ယူရေးနပ်စ် နဲ့ နတ်ပ်ကျွန်း ဂြိုလ်နှစ်လုံး ဘာကြောင့် အရောင်ကွဲပြားရတာလဲ ….

အခုဆိုရင် နက္ခတ်ဗေဒပညာရှင်တွေဟာ ယူရေးနပ်စ်နဲ့ နတ်ပ်ကျွန်း ဂြိုလ်တွေ ဘာကြောင့် အရောင်ကွဲပြားရလဲဆိုတာကို နားလည်နိုင်ပါပြီ။ နာဆာရဲ့ အနီအောက် တယ်လီစကုပ် ဂျမ်မီနီ နော့သ် တယ်လီစကုပ် ဟက်ဘယ်လ် အာကာသ တယ်လီစကုပ် တွေက တွေ့ရှိမှုတွေကို အသုံးချပြီး သုတေသနပညာရှင်တွေက ဂြိုလ်နှစ်ခုလုံးရဲ့  တွေ့ရှိချက်တွေနဲ့ ကိုက်ညီတဲ့ လေထုတစ်ခုပုံစံကို ဖန်တီးခဲ့ပါတယ် ။

credit image

နတ်ပ်ကျွန်းနဲ့ ယူရေးနပ်စ်တို့ဟာ တူညီချက်တွေများပါတယ် – သူတို့ဟာ အရွယ်အစား ထုထည် လေထုဖွဲ့စည်းပုံ တူညီနေကြတာတောင်မှ သူတို့ရဲ့ ပုံသဏ္ဍာန်က သိသိသာသာ ကွဲပြားလှပါတယ်။  မျက်စိနဲ့မြင်နိုင်တဲ့ လှိုင်းအရှည် ရှိတဲ့ နတ်ပ်ကျွန်းဟာ အပြာရောင်တောက်တောက် ရှိပြီး ယူရေးနပ်စ်ကတော့ စိမ်းပြာဖျော့ဖျော့ အရောင်ရှိပါတယ်

နက္ခတ်ဗေဒပညာရှင်တွေက သူတို့ နှစ်လုံးရဲ့ အရောင်ကွဲပြားပုံကို လေ့လာခဲ့ကြပါတယ်

credit photo

ဂြိုလ်နှစ်ခုလုံးပေါ်မှာ တည်ရှိနေတဲ့ သိပ်သည်းတဲ့ အခိုးအငွေ့အလွှာဟာ နတ်ပ်ကျွန်းထက်စာရင် ယူရေးနပ်စ်ပေါ်မှာ ပိုပြီး ထူထပ်ပါတယ်။ ဒါကြောင့် ယူရေးနပ်စ်က နတ်ပ်ကျွန်းထက် ပိုပြီး အရောင်ဖျော့တာပါ ။သူတို့ နှစ်လုံးအပေါ်မှာ လေထုသာမရှိရင်တော့ ဂြိုလ်နှစ်လုံးလုံးက အပြာရောင် အတူတူနီးပါးလောက်ကို ဖြစ်နေမှာပါ

ဒီနောက်ဆုံးကောက်ချက်ချမှုကတော့ အောက်စဖို့ဒ် တက္ကသိုလ်ရဲ့ ဂြိုလ်တွေကို လေ့လာတဲ့ ရူပဗေဒ ပရော်ဖက်ဆာ ပတ်ထရစ် အိုင်ဝင်း ဦးဆောင်တဲ့ အင်တာနေရှင်နယ် အဖွဲ့က ဖန်တီးထုတ်လုပ်ထားတဲ့ ပုံစံငယ် သုံးက နေ ရရှိခဲ့တာဖြစ်ပါတယ်

အဲဒီပုံစံငယ်မှာဆိုရင် လေထုအလွှာ သုံးလွှာကို မတူညီတဲ့ အမြင့်ပေနဲ့ ပါဝင်ဖွဲ့စည်းထားပါတယ်။ အဓိကအလွှာကတော့ အလယ်လွှာ ဖြစ်ပြီး မြူမှုန်လေးတွေ ပါဝင်ဖွဲ့စည်းထားပါတယ်။ ဒီအလွှာဟာ ရှေ့မှာ ပြောခဲ့သလိုပဲ ယူရေးနပ်စ်မှာ ပိုထူပါတယ်။

credit photo

ထိုအဖွဲ့က ဂြိုလ်နှစ်ခုလုံးမှာ မီသိန်းရေခဲတွေ  ဒီအလွှာမှာ အမှုန်အဖြစ် သိပ်သည်းဆရှိနေတယ်လို့ သံသယဝင်ခဲ့ပါတယ် ။ ဒါက အမှုန်တွေကို လေထုအတွင်းထဲထိ ဆွဲချသွားစေပြီး မီသိန်း စနိုး (နှင်း) ကို ကျလာစေတယ်။နတ်ပ်ကျွန်းက ယူရေးနပ်စ်ထက်ပိုပြီး ပြင်းထန်တဲ့ လေထုရှိပါတယ်။ ဒါကြောင့်ပဲ နတ်ပ်ကျွန်းက မီသိန်း အမှုန်တွေကို အခိုးအငွေ့အဖြစ် ဖြိုခွဲပြီး နှင်းအဖြစ် ထုတ်လုပ်ပေးပါတယ်။ ဒီဖြစ်စဉ်က မြူမှုန်တွေအများအပြားကို ဖယ်ထုတ်ပေးပြီး နတ်ပ်ကျွန်းရဲ့ အခိုးအငွေ့လွှာကို ပါးလွှာအောင် ပြုလုပ်ပေးတာကြောင့် နတ်ပ်ကျွန်းရဲ့ အပြာရောင်က ပိုတောက်ပတာ ဖြစ်ပါတယ်။

credit photo

ဒါ့အပြင် ပုံစံငယ်ဟာ ယူရေးနပ်စ်မှာ မြင်ရခဲပြီး ရံဖန်ရံခါ နတ်ပ်ကျွန်းမှာ မြင်တွေ့ရတဲ့ အမည်းစက်လေးကိုလည်း ရှင်းပြဖို့ ကူညီပေးပါတယ်။ နက္ခတ်ဗေဒပညာရှင်တွေက ဒီဂြိုလ်နှစ်လုံးရဲ့ လေထုမှာ အမည်းစက်လေးတွေမြင်ရတတ်တာ သိပေမယ့်လည်း ဘယ်အလွှာကမှန်း မသိခဲ့ကြပါဘူး ။  အခုဆိုရင်တော့ သူတို့ရဲ့ သုတေသနကနေ သူတို့ ပုံစံငယ်ရဲ့ အနက်ဆုံးအလွှာက မည်းမှောင်မှုဟာ နတ်ပ်ကျွန်းမှာ မြင်ရတဲ့ အမည်းစက်တွေနဲ့ တူတဲ့အရာကို ထုတ်လုပ်နိုင်မှန်း သိရှိခဲ့ရပါတယ်

ကဲ အခုဆိုရင်တော့ စာဖတ်သူပရိသတ်ကြီးတို့လည်း နတ်ပ်ကျွန်း နဲ့ ယူရေးနပ်စ် ဘာလို့ အရောင်ကွာခြားရလဲဆိုတာ အကြမ်းဖျဉ်း သဘောပေါက်နားလည်နိုင်ဖို့ မျှော်လင့်ရင်း ဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါရစေ …

Be the first to comment

Leave a Reply

Your email address will not be published.


*