၂၃ နှစ်အရွယ်နဲ့ ကလေး ၁၁ယောက် ရှိနေတာတောင် ကလေးတွေ ထပ်လိုချင်နေသေးတဲ့အမျိုးသမီး

ခရစ်တီနား အော့ဇ်တက်ခ် လို့ခေါ်တဲ့ အမျိုးသမီးဟာ အသက် ၂၃ နှစ်အရွယ်မှာတင် ကလေး ၁၁ ယောက် မိခင်ဖြစ်နေပါပြီ ။ သူမဟာ ဒီထက်ပိုပြီး ပျော်ရွှင်ဖို့ မဖြစ်နိုင်တော့ပါဘူး။

သူ့ကလေးတွေကိုလည်း အရမ်းချစ်တတ်ပြီး ဒီထက်ပိုကြီးတဲ့ မိသားစုကြီးတစ်ခု ဖြစ်လာဖို့ သူ စီစဉ်ထားတာပါတဲ့ ။ ဒါကြောင့်ပဲ သူမဘ၀အကြောင်းကို တစေ့တစောင်းသိရအောင် ကျွန်မတို့ အင်တာဗျူးခဲ့ပါတယ် ။

ပထမဆုံးကလေးဖြစ်တဲ့ ဗစ်တိုးရီးယား ကိုရတဲ့အချိန် သူမ အသက် ၁၇ နှစ်ပဲရှိပါသေးတယ် ။ သူမဟာ အဲဒီတုန်းက single mother တစ်ယောက်ပါ ။ ဒါပေမယ့် လက်ရှိ ခင်ပွန်းသည်နဲ့ ခရီးသွားရင်းတွေ့တဲ့အချိန်မှာတော့ သူမဘ၀ပြောင်းလဲခဲ့ပါတယ် ။

ခင်ပွန်းသည်ဟာ သူမကို မြင်မြင်ချင်း ချစ်မိခဲ့တာဖြစ်ပြီး နှစ်ယောက်သားလက်ထပ်ဖို့ ကလေးတွေ အများကြီးမွေးပေးဖို့ တောင်းဆိုခဲ့တာပါတဲ့ ။ ခရစ်တီးနားရဲ့ ကလေးတွေအများစုက တစ်ချိန်ထဲမွေးခဲ့တာ ဖြစ်ပြီး အသက်တွေကလည်း မတိမ်းမရိမ်းပါ ။ ဒီလို တစ်ချိန်ထဲ ကလေးတွေအများကြီး ရဖို့ ဆိုတာ မဖြစ်နိုင်ပေမယ့် သူမနဲ့ ခင်ပွန်းသည်က မိသားစုကြီးတစ်ခုဖြစ်လာအောင် အငှားကိုယ်ဝန်ဆောင်ခိုင်းခဲ့တာပါတဲ့ ။

သူမကိုယ်တိုင် သူတို့ကို မမွေးခဲ့ရင်တောင် သူမ ကလေးတွေရဲ့ သွေးသားအရ မိခင်အဖြစ် တော်စပ်တုန်းပါ ။ လင်မယားနှစ်ယောက်လုံးက နောက်ထပ် ကလေး ဒါဇင်နဲ့ချီပြီး ထပ်ယူဖို့ ဆန္ဒရှိနေသေးပေမယ့် အရေအတွက်ကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး။

သေချာတာတော့ သူတို့ကလေးတွေကို စောင့်ရှောက်ဖို့ ရွာတစ်ရွာစာလောက် လူအင်အား လိုပါလိမ့်မယ်။ သူမရဲ့ ခင်ပွန်းသည် ၅၆ နှစ်အရွယ် ရှိတဲ့ မီလီယျံနာ ပါတနာကြီးကတော့ မိသားစုရဲ့ လိုအပ်ချက်တိုင်းဖြည့်ဆည်းပေးနိုင်အောင် လုပ်ပေးတဲ့ စူပါ ဒက်ဒီပါပဲ ။ ခရစ်တီးနားကို ကလေးတွေ ကူပြီးစောင့်ရှောက်ပေးဖို့လည်း နန်နီတွေ အကူတွေအများကြီး ငှားပေးထားပါတယ်လို့ ပြောပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*