သိပ္ပံပညာရှင်တွေ မဖြေရှင်းနိုင်သေးတဲ့ လျှို့ဝှက်ဆန်းကြယ်သောအရာများ

ရှေးခေတ်အခါထဲကကျွန်တော်တို့လူသားတွေဟာထူးခြားဆန်းကြယ်လှတဲ့အရာတွေကိုဖြေရှင်းနိုင်ဖို့အတွက်ကြိုးစားခဲ့ကြပါတယ်။ထိုအရာတွေထဲကမှအများစုကိုတော့ ကျွန်တော်တို့ဟာသိပ္ပံပညာနဲ့ဖြေရှင်းနိုင်ခဲ့ကြပြီး ထိုထဲကမှယုံကြည်နိုင်ဖို့ခက်ခဲလှတဲ့ အချို့အရာတွေဟာလည်းမဖြေရှင်းနိုင်ဘဲရှိနေပါသေးတယ်။ဒီဆောင်းပါးထဲမှာတော့ သိပ္ပံပညာနဲ့ဖြေရှင်းနိုင်ခြင်းမရှိသေးတဲ့ လူနဲ့ သဘာဝမှဖြစ်ရပ်ဆန်းတွေကိုစုစည်းတင်ပြပေးလိုက်ပါတယ်။

(၁)ရေဆူနေသောမြစ်

Andrés Ruzo လို့အမည်ရတဲ့ ကောင်လေးတစ်ဦးဟာသူ့ရဲ့အဖိုးဆီကနေ ထိုမြစ်နဲ့ပက်သက်တဲ့ ဒဏ္ဍာရီပုံပြင်များစွာကို အမြဲတမ်းကြားခဲ့ရပါတယ်။ သူ့ရဲ့အိမ်မက်ကတော့ ဒီမြစ်နဲ့ပက်သက်တဲ့အရာတွေကိုလေ့လာဖို့ဘဲဖြစ်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာတော့ သူဟာ ဘူမိဗေဒပညာရှင်ဖြစ်လာခဲ့ပြီး အဲ့ဒီရေဆူနေသောမြစ်ကိုတော့ ၂၀၁၁ ခုနှစ်မှာ ဒေသခံများရဲ့အကူအညီနဲ့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ထိုမြစ်ရေရဲ့အပူချိန်ဟာ ၈၆ ဒီဂရီဆဲလ်ဆီးရပ် ၁၈၆ ဒီဂရီဖာရင်ဟိုက်ထိရှိပြီး ထိုမြစ်ရေရဲ့ထူးခြားဆန်းကြယ်လှတဲ့အချက်ကတော့ သူ့နဲ့အနီးဆုံးမီးတောင်ကနေတာ ကီလိုမီတာ၇၀၀လောက်ကွာဝေးနေတာကြောင့်ဖြစ်ပါတယ်။

(၂)Bralorney ပြတိုက်မှဓာတ်ပုံ

ထိုဓာတ်ပုံကတော့ ၁၉၄၁ ခုနှစ် ကနေဒါနိုင်ငံမှ Gold Bridge တံတားဖွင့်ပွဲမှ ဓာတ်ပုံတစ်ခုဖြစ်ပါတယ်။ ထိုဓာတ်ပုံထဲက လူအုပ်ကြားထဲမှ အမျိုးသားတစ်ဦးဟာ ၁၉၄၀ခုနှစ်ဝန်းကျင်တုန်းက ဖက်ရှင်မဟုတ်တဲ့ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။ ထိုအမျိုးသားဟာ ဇစ်ပါတဲ့ hoodie နဲ့ ၂၁ရာစုနှစ်ထုတ် Logo ပါတဲ့ တီရှပ်ကိုဝတ်ဆင်ထားပြီး လက်ထဲမှာလည်း ခရီးဆောင်ကင်မရာတစ်လုံးကို ကိုင်ထားတာကိုတွေ့ရပါတယ်။အချို့သူများကတော့ ထိုအမျိုးသားဟာအ ချိန်ခရီးသွားတစ်ဦးဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

(၃)အမေဇုန်မိုးသစ်တောအတွင်းမှ ဘူမိရုပ်ပုံများ


အမေဇုန်တောရဲ့နေရာတစ်နေရာတွင် ဟင်းလင်းပြင်ဖြစ်နေတဲ့ကွင်းပြင်တွေကို သိပ္ပံပညာရှင်များ လေ့လာလိုက်တဲ့အခါမှာတော့ များစွာသောဘူမိရုပ်ပုံတွေကိုတွေ့ခဲ့ရပါတယ်။ ကျွမ်းကျင်သူများဟာ ဘရာဇီးနဲ့ ဘိုလီဗီယားမြောက်ပိုင်းဒေသတွေမှာ ဘူမိရုပ်ပုံ ၄၅၀ခန့်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ အများစုဟာရှေးကျလွန်းတဲ့ ဘူမိရုပ်ပုံတွေဖြစ်ပြီး သူတို့ရဲ့သက်တမ်းကတော့ နှစ်ပေါင်း ၃၀၀၀ ကနေ ၃၅၀၀ အတွင်းရှိပါတယ်။ ဒီဘူမိရုပ်ပုံများနဲ့ပက်သက်တဲ့ အဓိကသီအိုရီတစ်ခုကတော့ အစည်းအဝေးများ ဆွေးနွေးခြင်းများနဲ့ ထုံးတမ်းအစဉ်အလာတွေအတွက် ရေးဆွဲထားတယ်လို့ သိရပါတယ်။

(၄)ရေခဲသွားခဲ့တဲ့မိန်းကလေး


၁၉၈၀ခုနှစ်ဒီဇင်ဘာ၂၀ရက်နေ့မှာတော့ Jean Hilliard ဆိုတဲ့မိန်းကလေးတစ်ဦးဟာ နှင်းများကျဆင်းနေတဲ့ Lengby မြို့ Minnesotaပြည်နယ်မှာရှိတဲ့ သူ့မိဘရဲ့အိမ်ကိုတစ်ယောက်ထဲကားမောင်းလာခဲ့ပါတယ်။ထိုအချိန်မှာ သူမရဲ့ကားဟာရုတ်တရက်စက်ရပ်သွားခဲ့တာကြောင့် သူမဟာ အနီးနားမှာရှိတဲ့ဘသူငယ်ချင်းရဲ့အိမ်ကိုလမ်းလျောက်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။အလွန်အေးတဲ့ရာသီဥတုကြောင့် သူမဟာသတိလစ်သွားခဲ့ပြီး နှင်းတွေထဲမှာ ၆နာရီကြာအောင်လဲနေခဲ့ပါတယ်။ထိုအချိန်မှာ‌တော့ လေထုရဲ့အပူချိန်ဟာ(-၂၂)ဒီဂရီစင်တီဂရိတ်ထိရှိနေခဲ့ပါတယ်။သူမကိုဆေးရုံကိုခေါ်သွားတဲ့အချိန်မှာတော့ သူမမှာအသက်ရှိနေတဲ့လက္ခဏာတွေမတွေ့ရဝော့ဘဲ၊အရေပြားဟာလည်းတောင့်တင်းမာကျောနေတာကြောင့်ဆေးထိုးလို့လည်းမရခဲ့ပါဘူး။ဆရာဝန်တွေကတော့ Jean ဟာသေဆုံးသွားပြီလို့ဆုံးဖြတ်ခဲ့ကြပါတယ်။အချိန်အနည်းငယ်ကြာလို့ရေခဲတွေပျော်လာတဲ့အခါမှာတော့သူမဟာအနည်းငယ်လှုပ်လာပါတယ်။သုံးရက်ကြာပြီးနောက်မှာတော့ သူမရဲ့ခြေလက်တွေလှုပ်လာခဲ့ပြီး ၆ပတ်ကြာတဲ့အခါမှာတော့သူမဟာလုံးဝကျန်းမာလာခဲ့ပါတော့တယ်။

(၅)တစ္ဆေသင်္ဘာCarroll A. Deering


Carroll A. Deeringဟာအမေရိကန်ရဲ့နာမည်ကျော်ကြားလှတဲ့တစ္ဆေသင်္ဘောတစ်စင်းဖြစ်ပါတယ်။ထိုသင်္ဘောဟာ၁၉၁၂ခုနှစ်မှာသင်္ဘောသားတစ်ဦးမှမရှိဘဲတွေ့ရှိခဲ့တာဖြစ်ပါတယ်။ထိုသင်္ဘောကိုတွေ့တဲ့အချိန်မှာတော့ဘအစားအစာများစွာပြည့်နေပြီးမှတ်တမ်းစာအုပ်တွေ သင်္ဘောသားအသုံးအဆောင်ပစ္စည်းတွေနဲ့ ကျော်ဆူးတွေလည်းရှိနေပါတယ်။ဒါပေမယ့် သင်္ဘောရဲ့ စတီယာရင်ကတော့ ကျိုးနေပါတယ်။၁၉၂၂ခုနှစ်နှစ်ကုန်ပိုင်းမှာတော့ ဒီသင်္ဘောနဲ့ပက်သက်တဲ့အဖြေကိုသိချာမသိရဘဲ စစ်ဆေးမှုတွေရပ်တန့်ခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*