မီးလောင်နေသောအိမ်ထဲမှ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကြောင်လေးကို ရအောင်ကယ်တင်ခဲ့တဲ့ စူပါဟီးရိုးခွေးလေး

မီးလောင်နေသောအိမ်ထဲမှ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကြောင်လေးကို ရအောင်ကယ်တင်ခဲ့တဲ့ စူပါဟီးရိုးခွေးလေး

ခွေးလေးများဟာ ရွှေစင်ဖြင့်ပြုလုပ်ထားသော နှလုံးသားများဖြင့် ကမ္ဘာပေါ်တွင် အံ့သြဖွယ်အကောင်းဆုံးတိရစ္ဆာန်များဖြစ်တယ်ဆိုတာ ဒီဇာတ်လမ်းက သက်သေပြနေပါတယ်။

Credit Photo

ပုံမှန်အားဖြင့်တော့ ဒီသတင်းဟာ စိတ်ပျက်ဖွယ်ကောင်းသော ဇာတ်လမ်းများနှင့် ပြည့်နှက်နေပြီး ကျွန်ုပ်တို့အကြောင်း မကြားလိုသော အချက်အလက်များဖြစ်နေပါသည်။ ယနေ့တွင် သင့်တစ်နေ့တာကို အတုယူရန် အပြုသဘောဆောင်ပြီး ကြည်နူးစရာကောင်းသော အရာတစ်ခုကို ယူဆောင်လာပါသည်။

Credit Photo

ယူကရိန်းနိုင်ငံရှိ ကာကွယ်ရေး စက်မှုလုပ်ငန်းကုမ္ပဏီတစ်ခုသည် လွန်ခဲ့သောနှစ်အနည်းငယ်က ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ပါသည်။ ရလဒ်အနေနဲ့ မီးလောင်မှုကြီးဖြစ်ပြီး အဆောက်အအုံတစ်ခုလုံးနှင့် ပတ်ဝန်းကျင်တစ်ခုလုံး မီးလောင်ကျွမ်းခဲ့ပါသည်။ တိမ်ထူထပ်သော မီးခိုးလုံးများနှင့် တွဲလျက်တောက်လောင်နေသော ပူပြင်းသော မီးတောက်များသည် ကောင်းကင်ယံသို့ ထိုးတက်နေကာ လျင်မြန်စွာပဲ  Donetsk မြို့ အရှေ့မြောက်ဘက်သို့ ပျံ့နှံ့သွားခဲ့ပါသည်။

Credit Photo

ပေါက်ကွဲမှုသည် ပြင်းထန်လွန်းသဖြင့် မြေပြင်သည် မိုင်ပေါင်းများစွာ ဝေးကွာသောဒေသတွေအထိတုန်ခါသွားခဲ့ပြီး ပေါက်ကွဲမှုနှင့် နီးကပ်သော အနီးအနားရှိ နေအိမ်အချို့ကိုပင် မီးလောင်သွားခဲ့ရပါသည်။ ဒေသခံများဟာ အထိတ်တလန့်ဖြစ်ခဲ့ပြီး အိမ်နီးနားချင်းတွေနဲ့ ရုံးလုပ်သားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပြီး လူတွေဟာ သူတို့ရဲ့ အနီးဆုံးပစ္စည်းတွေကို ရင်ဘတ်မှာ ဆုပ်ကိုင်ပြီး ထွက်ပြေးခဲ့ကြရပါတယ်။

Credit Photo

အမျိုးသားတစ်ဦးသည် ၎င်း၏ အိမ်မွေးခွေးတစ်ကောင်အတွက် စိုးရိမ်နေပြီး မီးဘေးမှ လွတ်မြောက်အောင် အိမ်ရှေ့ခြံဝင်းမှ ကြိုး ချည်ထားသော ခွေးကို ကြိုးဖြည်ပေးရန်အတွက် အမြန်ပြေးခဲ့သည်။ ထိုအချိန်တွင် မထင်မှတ်ထားသော အရာတစ်ခု ဖြစ်ပျက်ခဲ့ပါသည်။

Credit Photo

ကြိုးပြေသွားတဲ့နဲ့ မီးလောင်နေတဲ့ အိမ်ထဲက ပြေးမယ့်အစား ခွေးကလေးဟာ အမြန်လှည့်ပြီး အိမ်ထဲကို ပြန်ပြေးဝင်သွားခဲ့ပါတယ်။ ပိုင်ရှင်ဟာ အံ့အားသင့်စွာဖြင့် ထိုနေရာတွင် ခိုကိုးရာမဲ့ မတ်တပ်ရပ်နေကာ ၎င်း၏ အိမ်မွေးတိရစ္ဆာန်ကို ကယ်ဆယ်ရန် အိမ်ထဲသို့ မဝင်နိုင်ခင်မှာဘဲ မီးသည် ပိုမိုကြီးထွားလာခဲ့ပါသည်။

Credit Photo

သူ့အိမ်မီးလောင်နေတာကို ကြည့်နေချိန်မှာတော့ မီးတောက်ကြီးကြောင့် သူ့ခွေးလေးကို ပြန်ထွက်လာဖို့ တောင်းဆိုခဲ့ပါတယ်။ ခဏအကြာတွင် မီးလောင်နေသော အိမ်မှ သူရင်းနှီးသော ပုံသဏ္ဌန်တစ်ခု ထွက်ပေါ်လာသည်ကို ထိုလူက တွေ့လိုက်ရပါသည်။ သူ့ခွေးက ကြောင်ကလေးကို ပါးစပ်ထဲမှာ ကိုက်ချီထားတာပါ။ မီးလောင်နေသောအိမ်မှ အစပိုင်းတွင် ကြောင်ငယ်လေးကို မိသားစုက သတိမရခဲ့တာပါ။

Credit Photo

ခွေးနဲ့ ကြောင်ကလေးဟာ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး ကြောင်လေးဟာ အဲဒီအိမ်လေးအတွက် မိသားစုဝင် အသစ်ဖြစ်ပေမဲ့ သူတို့နှစ်ယောက်ကတော့ အချိန်အများကြီး အတူတကွကုန်ဆုံးခဲ့ပါတယ်။ သူတို့သည် အတူတူ ဆော့ကစားရင်း အချင်းချင်း အမြဲ တွဲလျက် နေထိုင်နေခဲ့ကြတာပါ ။ ဒါကြောင့် ဘေးအန္တရာယ်ကြုံလာတဲ့အခါမှာ ခွေးလေးရဲ့ ပထမဆုံး ခံစားချက်က သူ့ကိုယ်ထက် သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းကို ကယ်တင်ဖို့ပါပဲ။

Credit Photo

ဤဇာတ်လမ်းသည် ခွေးတစ်ကောင်၏ ချစ်ခြင်းမေတ္တာကို ခြွင်းချက်မရှိ  ပြသနိုင်သော ဖြစ်စဉ်အများအပြားထဲမှ တစ်ခုဖြစ်ပါသည်။ သူတို့လေးတွေဟာ သစ္စာရှိပြီး၊ ဂရုစိုက်တတ်ပြီး ဘယ်လိုအခြေအနေမျိုးမှာမဆို မီးတောက်လောင်နေတဲ့ ပေါက်ကွဲသံတွေကိုတောင်မှ သူတို့သူငယ်ချင်းတွေအပေါ် ထားတဲ့ သူတို့ရဲ့ချစ်ခြင်းမေတ္တာကို တခြားအရာတွေထက် ပိုဦးစားပေးတတ်ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*