သင့်ရဲ့စိတ်ကို လှုပ်ကိုင်နိုင်မယ့် အိပ်မက်ဆန်တဲ့ တက်တူးပုံစံတွေကို ဖန်တီးခဲ့တဲ့ တက်တူးပညာရှင်

ခေတ်သစ်အနုပညာရှင်တွေ ဖန်တီးထားကြတဲ့ တက်တူးတွေက လုံး၀ကို အံ့ဩမှင်တက်စရာပါပဲ။ သို့သော်လည်း ဒီနေ့ ဆောင်းပါးအတွက် ကျွန်မတို့ရဲ့ ဇာတ်လိုက်ကတော့
” အာလို ဒီ ခရစ္စတီနာ ” ပါ ။
ခန္ဓာကိုယ်တက်တူး အနုပညာကို နောက်အဆင့်သစ်တစ်ခုထိ ခေါ်ဆောင်ပေးသွားနိုင်တဲ့ တစ်ယောက်ပေါ့ ။ နောက်ထပ် တက်တူးပါရမီရှင် ရိုင်ယန်အက်ရှ်လေ မလာကီး ရဲ့ အမျိုးသားအနေနဲ့ အာလိုဟာ ထူးထူးဆန်းဆန်း သူ့ရဲ့ မိန်းမနဲ့ မယှဉ်ပြိုင်ခဲ့ပါဘူး
အဲဒီအစား သူ့မှာ သူ့ရဲ့ ကိုယ်ပိုင်ထူးခြားတဲ့စတိုင်ရှိနေပြီး အင်စတာဂရမ်မှာ ပရိသတ်ပေါင်း ခြောက်သိန်းကျော်က တော်တော်လေး ချီးကျူးတာကို ခံရသူပါ
အာလိုတစ်ယောက် လူတွေရဲ့ ခန္ဓာကိုယ်ကို ပန်းချီပိတ်ကားအနေနဲ့သုံးပြီး ကျွန်မတို့ခေါင်းမူးသွားတဲ့အထိ အသက်ဝင်လှတဲ့ သူ့ရဲ့ တက်တူးဖန်တီးမှုတွေကို ပရိသတ်အားလုံးကို ကြည့်ခွင့်ရအောင် ဒီဆောင်းပါးလေးကို တင်ဆက်ပေးလိုက်တာပါ

© arlotattoos / Instagram
© arlotattoos / Instagram
© arlotattoos / Instagram
© arlotattoos / Instagram
© arlotattoos / Instagram
© arlotattoos / Instagram
© arlotattoos / Instagram
© arlotattoos / Instagram

သူ အသက် ၁၇နှစ် အရွယ်ထဲက သူဟာ သူ့ထက်အသက်ကြီးတဲ့သူတစ်ယောက်ကို ပထမဆုံး တက်တူးထိုးတဲ့စက်ကို ဝယ်ပေးဖို့ အကူအညီတောင်းခဲ့တယ် ။ သူ့ရဲ့အသက်ဟာ ဒါကို သူကိုယ်တိုင် တရားဝင်ဝယ်ယူနိုင်တယ့် အသက်အရွယ်မရောက်ခဲ့သေးဘူးလေ ။
အခင်ဆုံးသူငယ်ချင်းတွေအတွက် တက်တူးရွေးဆွဲပေးရာကနေ ဒီနယ်မြေမှာ သူဟာ
မထင်မှတ်ထားတဲ့ အောင်မြင်မှုမျိုးရခဲ့တယ် ။
အဲဒီလိုနေ့ရက်ရောက်လာတဲ့အခါ သူ့ရဲ့ တက်တူးထိုးတဲ့ လက်ရည်တွေ တိုးတက်လာတာကိုလည်း သူမြင်ခဲ့တယ် ။ သူ့ဘ၀ကို အားလုံး ပုံအပ်ခဲ့ တယ်
ဒီ​နေ့မှာတော့ ကမ္ဘာတစ်လွှား တက်တူးချစ်သူတွေကြားထဲမှာ သူ့နာမည်က ထိပ်ဆုံးတစ်ယောက်အနေနဲ့ ပါဝင်နေပါတယ်။

© arlotattoos / Instagram
© arlotattoos / Instagram
© arlotattoos / Instagram
© arlotattoos / Instagram

အခုဆိုရင်တော့ အာလို ဒီခရစ္စတီနာဟာ Elysium Studio လို့ခေါ်တဲ့ တက်တူးဆိုင်ကို ကော်လိုရာဒို ဂရန်း ဂျန်းရှင်း နားမှာ ဖွင့်လှစ်ထားပါတယ်
လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး သူကျော်ကြားလာခဲ့ပြီး ဆိုရှယ်လ်မီဒီယာမှ သူ့ရဲ့ ပရောဂျက်က အုန်းအုန်းထခဲ့ပါတယ် ။ အားလုံး ချီးမွမ်းကြတဲ့ သူ့ရဲ့ အိပ်မက်ဆန်တဲ့ ပုံစံနဲ့ ပုံတူပန်းချီမျိုးကို ဖန်တီးခဲ့ပါတယ်။
အဲဒီနောက်ပိုင်းတော့ သူ့မှာ ပရိသတ်တွေ ပိုများလာပြီး သူ့ရဲ့ followers တွေကြားထဲမှာ ပိုရေပန်းစားလာခဲ့ပါတယ် ။

© arlotattoos / Instagram
© arlotattoos / Instagram

ကဲ ပရိသတ်ကြီးတို့လည်း ဒီပုံလေးတွေကြည့်ပြီး အမိုက်စား တက်တူးလေးတွေ ပြေးထိုးချင်သွားကြပြီလား မှတ်ချက်လေးတွေ ပေးသွားကြဦးနော်

Be the first to comment

Leave a Reply

Your email address will not be published.


*