
များသောအားဖြင့်ကျွန်ုပ်တို့ဟာနေ့စဉ်ကြုံတွေ့နေရတဲ့အရာတွေကိုပေါ့ပေါ့တန်တန်သဘောထားတတ်ကြပါတယ်။ဒါပေမယ့်များစွာသောအရာတွေဟာကျွန်တော်တို့တွေမသိရှိသေးတဲ့စိတ်ဝင်စားစရာကောင်းလှတဲ့နောက်ကွယ်ကအကြောင်းအရာတွေရှိနေပါတယ်။
(၁)၁၈ရာစုကအင်္ဂလန်နိုင်ငံမှာနာနတ်သီးတစ်လုံးကိုပိုင်ဆိုင်ပါက လူအဆင့်အတန်းမြင့်မားကြောင်းဖော်ပြရာရောက်ပါတယ်။
(၂)ခွေးတိုင်းမှာ သူတို့ရဲ့ နှာခေါင်းဗွေရာ တွေရှိပါတယ်
(၃)အလင်းသည်သင်၏အစာစားချင်စိတ်ကိုသက်ရောက်မှုများစွာရှိပါတယ်။
(၄)စိန်အစစ်ဟာ X-rays တွင်မပေါ်ပါဘူး။
(၅)ပုံမှန်အားဖြင့် ကိုအာလာများဟာ ရေမသောက်ကြပါဘူး။
(၆)လီယိုနာဒိုဒါဗင်ချီသည်အိပ်ပျော်နေသောသူအားနိုးသောနာရီကိုတီထွင်ခဲ့သူဖြစ်ပါတယ်။
(၇)နှံကောင်များဟာအသံကိုသူတို့ရဲ့ခြေထောက်တွေနဲ့နားထောင်တာဖြစ်ပါတယ်။
(၈)လိမ်ပြောခြင်းဟာသင့်ရဲ့နှာခေါင်းအပူချိန်ကိုတိုးစေပါတယ်။
(၉)မိကျောင်းများဟာပိုမိုနက်ရှိုင်းစွာရေငုပ်နိုင်ရန်နှင့်အစာခြေနိုင်ရန်အတွက်ကျောက်တုံးများကိုမျိုချစားသောက်ကြပါတယ်။
(၁၀)နွားမွေးမြူရေးအရည်အသွေးတိုးတက်စေရန်သြစတြေးလျလယ်သမားများကသူတို့၏နွားများကိုဝိုင်နီတိုက်ကြပါတယ်။
(၁၁)Kawah Ljen သည်ကမ္ဘာပေါ်တွင်အပြာရောင်ချော်ရည်ကိုထုတ်လွှတ်တဲ့တစ်ခုတည်းသောမီးတောင်ဖြစ်ပါတယ်။
(၁၂)ဂျာမနီသည်၎င်း၏စစ်လျော်ကြေးများအားလုံးကိုပြန်လည်ပေးဆပ်ခဲ့တဲ့အောက်တိုဘာ ၃ ရက်နေ့ ၂၀၁၀ခုနှစ်ရောက်မှသာပထမကမ္ဘာစစ်ဟာတရားဝင်အမြစ်ပြတ်အဆုံးသတ်သွားတာဖြစ်ပါတယ်။
Leave a Reply