သိပ္ပံပညာရှင်တွေ ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေတဲ့ မျိုးသုဉ်းသွား‌သော တိရစ္ဆာန်များ

လက်ရှိကမ္ဘာမြေပေါ်တွင် မျိုးသုဉ်းသွားသော မျိုးစိတ်များစွာရှိသည်မှာ ကျွန်ုပ်တို့သိရှိပြီး ဖြစ်မှာပါ။ ထိုအရာတွေက အံ့ဩစရာတော့  မ‌ဟုတ်လောက် တော့ပါဘူး။ ကံကောင်းတာက ကျွန်တော်တို့ ကမ္ဘာပေါ်က သိပ္ပံပညာရှင်များဟာ မျိုးသုဉ်းပျောက်ကွယ်သွားပြီ ဖြစ်တဲ့ ထိုတိရစ္ဆာန်ကြီးများကို ပြန်လည်ခေါ်ဆောင်ကာ ရှင်သန်စေဖို့ကို ကြိုးစားနေကြတာ ဖြစ်ပါတယ်။

(၁) အမွှေးရှည်ဆင်ကြီး


အရွယ်အစား : အထီးများရဲ့ ပခုံးက အမြင့် ၈.၉ ပေ နှင့် ၁၁.၂ ပေ ကြားမြင့်ပြီး အလေးချိန်က ၆ တန်ခန့် ရှိကြပါတယ်။

နေထိုင်ခဲ့သောနေရာ : အာရှအရှေ့ပိုင်း ။

မျိုးသုဉ်းခဲ့သောကာလ : လွန်ခဲ့သော နှစ် ၄၀၀၀ ခန့်။

ဆက်နွယ်သောမျိူးစိတ် : အာဖရိက ဆင်။

(၂) တောရိုင်းမြင်းကျား

အရွှယ်အစား : အမြင့်က ၄.၅ ပေခန့်မြင့်ကြပြီး ၈.၅ ပေရှည်လျားကြပါတယ်။

နေထိုင်ခဲ့သောနေရာ : အာဖရိက တောင်ပိုင်း။

မျိူးသုဉ်းခဲ့သောကာလ: ဆယ့်ကိုးရာစု နှောင်းပိုင်း။

ဆက်နွယ်သောမျိူးစိတ် : မြင်းကျား ။

(၃) ဆင် အရွယ်အစားလောက် ရှိတဲ့ ငှက်ကြီး

အရွယ်အစား : အလေးချိန် ပေါင် ၁၆၀၀ ခန့်ရှိပြီး အမြင့်ပေ ၉.၈ ပေ ခန့် မြင့်ကြပါတယ်။

နေထိုင်ခဲ့သောနေရာ : မက်ဒါဂတ်စကာ

မျိုးသုဉ်းခဲ့သောကာလ : အေဒီ ၁၀၀၀ မှ ၁၂၀၀ ကြားခန့်။

ဆက်နွယ်သောမျိုးစိတ် : ကီဝီ ငှက်။

(၄) ဘိုင်ဂျီ (တရုတ်နိုင်ငံ မြစ်များတွင် ကျက်စားတဲ့ လင်းပိုင် )

အရွယ်အစား : အထီးများဟာ အလျား ၇.၅ ပေရှည်ပြီး အမကောင်များဟာ ၈.၂‌ ပေ ရှည်လျား ကြီးထွားကြပါတယ်။

နေထိုင်ခဲ့သောနေရာ : တရုတ်နိုင်ငံ။

မျိုးသုဉ်းခဲ့သောကာလ : 2002 ခုနစ်။ (သိပ်မကြာသေး)

ဆက်နွယ်သောမျိုးစိတ် : တရုတ်လင်းပိုင်ဖြူ။

(၅) ‌သင်းခွေချပ်အကြီးစား Glyptodont


အရွယ်အစား : ၁၂ ပေရှည်လျားပြီး ၁.၅ ပေအထက် မြင့်ကြပါတယ်။

နေထိုင်ခဲ့သောနေရာ : အမေရိက တောင်နှင့်မြောက်ပိုင်း။

မျိုးသုဉ်းခဲ့သောကာလ : လွန်ခဲ့သော နှစ်ပေါင်း ၇၀၀၀ နှင့် ၈၀၀၀ အကြား။

ဆက်နွယ်သောမျိုးစိတ် : သင်းခွေချပ်။

(၆) Pyrenean တောင်ဆိတ်ကြီး

အရွယ်အစား : ခန္ဓာကိုယ်က ၅ ပေထိရှည်လျားပြီး ပုခုံးထိအမြင့်မှာ ၃၀ လက်မ ရှိကြပါတယ်။

နေထိုင်ခဲ့သောနေရာ : ဥရောပ အနောက်တောင်ပိုင်း။

မျိုးသုဉ်းခဲ့သောကာလ : နောက်ဆုံးအသက်ရှင်နေထိုင်တဲ့ Purenean တောင်ဆိတ်က ၂၀၀၃ ခုနစ်တွင်မွေးဖွားခဲ့ပြီး အဆုတ်ချွတ်ယွင်းမှုကြောင့် မွေးပြီး ၇မိနစ်အကြာတွင် သေဆုံးသွားခဲ့ပါတယ်။

ဆက်နွယ်သောမျိုးစိတ် : ‌တောင်ဆိတ်ရိုင်း ။

(၇) ဒိုဒို ငှက်

အရွယ်အစား : အမြင့် ၃.၃ ပေ။

နေထိုင်ခဲ့သောနေရာ : မော်ရစ်ရှပ်နိုင်ငံ ( Mauritius)။

မျိုးသုဉ်းခဲ့သောကာလ : ၁၇ ရာစုအတွင်း ။

ဆက်နွယ်သောမျိုးစိတ် : နီဂိုဘာ ခို။

(၈) တက်‌မေနီးရန်း ကျား

အရွယ်အစား : ၃၉ လက်မနှင့် ၅၁ ကြားရှည်လျားပြီး ၂၄ လက်မ မြင့်ကြပါတယ်။

နေထိုင်ခဲ့သောနေရာ : နယူးဂီနီယာ နှင့် ဩစတြေးလျ။

မျိုးသုဉ်းခဲ့သောကာလ : ၂၀ ရာစုနှစ်ပိုင်းတွင်း။

ဆက်နွယ်သောမျိုးစိတ် : တက်မန်းနီးရန်း တောရိုင်း ကျားနှင့် numbat။

(၉) ကုန်းပိုင်း တောရိုင်းအကြီးစားဝက်ဝံ။

အရွယ်အစား : ပေ ၂၀ ရှည်လျားပြီး အလေးချိန်ပေါင် ၆၆၀၀ ခန့် လေးကြပါတယ်။

နေထိုင်ခဲ့သောနေရာ : အမေရိက တောင်ပိုင်း ။

မျိုးသုဉ်းခဲ့သောကာလ : လွန်ခဲ့သောနှစ်ပေါင်း ၁၁၀၀၀ ၀န်းကျင်အတွင်း။

ဆက်နွယ်သောမျိုးစိတ် : ၀က်ဝံ။

(၁၀) အစွယ်ရှည်ပါသော ကျား

အရွယ်အစား : အကြီးဆုံးမျိုးစိတ်တွေက ပေါင် ၄၈၅ မှ ၉၆၁ အကြား အလေးချိန် ရှိကြပြီး ၃၉ လက်မ မြင့်ကြပါတယ်။

နေထိုင်ခဲ့သောနေရာ : အမေရိက တောင်ပိုင်းနှင့် မြောက်ပိုင်း ။

မျိုးသုဉ်းခဲ့သောကာလ : လွန်ခဲ့သော နှစ်တစ်သောင်းခန့်။

ဆက်နွယ်သောမျိုးစိတ် : ကျား။

Be the first to comment

Leave a Reply

Your email address will not be published.


*