အင်တာနက်သုံးစွဲသူတချို့ မျှဝေထားကြတဲ့ စိတ်ကိုအေးချမ်းစေမယ့် အချက်များ

စိတ်ညစ်စရာ ပူပန်စရာတွေများလှတဲ့ လောကကြီးမှာ စိတ်ရဲ့ ငြိမ်းချမ်းရာကိုရှာပြီး အေးအေးဆေးဆေး အပူအပင်ကင်းကင်းနေရဖို့ဆိုတာ အင်မတန်ခက်ခဲလှပါတယ်။ ဒီလို ပင်ပန်းတဲ့အချိန်တွေမှာ ကျွန်မတို့လူသားတွေက တရားထိုင်တာ ယောဂကျင့်တာ ချစ်ရသူတွေနဲ့ အချိန်ဖြုန်းတာ ကော်ဖီလေး ရေနွေးကြမ်းလေးသောက်ရင်း စိတ်ခွန်အားဖြစ်မယ့် စာအုပ်တွေ စာစုတွေဖတ်တာ စသဖြင့် စိတ်ထွက်ပေါက်ကို ရှာလေ့ရှိပါတယ် ။
ဒါကြောင့် ဒီတစ်ခေါက်ဆောင်းပါးလေးမှာတော့ ကျွန်မတို့အနေနဲ့ ပရိသတ်တွေကို စိတ်ထွက်ပေါက်ရော စိတ်ခွန်အားကိုပါဖြစ်စေမယ့် သက်တောင့်သက်သာ​ြဖစ်စေတယ့် အချက်လေးတွေကို မေးမြန်းခဲ့ပါတယ်
အဲဒီကနေ ရရှိလာခဲ့တဲ့ အချက်လေးတွေကို စုစည်းပြီး အားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ပရိသတ်ကြီးတို့ရော …. စိတ်ပင်ပန်းလာရင် ဘာတွေ ဖတ်လေ့ လုပ်လေ့ ကြည့်လေ့ရှိလဲဆိုတာ ဒီဆောင်းပါးလေးအောက်မှာ ဝေမျှပေးသွားပါဦးနော်
၁။အိုဇုန်းအလွှာကြီးက သူ့ဘာသူ ဖြည်းဖြည်းချင်း ပြင်ဆင်နေပါတယ်တဲ့
အဲဒီလိုပဲ ကျွန်မတို့လည်း ဖြစ်ချင်တိုင်းဖြစ်မလာတဲ့ အရာအားလုံးကို ဖြည်းဖြည်းချင်း လုပ်ကိုင်သင့်ပါတယ်

Image source: BetterthanMew, Richard Gatley

၂။ ပင်လယ်ဖျံလေးတွေက အိပ်နေရင်းတောင် ပင်လယ်ထဲမှာ တစ်ကောင်နဲ့တစ်ကောင် မကွဲသွားအောင် လက်ချင်းတွဲထားတတ်ပါတယ်။
ချစ်ခင်ရသူတွေနဲ့ လက်ချင်းတွဲထားခြင်းကလည်း အားအင်တစ်ခုပါပဲ။

Image source: Mr_Moose_Moose, wikimedia

၃။ အိန္ဒိယ နီပေါ ဘူတန် ရုရှား နဲ့ တရုတ်တို့မှာ နှစ်စဉ် တိုးပွားလာတဲ့ ကျားကောင်ရေ
သူတို့ရဲ့ အနာဂတ်ကို တောထဲမှာ ဘေးကင်းစွာထိန်းသိမ်းနိုင်ဖို့ ဒီမျိုးစိတ်ကို အများကြီးအားစိုက်ထုတ်ကာကွယ်ဖို့လိုလာပါပြီ

Image source: SuvenPan, Vincent van Zalinge

၄။ ဆွစ်ဇာလန်က အချိန်ဘဏ် လို့ခေါ်တဲ့ ဘိုးဘွားတွေကို စောင့်ရှောက်ပေးဖို့ လုပ်အားပေးရတဲ့ အလုပ်။
လုပ်အားပေးသူတွေ အသက်ကြီးလာတဲ့အချိန်မှာတော့ သူတို့လိုအပ်တဲ့ အကူအညီ မှန်သမျှကို အချိန်ဘဏ်က ပြန်လည် ထောက်ပံ့ပေးမှာပါတဲ့
အရမ်းကောင်းတဲ့ အစီအစဉ်လေးမလို့ ၃၄ နိုင်ငံက စပြီးကျင့်သုံးနေပါပြီ
လူသားချင်းစာနာထောက်ထားမှုရဲ့ အကျိုးရလဒ်တစ်ခုပေါ့

Image source: ek_su_as, Matthias Zomer

၅။ သဘာ၀တရားကြီးက ဖန်တီးပေးထားတဲ့ မိုးနတ်ချ် လိပ်ပြာ

Image source: alpacaification, Cindy Gustafson

၆။ ရုပ်ရှင်ထဲမှာ ပါဝင်ရလို့ အရမ်းပျော်ရွှင်ပြီး အမြှီးလေးလှုပ်ရမ်းနေလွန်းလို့ ပုံရိပ်ယောင်အမြှီးတု ထည့်ပေးထားရတဲ့ အာ၀ုလေးများ

Image source: Aggravating-Team8249, Artem Beliaikin

၇။ သင့်အနေနဲ့ တကယ်ပဲ ရှက်စရာအကောင်းဆုံးလုပ်ရပ်က ဘာများလဲ
ဒါကို အများစုကတော့ မမှတ်မိတတ်ကြပါဘူး ။မှတ်မိနေတယ်ဆိုရင်လဲ သင့်ကို လောကကြီးက ဘာနဲ့မှ နှိုင်းယှဉ်လို့မရတဲ့ သင်ခန်းစားပေးပြီးလောက်ပါပြီ။

Image source: ForsakenDirection932,karatara

၈။ မတော်တဆ တက်နင်းမိရင်တောင် သခင့်အပေါ် သည်းခံတတ်ကြတဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေ။
လူတွေရော အဲဒီလောက် ခံနိုင်ရည် ပြည့်၀ပြီလား။

Image source: fluffybear45, CJ Infantino

၉။ ကလေး သူငယ် အကြမ်းဖက်မှုကို ဆန့်ကျင်ကြတဲ့ biker အဖွဲ့

Image source: buffkirby, Paul L Dineen

၁၀။ ချာနိုဘိုင်လ် ထဲက ဇာတ်ဝင်ခန်း
ကျွန်မတို့ ဘယ်လောက်ပဲ ဆိုးဝါးစွာ ဒဏ်ရာတွေ ရရ လောကကြီးက ကုစားပေးသွားမှာပါ။

Image source: quietfangirl

၁၁။ အမေကိုယ်တိုင်ထိုးပေးတဲ့ ဆွယ်တာကို ဝတ်ဆင်ထားတဲ့ မစ္စတာ ရော်ဂျာ

Image source: vgvvhvhjvvb

၁၂။ ခွေးလေးတွေက သင်အိမ်က ထွက်သွားတဲ့အချိန် ကျန်ခဲ့တဲ့ အနံ့နဲ့ ဘယ်အချိန်သင်အိမ်ပြန်လာမလဲဆိုတာ ခန့်မှန်းတတ်ပါတယ်တဲ့

Image source: 1sno, Kara Eads

၁၃။ ပန်းပွင့်လေးတွေ ရှိနေကြောင်းကို ကခုန် အချက်ပေးတတ်တဲ့ ပျားပိတုန်းလေးများ

Image source: ILoveBydgoszcz, Dmitry Grigoriev

၁၅။ ဆွစ်ဇာလန်မှာ ပူးကိုတစ်ကောင်ထဲမွေးတာက တရားမဝင်ပါဘူး။ ပူးလေးတွေဟာ အထီးကျန်တာကြောင့် သူတို့ကို အနည်းဆုံး နှစ်ကောင်တော့မွေးရပါမယ်တဲ့

Image source: ILoveBydgoszcz, Pixabay

၁၆။ သင့်ကို ကမ္ဘာ့လူဦးရေရဲ့ ၉၉ ရာခိုင်နှုန်းက ဆွဲဆောင်မှုမရှိဘူး ပြောရင်တောင် ၇၈ မီလီယျံ ကျန်ပါသေးတယ်တဲ့

Image source: trevorium117, Joseph Chan

၁၇။ ခွဲခန်းထဲဝင်တဲ့အချိန် မေ့ဆေးပေးခံရပြီးနောက် မနိုးတော့မှာကြောက်နေတာလား
မစိုးရိမ်ပါနဲ့ မေ့ဆေးပေးပြီး မနိုးလာတာက အင်မတန်မှကို ရှားပါတယ် ။ သင်ကြားဖူးထားတဲ့ အဲဒီလိုဖြစ်ပျက်ထားတယ်ဆိုတဲ့ ကိစ္စကလည်း အကုန်လုံးကောင်းကောင်းမွန်မွန်နဲ့ အောင်မြင်စွာ ပြီးဆုံးသွားတဲ့ ထပ်တူ ခွဲစိတ်မှုတွေထောင်ချီပြီးရှိပြီးသားပါ။
သင့်အနေနဲ့ ကောင်းတဲ့ဘက်က အတွေးလေးပဲတွေးဖို့ လိုအပ်တာပါ။

Image source: Icy-Revolution1706, Pixabay

၁၈။ တိရိစ္ဆာန်လေးတွေကို ပွေ့ဖက်ခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်

Image source: Level-Class-8367, Mel Elías

၁၉။ တောကြီးပင့်ကူတွေက ဖားငယ်လေးတွေကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးလေ့ရှိပါတယ်

Image source: cagascorreggia

၂၀။ ယုန်လေးတွေချည်းပဲ နေထိုင်ကျက်စားတဲ့ကျွန်း ဂျပန်မှာ ရှိပါတယ်
ဖြူစင်ပြီးချစ်ဖို့ကောင်းတဲ့ ယုန်လေးတွေက သင့်စိတ်ကို အမောပြေစေမှာ အမှန်ပါ

Image source: Gyor-Moson-Sopron, Lucie Hošová

Be the first to comment

Leave a Reply

Your email address will not be published.


*