သင့်ကိုအန္တရာယ်ဖြစ်စေနိုင်မယ့် ကမ်းခြေသဲသောင်ပြင်ပေါ်က သတ္တဝါများ

နေသာတဲ့နေ့တစ်နေ့မှာ ‌ကမ်းခြေတွင် အပန်းဖြေအနားယူခြင်းက ဘယ်အရာနဲ့မှ မလှဲနိုင်လောက်အောင်ပါပဲ။သို့သော် ကမ်းခြေတွင်ရှိတဲ့ ဒီလိုအကောင်ငယ်လေးများနဲ့တွေ့မိပါက မမျှော်လင့်ပဲ မလုံခြုံမပျော်ရွှင်တဲ့အပန်းဖြေခရီးလေး ဖြစ်သွားနိုင်ပါတယ်။ပင်လယ်သတ္တဝါများ ၊ ခရုများ ၊ကြယ်ငါးများ ၊ နှင့် လှပြီးအဆိပ်ပြင်းတဲ့မြွေများက သင်နေရောင်ခံအပန်းဖြေနေတဲ့ချိန် ဘေးမှာ လာရှိနေပါလိမ့်မယ်။

(၁)Portuguese Man o’ War

credit photo

Portuguese Man o’ Warများဟာ ဂျယ်လီငါးနဲ့တူတယ်လို့ထင်ရပေမဲ့ အမှန်တကယ်က Zooideလို့ခေါ်တဲ့ သေးငယ်တဲ့ သတ္တဝါအမျိုးစားမျိုးဖြစ်ပါတယ်။A Portuguese man o’ warတွင် ငါးတစ်ကောင်ကို နာကျင်ပြီး သေလောက်အောင် လုပ်နိုင်တဲ့ အစွမ်းထက်လက်နက်ရှိပါတယ်။ဤတိရိစ္ဆာန်များဟာ အတ္တလန္တိတ်နှင့်အိန္ဒိယသမုဒ္ဒရာတို့တွင်နေထိုင်ကြပါတယ်။ဒီအကောင်ကြောင့် လူသေခဲ့တဲ့ အဖြစ်ပျက်ရှိခဲ့သော်လည်း မကြာခဏဖြစ်ပျက်လေ့မရှိပါဘူး။

(၂)Cone snails

credit photo

သင်ကမ်းခြေကို ခဏခဏရောက်ဖူးပါက ရောင်စုံအခွံများ သဲသောင်ပြင်ပေါ်တွင် ရှိနေတာကိုမြင်ဖူးပါလိမ့်မယ်။အခွံထဲတွင် အဆိပ်ရှိသော ခရုများရှိနေတတ်တာကြောင့် နောက်တစ်ကြိမ် ကမ်းခြေရောက်ပြီး ထပ်တွေ့ခဲ့ပါက သတိထားဖို့လိုပါတယ်။အဲ့ဒီခရုနဲ့ဆုံပြီးနှောက်ယှက်ခံရပါက သင့်ကို သူ့ရဲ့အချွန်နဲ့ အရေပြားကို ထိုးဖောက်နိုင်ပါတယ်။ခရုခွံက ကြီးပြီး တောက်ပ လေ အထဲမှာ အန္တာရာယ်ပိုရှိတဲ့ ခရုကနေတတ်လေ ဖြစ်ပါတယ်။သေးငယ်တဲ့ အကောင်တွေကအန္တရာယ်နည်းပါးပေမဲ့ပိုကြီးတဲ့အ‌ေကာင်တွေဟာသေစေနိုင်ပါတယ်။

(၃)Sea urchins

credit photo

Sea urchins များဟာ ကမ္ဘာတဝှမ်းရှိသမုဒ္ဒရာအားလုံးတွင်နေထိုင်သောတိရစ္ဆာန်များဖြစ်ပါတယ်။ သူတို့ရဲ့ ချွန်ထက်သော အစူးများနှင့် သူတို့ကိုယ်သူတို့ အလွန်ထိရောက်စွာ ကာကွယ်နိုင်ကြပါတယ်။သူတို့ရဲ့ အဆိပ်များဟာ လူကိုဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပြီး ထိုးဖောက်မိလျှင်အရေပြားနှင့်အရိုးများကိုပင်ပျက်စီးစေနိုင်ပါတယ်။သို့သော် သဘာဝအမှတ်တရ ပစ္စည်းများကိုကြိုက်နှစ်သက်ပြီး စုဆောင်းသူများအတွက် Sea urchins ကောင်အခြောက်ခွံဟာ လှပပြီး အန္တရာယ်ကင်းပါတယ်။

(၄)Beakedပင်လယ်မြွေ

credit photo

The Beaked Sea Sankeဟာ ပင်လယ်မြွေများအနက် ရန်လို ရန်ပြုတတ်တဲ့ မျိုးစိတ်တစ်ခုဖြစ်ပါတယ်။၎င်း‌ေမြွ ဟာ လူကိုသေစေနိုင်လောက်တဲ့အထိ အလွန်အဆိပ်ပြင်းပါတယ်။သူတို့ဟာ ပုံမှန်အားဖြင့် လူများကို တိုက်ခိုက်လေ့မရှိသော်လည်း သူတို့အန္တရာယ်ရှိသည်ဟု ခံစားမိပါက သူတို့ကိုယ်သူတို့ ကြိုးစားကာကွယ် တတ်ကြပါတယ်။

(၅)Crown-of-thorns starfish(ဆူးကြယ်ငါး)

credit photo

ဒီကြယ်ငါးဟာ အဆိပ်ပြင်းတဲ့ ဆူးများရှိတာကြောင့် Crown of thorns ကြယ်ငါးဟု အမည်ရရှိခဲ့တာဖြစ်ပါတယ်။‌အဆူးများဟာ တခြားသားကောင်ရဲ့tissueအတွင်းထဲသို့ ထိုးဖောက်ကာ အဆိပ်များထည့်စေတတ်ပါတယ်။၎င်း အဆိပ်မိထားသော လူတစ်ယောက်ဟာ ကြာရှည်စွာ ကိုက်ခဲနေတတ်ပြီး ပျို့အန်လာကာ ပြင်းထန်တဲ့နာကျင်မှုများ အကျိုးဆက်များကိုဖြစ်ပေါ်စေတတ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*