လူတိုင်း မမြင်ဖူး‌ သေးတဲ့ထူးဆန်းသောအရာများ-ဓာတ်ပုံ(၂၀)

သဘာ၀တရားဟာ ထူးဆန်းသောအရာများနှင့် ပြည့်နှက်လို့နေပါတယ်။ရေလွှမ်းမှုရန်မှ ကာကွယ်နိုင်ရန်အတွက် အမြင့်ပိုင်းကို အတူတကွစုရုံးသွားနေကြတဲ့ ပုရွတ်ဆိတ်နီများကိုကြည့်ခြင်းအားဖြင့် မိခင်သဘာဝကြီးဟာ ကျွန်ုပ်တို့အား အစဉ်အမြဲအံ့ဩစေသောအရာတွေကို ယူဆောင်လာပေးတတ်ပါတယ်။

(၁)စွန့်ပစ်ထားတဲ့ဆိုင်ကယ်ကိုပတ်ကာပေါက်နေတဲ့သစ်ပင်။

(၂)အနီရောင်နှုတ်ခမ်းဖျားရှိတဲ့ငါးကိုနှုတ်ဆက်လိုက်ပါအုံး။သူရဲ့နှုတ်ခမ်းစူနေခြင်းက အနည်းငယ်မနာလိုစရာကောင်းလှပါတယ်။

(၃)နှစ်စဉ်နှစ်တိုင်း သန်းနှင့်ချီသော ဂဏန်းများသည် သားပေါက်ရန်အတွက် ခရစ်စမတ်ကျွန်းဆီကို ခရီးနှင်လာကြပါတယ်။

(၄)အရွက်တစ်ခုလိုခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့ပိုးကောင်တစ်ကောင်။

(၅)ရေလွှမ်းမိုးမှုဘေးမှ လွတ်မြောက်နိုင်ရန်အတွက် ကိုယ်ပိုင်ကျွန်းလေးတစ်ခု ဖန်တီးခဲ့ကြတဲ့ပုရွက်ဆိတ်များ။

(၆)မိမိရဲ့သားပေါက်လေးတွေကိုကိုယ်ပေါ်တင်ဆောင်ကာစောင့်ရှောနေတဲ့ မိချောင်းတစ်ကောင်။

(၇)တရုတ်နိုင်ငံရှိ Hukouရေတံခွန် သည် အဝါရောင် အဆင်းရှိပြီ ထိုအရာက သူ့ကိုထူးခြားသောအရာအဖြစ်တည်ရှိနေပါတယ်။

(၈)တစ်ခြားသစ်ပင်တွေလိုဖြောင့်တန်းစွာမပေါက်ဘဲ လိမ်ကောက်ကာပေါက်နေတဲ့သစ်ပင်။

(၉)လမ်းမပေါ်မှာအ‌ပူအပန်ကင်းစွာအိပ်စက်နေကြတဲ့ တောင်အာဖရိကမှခြင်္သေ့များ။

(၁၀)ကိုယ့်ရဲ့အမြီးကိုကိုယ်တိုင်ပြန်ကိုက်ထားတဲ့ တောက်တဲ့တစ်ကောင်။

(၁၁)ချို‌လေးချောင်းပါရှိသော သိုးတစ်ကောင်။

(၁၂)ခြေလက်အင်္ဂါများစွာပါရှိတဲ့ရေဘဝဲတစ်ကောင်။

(၁၃)ပေ၁၇၀လောက်ကျယ်ပြန့်တဲ့ထိုသစ်ပင်ကြီးကတော့ ပျော်ပွဲစားထွက်ရန်အတွက် နေရာကောင်းတစ်ခုပါပဲ။

(၁၄)လမ်းမီးတစ်ခုလုံးကိုတောင်ဖုံးကွယ်ကာတည်ဆောက်ထားတဲ့ပင့်ကူအိမ်များ။

(၁၅)Tanzaniaနိုင်ငံမှ ကျားသစ်ပေါက်လေးတစ်ကောင်ကိုစောင့်ရှောက်နေသည့် ခြင်္သေ့မ‌လေး

(၁၆)ရက်ကွန်းတစ်ကောင် တော၀က်ကြီးပေါ်သို့ တက်စီးနေသောပုံ။

(၁၇)သမင်ကိုတိုက်ခိုက်ရန်ကြိုးစားနေသောဇီးကွက်

(၁၈)Salar de Uyuni ဟုလူသိများသော ကမ္ဘာ့အကြီးဆုံး ဆားပြားချပ် ကြီးသည် ဘိုလီးဗီးယားနိုင်ငံ တွင်တည်ရှိသည်။

(၁၉)သစ်ပင်၏ပင်စည်ထဲတွင် ဖုံးအုပ်ခံထားရတဲ့ ဇီးကွက်ကိုသင်ရှာနိုင်ပါသလား?

(၂၀)ထိုရှားပါးသောငှက်သည် အထီးအမ သတ်မှတ်ချက်ကို ချိုးဖောက်နေပါတယ်။ဘာ‌ ကြောင့်ဆိုသူဟာ တစ်ဖက်၌ အထီးဖြစ်ပြီ တစ်ခြားတစ်ဖက်၌ အမဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*