
ဩစတြေးလျတွင် တိရစ္ဆာန် မျိုးစိတ်အမျိုးမျိုး အများအပြားရှိကြပါတယ်။ ချစ်စရာ သားပိုက်ကောင်မှစ၍ တကယ့်လက်တွေ့ဘဝတွင် မည်သူမျှ မမြင်ချင်လောက်အောင် ကြောက်စရာကောင်းသော တိရစ္ဆာန်များအထိ မျိုးစုံရှိပြီး ၎င်းတို့ထဲကအချို့ဟာ ပင်လယ်ထဲက ကြောက်စရာသတ္တဝါများဖြစ်ပုံရပါတယ်။
(၁)Grimpoteuthis

ရေနက်ပိုင်းရေဘဝဲများဟာ ပျမ်းမျှအားဖြင့် အရှည် ၈ လက်မခန့်ရှိပါတယ်။သို့သော် ခြွင်းချက် တစ်ခုအနေနဲ့ အကြီးဆုံး အကောင်ဟာ အရှည် လက်မ 70 ထိရှိတတ်ပြီး အလေးချိန် 16 ပေါင် လေးပါတယ်။
(၂)Brittle star

ဒီအကောင်ကတော့ လူများအတွက် အန္တရာယ်မရှိသော်လည်းသူရဲ့ တချို့ကိုယ်ဟန်အနေထားဟာ ထိတ်လန့်စရာဇာတ်လမ်းများထဲမှ အကောင်နဲ့တူပါတယ်။အချို့သောအကောင်များဟာ ကြီးမားသော ရွက်ဖျင်ပင်များ ရှိပြီး ပိုများလေ၊ ၎င်းတို့ကို ကြည့်ရတာ ပိုကြောက်စရာေကာင်းလေဖြစ်ပါတယ်။
(၃)ပင်လယ်ပင့်ကူ

ပင့်ကူကြောက်သူများအတွက်တော့ ကုန်းပေါ်တင်မဟုတ်ပဲ ရေထဲမှာပါ ပင်ကူရှိတယ်ဆိုတာ သိလျှင် လန့်သွားနိုင်ပါတယ်။သိပ္ပံပညာရှင်များဟာ ကမ်းနားနှင့် ရေနက်ပိုင်းများတွင် နေထိုင်သည့် ပင်လယ်ပင့်ကူ အမျိုးပေါင်း ၁၀၀၀ ကျော်ကို ရှာဖွေတွေ့ရှိထားကြပါတယ်။
(၄)Faceless fish(မျက်နှာမဲ့ငါး)

ဤကြောက်စရာကောင်းသောငါးတွင် မျက်နှာမပါရှိဘဲ၊ ပါးစပ်နှင့် နှာခေါင်းပေါက်များသာ ရှိပါတယ်။သို့သော် ဒီငါးဟာ ပင်လယ်ထဲတွင် အလွန်နက်ရှိုင်းသောနေရာတွင် အသက်ရှင်နေထိုင်သဖြင့် မျက်လုံးများ မလိုအပ်တော့ပါဘူး။ဤငါးကို နောက်ဆုံးအကြိမ်အဖြစ် ၁၈၇၃ ခုနှစ်တွင် ဖမ်းမိခဲ့ပါတယ်။
(၅)Anthozoa

ဒီကောင်ဟာ အမှန်တကယ် ကြောက်စရာပုံစံမဟုတ်သော်လည်း အန္တရာယ်ရှိနိုင်ပါတယ်။ Anthozoa ဟာ ဂရုမစိုက်တတ်တဲ့ ရေငုပ်သမားများအတွက် သတိထားစရာပါ။
(၆)Deepsea lizardfish
သင်တုန်းဓားထက်ထက်သောသွားများနှင့် ဤငါး၏နက်မှောင်သောမျက်လုံးများသည် မည်သူကိုမဆို ကြောက်လန့်စေနိုင်ပါတယ်။သို့သော်လည်း ကြောက်နေဖို့ မလိုပါဘူး—သြစတေးလျကမ်းနားအနီး ရေငုပ်သွားရင်တောင် ဒီငါးကို တွေ့နိုင်မှာ မဟုတ်ပါဘူး။ပင်လယ်ေရ အနက် ၃၀၀၀ ပေမှ ၈၀၀၀ ပေမှာဘဲဒီငါးက အသက်ရှင်နိုင်ကြပါတယ်။
(၇)Blobfish

ဤငါးဟာ ရယ်စရာကောင်းသောအသွင်အပြင်ကြောင့် နာမည်ကြီးသော်လည်း၊ သြစတြေးလျတွင် အစုလိုက်ဖြစ်နေသောကြောင့် ၎င်းသည် အမှန်တကယ်တွင် ထူးခြားပါတယ်။ဆိုလိုသည်မှာ ဒီငါးဟာ ကမ္ဘာပေါ်ရှိ တစ်နေရာတည်းတွင်သာ နေထိုင်ကြပါတယ်။ကံမကောင်းစွာဖြင့် ယခုတွင် မျိုးသုဉ်းလုနီးပါးမျိုးစိတ်ဖြစ်နေပါပြီ။
(၈)tripodfish

The tripodfishဟာလည်း ထူးဆန်းတဲ့ငါးမျိုးဖြစ်ပါတယ်။ဒီငါးရဲ့ အရိုးများဟာ သူ့ကို အန္တရာယ်ဖြစ်စေနိုင်မဲ့အချိန်မျိုးတွင် ခိုင်ခန့်မာကြောသွားတတ်ပါတယ်။
(၉)Isopoda

တည်ငြိမ်အေးချမ်းသော အသွင်အပြင်ရှိသည့် ဤသတ္တဝါများသည် မကြာမီ ကမ္ဘာဂြိုဟ်ကို သိမ်းပိုက်သွားနိုင်ပါတယ်။ ရေထဲတွင်ရော ကုန်းပေါ်တွင်ပါ မျိုးစိတ်ပေါင်း ၁၀.၅ဝဝဝ ကျော် ရှိနေပြီး အခြားထူးဆန်းသောအချက်မှာ အချို့မှာ အလွန်ကြီးမားသော်လည်း အချို့မှာ မမြင်ရသလောက်ဖြစ်ပါတယ်။
(၁၀)Viperfish

၎င်းတို့၏ အရွယ်အစား (၁၃ လက်မ)ရှိပြီး အလွန်သေးငယ်သော်လည်း ဤငါးများဟာ အလွန်ကြောက်စရာကောင်းပါတယ်။သမုဒ္ဒရာ၏အနက်ရှိုင်းတွင် အချင်းချင်းရှာတွေ့ရန် ကူညီပေးသည့် တောက်ပသော ကိုယ်အင်္ဂါများဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်များကို ဖုံးအုပ်ထားပါတယ်။
Leave a Reply