
ခဲတံမှ ခဲသားများကို လှပသောအသေးစားအနုပညာလက်ရာများအဖြစ် ပြောင်းလဲဖန်တီးခဲ့တဲ့ ပညာရှင်
ဘော့စနီးယားမှ အနုပညာရှင် Jasenko Đorđević သည် သာမန်ခဲတံများကို လှပသော အနုပညာလက်ရာများအဖြစ် ပြောင်းလဲပေးခဲ့ပါသည်။ သူဟာငယ်စဉ်ကတည်းက သေးငယ်သောရုပ်တုများကို စိတ်ဝင်စားခဲ့ပြီး 2010 ခုနှစ်ကစတင်ကာ ဂရပ်ဖိုက်ခဲတံများပေါ်တွင် အသေးစားပန်းပုများကို ပြုလုပ်နေခဲ့ပါသည်။ ခဲတံမှ ခံသားပေါ်တွင် အသေးစားပန်းပုထုလုပ်တာဟာဆိုရင် သူဟာကမ္ဘာပေါ်တွင် ဒုတိယမြောက်လူတစ်ဦးဖြစ်ပြီး ဥရောပတွင်တော့ ထိုပန်းပုမျိုးများကို ပထမဆုံးဖန်တီးခဲ့သူဖြစ်သည်။

ခဲသားပန်းပုဖန်တီးရာတွင် ခဲတံအသုံးပြုခြင်းအပေါ် Jasenko ချဉ်းကပ်ပုံသည် အမှန်တကယ် မှတ်သားဖွယ်ကောင်းသည်။ သစ်သားခွံတွင် မြှုပ်ထားသည့် ပါးလွှာသော ဂရပ်ဖိုက်အူတိုင်ကို အသုံးပြု၍ သေးငယ်သော အကြောင်းအရာများကို ခွဲစိတ်ပြီး ခဲသားပေါ်တွင် ထွင်းထုထားသည်။
Jasenko သည် တစ်ကိုယ်တော် ပြပွဲများစွာရှိခဲ့ပြီး ဒါဇင်ပေါင်းများစွာသော ပြပွဲများတွင် ပါဝင်ခဲ့သည်။ သူ၏အနုပညာလက်ရာကို 2013 ခုနှစ်မှစ၍ ကမ္ဘာတစ်ဝှမ်းရှိ သီးသန့်စုဆောင်းမှုများတွင် တွေ့ရှိနိုင်ပါသည်။ သူ၏လက်ရာသည် Cumberland Pencil Museum (UK) ရှိ ပြပွဲတစ်ခု အမြဲတမ်းပါဝင်ခွင့်ရရှိခဲ့ပြီး ပြပွဲရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာပါသည်။ ၎င်းသည် ဘော့စနီးယားနှင့်ဟာဇီဂိုဗီးနားနိုင်ငံမှ သေးငယ်သော ပန်းပုလက်ရာများ၏ဆုပေးပွဲတွင် Grand Pix Award ဆုကြီးကို ရရှိထားပါသည်။
၁။

၂။

၃။

၄။

၅။

၆။

၇။

၈။

၉။

၁၀။

၁၁။

၁၂။

၁၃။

၁၄။

၁၅။

၁၆။

၁၇။

၁၈။

၁၉။

၂၀။

Leave a Reply