုလည်းယူသုံးမယ်
ဥပမာ ကမ္ဘာအတွက်ဆို ၁၀^၁၆ ဝပ် နီးပါးဝန်းကျင်ရှိပါမယ်

အဆင့် (၂) လူနေမှုအဆင့်အတန်းကတော့ စွမ်းအင်ရဲ့ ဆယ်ဆကို သုံးစွဲပြီး ကြယ်တစ်လုံးစား စွမ်းအင်ပမာဏကို အပြည့်အ၀အသုံးချနိုင်မယ်

အဆင့် (၃) ကတော့ မျိုးစိတ်တစ်ခုဟာ စကြ၀ဌာတစ်ခုလုံးမှာရှိတဲ့ စွမ်းအင်အများစုကို အသုံးချနိုင်မှာဖြစ်တယ်
ပြောစရာမလိုအောင်ကိုပါပဲ လူသားမျိုးစိတ်ကတော့ အဆင့် (၁) နေထိုင်မှုပုံစံအောက်မှာပဲ ရှိနေပြီး ကျွန်တော်တို့ရဲ့ စွမ်းအင်သုံးစွဲမှုက နှစ်တိုင်း ကြီးမားလာပါတယ်။ ဒီလိုသုံးစွဲလာရာက ကာဗွန်နဲ့ မီးခိုးတွေ ထွက်လာတာကြောင့် ကျွန်ုပ်တို့ ကမ္ဘာမြေကြီးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာခဲ့ပါတယ်

credit photo

အရေးကြီးတဲ့ စစ်ထုတ်ခြင်း

စွမ်းအင် အသုံးပြုမှုများလာတာကြောင့် ဖြစ်ပေါ်လာတဲ့ အန္တရာယ်တွေက သိပ္ပံပညာရှင်တွေ ဘာကြောင့် ဂြိုလ်သားတွေရဲ့အဆင့်မြင့် လူနေမှုပုံစံကို ရှာမတွေ့ရတာလဲဆိုတာကို ရှင်းပြနိုင်ပါတယ်။
ကမ္ဘာကြီးက အရမ်းမထူးခြားနေပါဘူး ။ပြီးတော့ နဂါးငွေ့တန်းကြီး တည်ရှိနေတာလည်း ဘီလီယျံနဲ့ ချီနေပါပြီ ဒါကြောင့် တစ်နေရာရာမှာတော့ အဆင့် (၃) လူနေမှုအဆင့်ကို ရောက်ရှိပြီး စကြ၀ဌာကြီးကိုရှာဖွေနေတဲ့သူ တစ်ယောက်ယောက်တော့ ရှိနေမှာပါ
ဒါပေမယ့် အခုလက်ရှိအချိန်ထိ ပြောနိုင်သေးတာကတော့ ကျွန်တော်တို့လူသားမျိုးနွယ်တွေဟာ တစ်စုထဲရှိနေတုန်းပါပဲ ။တချို့သော ဖြစ်စဉ်တွေက လူနေမှုအဆင့်ကို ထပ်ပြီး မတိုးမြှင့်ခင်မှာ ဖယ်ရှားခံလိုက်ရတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒီဖြစ်စဉ်တော်တော်များများကို ” အရေးကြီးတဲ့ စစ်ထုတ်ခြင်း ” လို့ခေါ်ပြီး ကိုယ့်မျိုးစိတ်ကို ကိုယ်တိုင်ဖျက်ဆီးတဲ့ ပုံစံအမျိုးမျိုးဖြစ်ပါတယ်
တကယ်ပဲ ကျွန်ုပ်တို့မှာ ကိုယ်တိုင် ဖျက်စီးနိုင်တယ့်အစွမ်းရှိပါတယ်။ အခုဆို တချို့သော နိုင်ငံတွေမှာ ဂြိုလ်ပေါ်က လူသားအားလုံးကို တစ်ယောက်မကျန် ရှင်းထုတ်ပစ်နိုင်တယ့် နျူကလီးယားလက်နက်တွေပိုင်ဆိုင်နေပြီး ဖြစ်ပါတယ်

credit photo

ဒါကြောင့် ဂြိုလ်တစ်ဂြိုလ်ထပ်ပိုပြီး လူသားတွေနေနိုင်မယ်ဆိုရင် ဒါဟာ မျိုးသုဉ်းခြင်းကို ကာကွယ်ပေးနိုင်မယ့် အဟန့်အတားပါပဲ ဒါပေမယ့် ဒီလို ဂြိုလ်တွေ မှာ အခြေချနေထိုင်ဖို့ဆိုရင် ခဏတာအတွက်တင်မဟုတ်ဘူး ရေရှည်​ မြို့တွေကို ထိန်းသိမ်းလည်ပတ်နိုင်ဖို့အတွက် စွမ်းအင် အမြောက်အမြား လိုအပ်မှာပဲဖြစ်ပါတယ်
ဂျင်းနဲ့ သူ့အဖွဲ့ဟာ အဆင့် (၁) အခြေအနေကို လေ့လာဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေကိုရှာခဲ့ပါတယ် ။မကြာခင်မှာပဲ လူသားမျိုးနွယ်တွေဟာ စွမ်းအင် အသုံးချမှုတွေကို နျူကလီးယားနဲ့ ပြန်လည်အသုံးပြုနိုင်တဲ့ ပုံစံအဖြစ် မြန်မြန်မပြောင်းလဲဘူးဆိုရင်တော့ ကျွန်ုပ်တို့ရဲ့ နေထိုင်ရာ ကမ္ဘာကြီးကို အများကြီး ထိခိုက်စေနိုင်ပြီး ကာဒါရှက်ဗ် တိုင်းတာမှုကိုလည်း ဆက်လက် မြင့်တက်စေမှာဖြစ်ပါတယ်
နှစ်တိုင်းနျူနဲ့ ပြန်လည်သုံးပြုနိုင်တဲ့ စွမ်းအင်အသုံးချမှုဟာ ၂.၅ ရာခိုင်မှုန်း မြင့်တက်လာတယ်လို့ လေ့လာမှုတွေက ယူဆထားပြီး နောင်နှစ် ၃၀-၄၀လောက်ဆို ဒီလိုစွမ်းအင်သုံးစွဲမှုတွေနဲ့ လောင်စာဆီသုံးစွဲမှုတွေကို ငြိမ်ငြိမ်လေး အစားထိုးနိုင်တော့မှာပါ
နျူစွမ်းအင်နဲ့ ပြန်လည် အသုံးပြုလို့ ရတဲ့ စွမ်းအင်အရင်းအမြစ်တွေဟာ ကမ္ဘာမြေကြီးကို မထိခိုက်စေဘဲ လုံလောက်တဲ့ စွမ်းအင်ကို ထုတ်လုပ်နိုင်စွမ်းရှိပါတယ်
နျူကလီယား စွန့်ပစ်ပစ္စည်းတွေကို ကိုင်တွယ်နိုင်မယ့် ဘေးကင်းတယ့်နည်းလမ်းတွေကို ရှာဖွေသင့်ပြီး ဘယ်လိုကပ်ဆိုးကိုမှ ဖြစ်မလာအောင် စွမ်းအင်ကို ထိန်းချုပ်နိုင်မယ့် စွမ်းရည်ကို တိုးမြှင့်ရမယ့်လို ယူဆပါတယ် ကျွန်ုပ်တို့သာ ဒီလမ်းကြောင်းကို ဆက်ပြီး ထိန်းသိမ်းထားနိုင်မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ မျိုးစိတ်တွေကို နောက် နှစ်ရာချီ ကာကွယ်ပေးနိုင်မယ့် အလားအလာ ရှိပြီး အခြေအနေတစ်ခုကိုလည်း ဖန်တီးပေးနိုင်မှာပါ

Be the first to comment

Leave a Reply

Your email address will not be published.


*