Google Mapsတွင်ရှာဖွေတွေ့ရှိခဲ့သောစိတ်ဝင်စားစရာကောင်းလှတဲ့နေရာ(၈)ခု

သင့်အနေနဲ့အခန်းထဲကနေမထွက်ဘဲကမ္ဘာ့နိုင်ငံအတော်များများကိုလည်ပတ်ချင်တယ်ဆိုပါက google map ကတော့အကောင်းဆုံးအရာတွေထဲကတစ်ခုပါ။ Google ကုမ္မဏီဟာ၂၀၀၅ခုနှစ်မှာ Google Maps ကို စတင်မိတ်ဆက်ခဲ့ပြီး ကမ္ဘာအနှံ့အပြားကလူများစွာကလည်း အသုံးပြုလာကြကာစူးစမ်းလိုစိတ်ပြင်းပြသော‌သူများဟာ စိတ်၀င်စားစရာကောင်းတဲ့နေရာတွေကိုစူးစမ်းရှာဖွေမှုများပြုလုပ်လာကြပါတယ်။ ဂြိုလ်သားတွေရဲ့ပုံရိပ်တွေ ၊ လျှိူ့ဝှက်ဆန်းကြယ်သော သဲကန္တာရ ကဓာတ်ပုံများနှင့် ရှေးဟောင်းသမိုင်းဆိုင်ရာ အဆောက်အအုံများစွာကိုရှာဖွေတွေ့ရှိခဲ့ကြပြီး ယခုဆောင်းပါးထဲမှာတော့ထိုနေရာတွေထဲကမှစိတ်ဝင်စားစရာကောင်းတဲ့နေရာ ၈ခုအကြောင်းကိုဖော်ပြပေးသွားမှာလည်းဖြစ်ပါတယ်။

(၁)ပီရူးနိုင်ငံက ကျင်းပေါက်တွေများစွာစုစည်းနေတဲ့နေရာ


ထိုကျင်းပေါက်တွေစုထားတဲ့နေရာကတော့ တစ်မိုင်ခန့်ရှည်လျားပြီး မတူညီတဲ့ အချင်း နှင့် အနက် တွေအသီးသီးရှိတဲ့ကျင်းပေါင်း ၆၀၀၀ခန့် ဖြင့်ထူးဆန်းစွာ တည်ရှိနေပါတယ်။ Pisco ချိုင့်ဝှမ်းမှ စတင်လာခဲ့တဲ့ထိုကျင်းပေါက်တွေဟာ ပီရူးဗီယမ် အင်ဒီစ်း အထိကျယ်ပြန့်စွာတည်ရှိပါတယ်။ သူ့ကို google map ]ကနေ မြင်ရသောပုံမှာ အလွန် ထူးဆန်းအံ့ဩဖွယ်ကောင်းလှပါတယ်။

(၂)နယ်သာလန်နိုင်ငံက လူလုပ်ကျွန်း


ဒီကျွန်းဟာ နယ်သာလန်နိုင်ငံ Ketelmeerတွင်တည်ရှိပြီးကျွန်းရဲ့ပုံစံကတော့တည်နေရာကိုအချက်ပြပေးတဲ့ iconနဲ့တူပါတယ်။ အမှန်တကယ်တော့ထိုနေရာဟာ he IJsseloog လို့ခေါ်တဲ့ အချင်း ၀.၆မိုင်ရှိသော ညစ်ညမ်းတဲ့နုံးမြေနုတွေကိုသိုလှောင်တဲ့နေရာဖြစ်ပါတယ်။

(၃)အမေရိကန်က ဧရာမတြိဂံ

ဒီထူးဆန်းတဲ့နေရာကတော့ အရီဇိုးနားပြည်နယ်ဝှစ်မန်တွင်တည်ရှိပါတယ်။ အမှန်တကယ်တော့ထိုနေရာက ခန့်မှန်းခြေအားဖြင့်၁၉၅၆ ကနေ၁၉၆၆ခုနှစ် ကြားကာလအတွင်းကစွန့်ပစ်ခဲ့တဲ့ လေတပ်အခြေစိုက်စခန်းနေရာတစ်ခုလည်းဖြစ်ပါတယ်။

(၄)အင်္ဂလန်နိုင်ငံက လက်ဗွေရာနဲ့တူလှတဲ့နေရာတစ်ခု

Fingermazeလို့ခေါ်တဲ့ထို ကြီးမားတဲ့လက်‌ဗွေရာကြီးဟာ အင်္ဂလန်နိုင်ငံ Brighton & Hoveမြို့ရဲ့ Hove ပန်းခြံအတွင်းမှာတည်ရှိပါတယ်။ ထိုလက်‌ဗွေဟာ ကျောက်နဲ့ထုံး ကိုအသုံးကာပြုလုပ်ထားသော ကျောက်ဆစ်လက်ရာတွေဖြစ်ကာပန်းခြံကြီးအတွင်းမှာကွေးနေတဲ့ထုံးကျောက်လိုင်းများအနေနဲ့တည်ရှိနေပါတယ်။ Fingermaze ကို ၂၀၀၆ခုနစ်၌သဘာ၀ပတ်၀န်းကျင်ဆိုင်ရာအနုပညာရှင်တစ်ဦးဖြစ်တဲ့ ခရစ်ဒရူရီကဖန်းတီးခဲ့ပြီး ဘ၀ သံသရာ သဘောကို ကိုယ်စားပြုတယ်လို့လည်းသိရပါတယ်။

(၅)တရုတ်သဲကန္တာရ ထဲက လျှိူ့ဝှက်စမ်းကြယ်တဲ့ သင်္ကေတများ

Gobi သဲကန္တာရမျက်နှာပြင်ပေါ်တွင် ကြီးမားတဲ့ တံဆိပ်တုံးဖြင့်ရိုက်နှိပ်ထားသည်ဟု ထင်ရသောဒီ သင်္ကေတကို အရင်တုန်းက တော့အချိန်တော်တော်ကြာ ဂြိုလ်သားများရဲ့အမှတ်အသားတစ်ခုလို့ထင်ခဲ့ကြပါတယ်။ဒါပေမယ့်နောက်ပိုင်းမှာတော့ လူသားများရဲ့ဖန်တီးမှုသာဖြစ်နိုင်တယ်လို့ ပြောင်းလဲပြီးမြင်လာကြပါတယ်။သုတေသနပညာရှင် Jonathan Hillရဲ့အဆိုအရ Arizona တက္ကသိုလ်ရဲ့ Marsအပေါ်လွှတ်တင်မည့်အစီစဉ်တစ်ခုကြောင့်ဖြစ်ပြီး ထိုမျဉ်းဖြတ်များဟာ ဂြိုလ်တုကိုစံနှုန်းကိုက်ညီအောင် ညှိထားသောအရာဖြစ်သည်ဟုဆိုပါတယ်။

(၆)အမေရိကန်က Potashရေပူကန်

နီညိုရောင်ရှိတဲ့ Utahသဲကန္တာရ တွင်ရှိသောအပြာရောင်ကန်များဟာ ပိုတက်စီယမ်ကလိုရိုက်ထုတ်ယူတဲ့နေရာဖြစ်ပြီး အဲ့နေရာကို Potashလို့ခေါ်ကြပါတယ်။Intrepid Potash, Inc. ဟာအမေရိကန်ပြည်ထောင်စုတွင် ပိုတက်စ်မိုင်း ၃ ခုကိုလုပ်ကိုင်တဲ့ကုမ္ပဏီဖြစ်ပါတယ်။ဒီလို နေရာတွေထဲကမှအကျော်ကြားဆုံးနဲ့အထင်ရှားဆုံးဓာတ်ပုံကတော့ Utah ပြည်နယ်Moab နေရာကဖြစ်ပါတယ်။

(၇)အန္တာတိကတိုက်က ဂြိုလ်သားမျက်နှာ

ဒီအန္တာတိကတိုက်ရဲ့တောင်တန်းတစ်ခု၌ ဘာမှန်းအတိအကျမသိတဲ့အရာကြီးတစ်ခုတွေ့ရှိကြပါတယ်။ သု‌ေတသနပညာရှင်များကတော့ ဂြိုလ်သားများရဲ့ ယဉ်ကျေးမှုတွေဟာ တည်ရှိခဲ့ကြောင်း သက်သေပြနေခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။။သို့ပေမယ့် ပို၍ ကျိူးကြောင်းဆီလျော်တဲ့ သီအိုရီတစ်ခုရှိပါတယ်။ အဲဒါကတော့ သဘာ၀တရားကြောင့် သူ့ဘာသာသူဖြစ်ပေါ်လာတဲ့ အရာများသာဖြစ်နိုင်တယ်ဆိုတဲ့အချက်ဘဲဖြစ်ပါတယ်။ NASAရဲ့ အဆိုအရ Pareidolia ဆိုတဲ့စိတ်ခံစားချက်ဖြစ်ပြီးထိုအရာဟာ တိမ်များ ကျောက်တုံးများ သို့မဟုတ် အခြားဆက်စပ်မှုမရှိတဲ့အရာ၀တ္ထုများကို လူတို့မြင်တွေ့ကြတဲ့အခါတစ်ခုခုနဲ့တူတယ်ဆိုတဲ့စိတ်ခံစားချက်ဟာ စိတ်ပိုင်းဆိုင်ရာအရ ဖြစ်ပေါ်လာတဲ့ထင်ကြေးတစ်ခုသာဖြစ်တယ်လို့ဆိုပါတယ်။

(၈)အာဖရိက သဲကန္တာရအလယ်က လေယာဉ်ပုံအမှတ်အသား


၁၉၈၉ ခုနှစ်တွင် McDonnell Douglas DC-10-30 လေယာဉ်ဟာTénéréသဲကန္တာရထဲမှာပျက်ကျခဲ့ပါတယ်။၂၀၀၇ခုနစ်ကတော့ ထိုလေယာဉ်ပျံပျက်ကျမှုရဲ့ ၁၈နှစ်မြောက်ခုနှစ်တစ်ခုဖြစ်ပါတယ်။အဲ့ဒီနှစ်မှာတော့ ယခုမြင်တွေ့နေရတဲ့အမှတ်အစားကိုထိုသဲကန္တာရထဲမှာတည်ဆောက်ခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*