
သင်မြင်နေတဲ့အရာ တစ်ခုခုကို ထင်ယောင်ထင်မှားဖြစ်ခဲ့ဖူးပါသလား။ အခုကျွန်တော်ပြောပြမဲ့ အကြောင်းရာကတော့ အာလူးကြော်ကို ယေရှုနဲ့တူတာတို့ Rihanna ရဲ့ အရိပ်နဲ့တူနေတာတို့ကို ပြောပြသွားမှာမဟုတ်ပါဘူး။ ဆိုလိုချင်တာက သင့်အတွေးအမြင်ကိုထင်ယောင်ထင်မှား ဖြစ်လာပြီး နှစ်မျိူးမြင်စေမယ့် ပုံတွေပဲဖြစ်ပါသည်။
1 ဒီပုံဟာ သစ်သားခြံစည်းရိုးတခုရဲ့ထိပ်ပိုင်းဖြစ်ပါတယ်
2 တကယ်တော့ကြောင်ကနှစ်ကောင်ပါ ကြောင်အမဲက ကြောင်အဖြူရဲ့ အရိပ်ပုံစံလိုဖြစ်နေလို့ပါ။
3 သိုးမွှေးဇာဟုထင်နေပါသလား မဟုတ်ပါဘူး အေးခဲနေတဲ့ ပင့်ကူအိမ်လေးပါ
4 ကျောက်တုံးပေါ်က အစက်အပျောက်လေးတွေက ပန်းချီဆရာ Van Gogh ရေးဆွဲပုံဖော်ထားတဲ့ ကြယ်စုံတဲ့ညတစ်ည ပုံလိုဖြစ်နေပါတယ်။
5 နဂါးပေါက်လေးကဲ့သို့ပုံစံတူနေတဲ့ Armadillo Lizard ခေါ် သဲကန္တာရမှာနေတဲ့ ဖွတ်ပဒတ်တမျိုးဖြစ်ပါတယ်။
6 စိမ်းစိုသစ်တောမှာရှိတတ်တဲ့ Caterpillar ခူယားပိုး (သို့) Malacosoma Disstria ခေါ်တဲ့အကောင်လေးဟာလည်း ပင်ဂွင်းဆွယ်တာပုံစံဖြစ်နေပါတယ်။
7 ပြတင်းပေါက်မှန်ပေါ်က ရေမှုန်ရေစလေးကိုရိုက်ထားတာပါ။ သို့ပေမဲ့ အာကာသထဲမှာ များစွာသေ ာကြယ်တွေပတ်လည်ရှိနေသော ဂြိုလ်တခုလိုဖြစ်နေပါသည်။
8 ဒီတစ်ခုကတော့ ဒုံးပျံအကြီးစားများ ကောင်းကင်ထဲတက်နေသလို ဖြစ်နေပေမဲ့ တကယ်တမ်းတော့ နှင်းတွေအောက်က မီးလင်းနေတဲ့ခရစ်စမတ် သစ်ပင်လေး တွေပါ။
9 အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ရေညှိကျောက်စိမ်းတစ်မျိူးဖြစ်ပြီး သူ့ပုံစံဟာ သစ်တောအုပ်ကြီးတစ်ခုလိုဖြစ်နေပါသည်။
10 Saturn ဂြိုလ်နှင့်သဏ္ဌာန်တူနေတဲ့ လပုံပဲဖြစ်ပါသည်။
11 ဒီပုံကတော့ နာနတ်သီးလို့ ထင်ရပေမဲ့ ငှက်ကလေးတစ်ကောင်ပဲဖြစ်ပါသည်။
12 ရေချိူးခန်းတံခါးနားက မီးသီးအလင်းရောင် လေးဟာကြောင်ကလေး တစ်ခုခုအကြံပေါ်နေသလိုဖြစ်နေပါသည်။
13 ဘာလို့ထင်သွားသလဲ။
14 ၀က်ဝံလေးတစ်ကောင် ရေထဲဆင်းပြီးချိန်ပုံစံကဲ့သို့ ဖြစ်နေတဲ့ ခွေးကလေး
15 နေ၀င်ချိန်တွင် နီညိုရောင်သန်းနေတဲ့တိမ်များဟာ မီးတောင်မှ မီးချော်ရည်များ ကဲ့သို့ပုံစံဖြစ်နေပါသည်။
16 Altas လို့ခေါ်တဲ့ ဆင်လိပ်ပြာတစ်မျိူးရဲ့ တောင်ပံများဟာလည်း မြွေပုံစံကဲ့သို့ ဖြစ်နေပါတယ်။
17 အမွှေး မရှိတဲ့ ၀က်ကလေးရဲ့ပုံဟာ ရေမြင်းပေါက်လေးတစ်ကောင်လို ဖြစ်နေပါတယ်။
18 ဒီပုံကတော့ စားပွဲခုံပေါ်က USB အားသွင်းပေါက်လေးများပါရှိတဲ့ ကြိုးတစ်ခုဖြစ်ပါတယ်။
19 ကြက်ဥတွေလားလို့ထင်ရလောက်တဲ့ ကမ်းခြေရှိ ကျောက်စရစ်ခဲလေးများရဲ့ ပုံဖြစ်ပါတယ်။
20 ကားပေါ်မှာ အဝတ်တဘတ်ကြီးတင်ထားတယ်လို့ထင်ရပေမဲ့ အမှန်ကတော့ နှင်းကျထားတာပါ။
21 ပြတင်းပေါက်အပြင်ဘက်က ရှုခင်းဟာ ပန်းချီကားတစ်ချပ်ချိတ်ထားသလိုဖြစ်နေပါတယ်။
22 ဒီပုံကတော့ ရေအိုင်လေးတစ်ခုရဲ့ပုံပါ။
23 ပြောင်စပ်စပ် ခွေးအ တစ်ကောင်ရဲ့ပုံပဲဖြစ်ပါတယ်။
24 ပန်းကန်လုံးထဲဂျုံမှုန့် တွေလို ထင်ရပေမဲ့ ကြောင်ဖြူ လေးတစ်ကောင်ရဲ့ပုံပဲဖြစ်ပါတယ်။
25 ပြတင်းပေါက်အပြင်ဘက်ရှိရှူခင်းဟာ ပန်းချီကားတစ်ချပ်ချိတ်ထားသလိုဖြစ်နေပါတယ်။
Leave a Reply