ဂြိုလ်သားတွေနဲ့ နောက်ထပ် နှစ်လေးသိန်းလောက်ထိကို ဆက်သွယ်လို့ မရနိုင်သေးဘူးလို့သုတေသနတစ်ခုကဆို

နက္ခတရူပ ဂျာနယ်မှာ ဖော်ပြထားတဲ့ ပေကျင်း တက္ကသိုလ်မှ ပညာရှင် ဝမ်ကျဲဆုန်းနဲ့ ဟဲကောင်း တို့က ဂြိုလ်သားလေ့လာမှုကို ပြင်ဆင်ထားခဲ့ပါတယ်။
အဲဒီလေ့လာမှုက ဘာဖြစ်မလဲ ….
ဒီစကြ၀ဌာကြီးထဲမှာ သက်ရှိဆိုလို့ ကျွန်ုပ်တို့ပဲ တည်ရှိနေတာလား ….
ဒီမေးခွန်းကတော့ ရိုးရှင်းပေမယ့် စကြ၀ဌာကြီးထဲမှာ ပျံ့နှံ့နေတဲ့ ကမ္ဘာဂြိုလ်လို အမျိုးအစား အများအပြားကို သိသိသသာသာ ထည့်သွင်းစဉ်းစားရမယ့် အပိုင်းပဲ ဖြစ်ပါတယ်
ကမ္ဘာကြီးရဲ့ အပြင်ဘက်မှာ ဂြိုလ်သားတွေ မရှိဘူးဆိုတဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ သက်သေမရှိပေမယ့်လည်း မီချီရို ကာကူ လိုမျိုး သိပ္ပံပညာရှင်တွေဟာ ကျွန်ုပ်တို့အနေနဲ့ သူတို့တွေနဲ့ မကြာခင်အချိန်လောက်မှာ အဆက်အသွယ်လုပ်နိုင်လောက်မယ်လို့ ယုံကြည်ထားကြပါတယ်

credit photo

သို့သော်လည်း မကြာသေးခင်က ထုတ်ပြန်ထားတဲ့ သုတေသနစာတမ်းမှာတော့ လူသားတွေဟာ ဂြိုလ်သားတွေနဲ့ နောက်ထပ် နှစ်လေးသိန်းလောက်ထိ ထိတွေ့ဆက်သွယ်နိုင်မှာမဟုတ်ဘူးဆိုတဲ့ ဆန့်ကျင်ဘက်ကို အကြံပေး ဖော်ပြထားခဲ့ပါတယ်
ဆောင်းပါးအစမှာ ဖော်ပြပေးထားခဲ့တဲ့ တရုတ်သိပ္ပံပညာရှင်ဦးဟာ ဒီခန့်မှန်းချက်ကို CETI လို့ ခေါ်တဲ့ ဂြိုလ်သားတွေရဲ့ အသိပညာနေထိုင်မှုပုံစံ ဆက်သွယ်ရေး နံပါတ်တွေကို တွက်ချက်ဖို့ ဒရိတ်ခ် ညီမျှခြင်းကို အသုံးပြုခဲ့တာပါCETI ဆိုတာက ဂြိုလ်သားတွေရဲ့ စကြ၀ဌာ တစ်နေရာရာက နေထိုင်မှုပုံစံတင်မဟုတ်ဘဲ ဆက်သွယ်နိုင်လောက်တဲ့အထိကို ရည်ညွှန်းတာဖြစ်ပါတယ်ဒရိတ်ခ် ညီမျှခြင်းဆိုတာ ဘာလဲ …………..၁၉၆၁ မှာ အဆိုတင်သွင်းခဲ့တဲ့ ရေဒီယို နက္ခတဗေဒပညာရှင် ဖရန့်ခ်ရဲ့ဒရိတ်ခ် ညီမျှခြင်းဟာ အခြေခံအားဖြင့်တော့ ဂြိုလ်သားတွေရဲ့နေထိုင်မှုကနေ စလို့ ဆက်သွယ်မှု လုပ်နိုင်တဲ့ထိ ကိန်းကဏန်းတွေကို တွက်ချက်ဖို့ အသုံးပြုတဲ့ ဖြစ်နိုင်ချေ အလားအလာကို တွက်ချက်တဲ့ ညီမျှခြင်းပဲဖြစ်ပါတယ် ။

credit photo

ဒီညီမျှခြင်းဟာ တွက်ချက်ဖို့အတွက် လိုအပ်တဲ့ ရလဒ်ကို ရရှိဖို့အတွက် ပြောင်းလဲနိုင်တဲ့ အခြေအနေများစွာအတွက် သတ်မှတ်ချက် တန်ဖိုးတွေကို လိုအပ်ပါတယ်။ ​ပြီးတော့ သိပ္ပံပညာရှင်တွေမှာ အဆိုပါ ပြောင်းလဲမှု အခြေအနေအတွက် သတ်မှတ်ချက် ကဏန်းတန်ဖိုး မရှိတာကြောင့် ညီမျှခြင်းကလည်း သိပ်ပြီး အသုံးမဝင်လှပါဘူး ။ ဒါပေမယ့်လည်း တော်တော်များများက ဒရိတ်ခ် ညီမျှခြင်းဟာ ဂြိုလ်သား လူနေမှုပုံစံကို လေ့လာဖို့ စမှတ်အဖြစ် ထောက်ပံ့ပေးတယ်လို့ ယုံကြည်ကြပါတယ်
နောက်ထပ် နှစ်ပေါင်း လေးသိန်းထိကို ဂြိုလ်သားတွေနဲ့ အဆက်အသွယ် မရတော့ဘူးလား ……..

credit photo

သတိထားဖို့ကတော့ ဒီနံပါတ် (လေးသိန်း) ဟာ လူသားတွေ ကမ္ဘာမြေကြီးပေါ် နေထိုင်ခဲ့တဲ့ ခန့်မှန်း နှစ်နှစ်သိန်းနဲ့ဆိုရင်တောင် နှစ်ဆ ဖြစ်နေပါတယ် ။ ဒရိတ်ခ် ညီမျှခြင်းကို အခြေခံပြီး တွက်ချက်မှုတွေအရတော့ သိပ္ပံပညာရှင်တွေက ဘေးပတ်လည်မှာ ကြယ်ပတ်ဂြိုလ်တွေဝန်းရံထားတဲ့ ကြယ်တစ်လုံးရှိမယ်ဆိုရင် CETI (ဂြိုလ်သား လူနေမှုနဲ့ ဆက်သွယ်မှု ) ကြယ်ရဲ့သက်တမ်း ၂၅% လောက်မှာ အစောဆုံးပေါ်ထွက်လာနိုင်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်
သို့သော်လည်း ဒီဂြိုလ်တွေရဲ့ ၀.၁ % မှသာ အခုလို သက်ရှိပုံစံတွေ အဖြစ်ပြောင်းလဲလာနိုင်မှာပါ

credit photo

ကျွန်ုပ်တို့ရဲ့ စကြ၀ဌာထဲမှာ အခြေအနေအမျိုးမျိုးရှိနေတဲ့ CETI တွေ ၄၂၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပေမယ့် ပျမ်းမျှတော့ နှစ် နှစ်ထောင်လောက် အပြန်အလှန်ဆက်သွယ်မှု ရဖို့ အချိန်ယူရပါလိမ့်မယ် ။ အခုလ အစောပိုင်းမှာပဲ နာဆာ မှဦးဆောင်နေတဲ့ သိပ္ပံပညာရှင်အဖွဲ့အကြောင်း သတင်းရရှိခဲ့ပါတယ် ။ သူတို့ဟာ ကမ္ဘာဂြိုလ်အပြင်ဘက်က ဂြိုလ်သားတွေ ရှာဖွေတွေ့ရှိနိုင်မယ့် ဝှက်စာ များကို ပို့ပေးနိုင်ဖို့ ပြင်ဆင်နေပါတယ်တဲ့ ။
” စကြ၀ဌာထဲက အချက်ပြမီး ” လို့အမည်ရပြီး အပိုင်းပေါင်းများစွာ ပါဝင်နေတဲ့အပြင် ဒီအန်အေ နမူနာ ပြီးတော့ လူသားတွေ ဂြိုလ်သားဘ၀ကို လက်လှမ်းမှီနိုင်ဖို့ ကြိုးစားနေတဲ့ သင်္ကေတတွေ ပါဝင်နေပါတယ် ။
ဒါဆို …. ပရိသတ်ကြီးတို့လည်း ဂြိုလ်သားတွေ တကယ်ရှိလား မရှိဘူးလားဆိုတာကို ပြန်တွေးကြည့်ရင်း ဗဟုသုတတွေ တိုးပွားလာဖို့ မျှော်လင့်ပါတယ်နော် ။

Be the first to comment

Leave a Reply

Your email address will not be published.


*