မျိုးတုန်းပျောက်ကွယ်ခဲ့ပြီဖြစ်တဲ့ ကမ္ဘာပေါ်ကထူးဆန်းတဲ့ သတ္တဝါများ

hsdgsljyg

ကျွန်တော်တို့ကြားခဲ့ဘူးတဲ့ဒဏ္ဍာရီပုံပြင်တွေမှာ အမှန်တရားအချို့တည်ရှိနေတာကိုတွေ့ရပါတယ်။ ဒီဆောင်းပါး၌ သင်အမှန်တရားကိုတွေ့ရှိရပါလိမ့်မည်ဖြစ်ပါတယ်။ နဂါးများ ၊ လူရိုင်းများနှင့် တိုက် ၁၀ထပ်နီးပါးမြင့်သော ရေနက်က သားရဲကောင်များကဲ့သို့ဖြစ်ပါတယ်။

(၁)Hobbits


ယခုအခါမှာအသုံးများ‌ ခေါ်ဆိုနေတဲ့ hobbitsဆိုတဲ့စကားလုံးကို J.R.Rမှ တီထွင်ရေးသားခဲ့ပါတယ်။ ဂူထဲမှာနေတတ်ကြတဲ့ထို ‌သေးငယ်တဲ့hobbitလူမျိုးများဟာ တကယ့်ဘ၀၌ ရှိခဲ့‌သော သက်သေများလည်းရှိတာကို‌ တွေ့ရပါတယ်။ ၂၀၀၃ခုနစ် အင်ဒိုနီးရှားနိုင်ငံ ဖလိုရတ်၌ရှေးဟောင်းပစ္စည်းများရှာဖွေတူးဖော်နေစဉ်၃ပေ ၂လက်မခန့်ရှိတဲ့ လူသားအရိုးစုများကို သုတေသနပညာရှင်များကရှာဖွေတွေ့ရှိခဲ့ပါတယ်။ တွေ့ရှိခဲ့သော ခေါင်းအရိုးဟာ လူတစ်ယောက်၏ ဦးခေါင်းထက်ပျှမ်းမျ ၃ဆခန့် သေးငယ်နေပါတယ်။ နောက်ပိုင်းတွင် သေးငယ်သော လူအရိုးစု ၉ခုကို သိပ္ပံပညာရှင်များကဆက်လက်တွေ့ရှိခဲ့ပြီး သူတို့ရဲ့သက်တမ်းဟာ နှစ်ပေါင်း တစ်သောင်းနှစ်ထောင်လောက်ကဖြစ်မယ်လို့ခန့်မှန်းထားကြပါတယ်။
သိပ္ပံပညာရှင်များက ဒီလူမျိူးများဟာ မတူညီကွဲပြားတဲ့မျိူးစိတ်တခုက ဖြစ်တယ်လို့ နိဂုံးချူပ်ပြောကြခဲ့ပါတယ်။ သူတို့ကို ‘Flores Man'(သို့) homo floresiens ဟုခေါ်ကြသော်လည်း အများစုက‌ တောဘhobbitsလို့ ဘဲသိကြပါတယ်။

(၂)Tasmanian tiger


Tasmanian tigerသည် ကျားလည်းမဟုတ် ဝံပုလွေလည်းမဟုတ်ပါ သူတို့ဟာ Tasmanianနတ်ဆိုးများနှင့်ဆက်စပ်‌ နေတဲ့ အကောင်များဖြစ်ကြပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ခန့်က Tasmanianမှလွဲ၍ တခြား တိရစ္ဆာန်များဟာ နေရာတိုင်းတွင်ပျောက်ကွယ်သွားခဲ့ပါတယ်။ပြီး‌ နောက်နောက်ဆုံးကျားမျိူးစိတ်ဟာ ၁၉၃၅တွင် သေဆုံးပျောက်ကွယ်ခဲ့ပြီး သိပ္ပံပညာရှင်များရဲ့ခန့်မှန်းချက်များအရ ထိုသတ္တဝါများဟာ ဆက်လက်ရှငိသန်နေတယ်လို့လည်းသိပ္ပံပညာရှင်များကသံသယရှိခဲ့ပါတယ်။ Tasmanian tigerများဟာ ၃၄လက်မနှင့် ၅၁လက်မလောက်ရှည်ပြီး အလေးချိန်မှာ ပေါင် ၃၃-၆၆လောက်ရှိပါတယ်။Tasmanian tigerများတွင်‌ ရှေ့ခြေထောက်နား၌အိတ်ပေါက်များပါရှိပြီး အတွင်း၌ သားပေါက်ကောင် ၄ကောင်လောက်ကို ထည့်ထားပြီးသွားလာနိုင်ကြပါတယ်။

(၃)နဂါး


နဂါးဟာ ဒဏ္ဍရီဇာတ်လမ်းပုံပြင်ထဲတွင် နာမည်ကြီး လူသိများသော သတ္တဝါဖြစ်ပါတယ်။ပုံပြင်ထဲတွင် မီးနဂါးများဟာ စစ်သည်သူရဲကောင်းများကို အနိုင်ယူရင်ဆိုင်တိုက်ခိုက်နိုင် ပြီး မင်းသမီးလေးကို ကယ်တင်နိုင်ခဲ့တဲ့ပုံပြင်သာဓက‌ တွေရှိပါတယ်။တကယ့်လက်တွေ့ဘ၀တွင် လည်းနဂါးလို့ခေါ်နိုင်တဲ့ တကယ့်တိရစ္ဆာန်များလည်းရှိကြပါတယ်။ဥပမာ အနေနဲ့ Megalaniaလို့ခေါ်တဲ့ပုတ်သင်ညိုအကြီးကြီးဟာ သိပ္ပံပညာရှင်‌ တွေရဲ့ရှာဖွေတွေ့ရှိမှုများထဲတွင် အကြီးဆုံးပုတ်သင်ညိုတစ်ကောင်ဖြစ်ပါတယ်။ သူဟာ အမြင့်၃၀ပေ နှင့် အလေးချိန်ပေါင် ၄၅၀၀ခန့်ကြီးထွားနိုင်ပြီး သူ့ရဲ့တံထွေးဟာလည်း အဆိပ်ကဲ့သို့တံထွေးများ ထွေးနိုင်ကြပါတယ် ။ Megalaniasများဟာ လွန်ခဲ့တဲ့ ခေတ်တခေတ်တွင် လူသားများနှင့်အတူရှင်သန်နေထိုင်ခဲ့ကြပါတယ်။ သူတို့ရဲ့အရိုးများဟာ နဂါးနှင့်တူညီသောကြောင့် ယခုတွင် နဂါးများအတွက် ဒဏ္ဍာရီတစ်ပုဒ်လို‌ေပါ်‌ေပါက်‌ေစခဲ့ပါတယ်။ စကားမစပ် ယနေ့တွင်ရှိသောနဂါးများကို Komodo နဂါးလို့ခေါ်ကြပြီး အင်ဒိုနီးရှားတွင်နေထိုင်ကာ ၁၀ပေခန့်ရှည်လျားပါတယ်။

(၄)Kraken


Krakenများဟာ အလွန်ကြီးမားတဲ့ပြည်ကြီးငါးနဲ့တူတဲ့သတ္တဝါကြီးဖြစ်ကာယနေ့ထိတိုင် ရှိနေကြပါတယ် ။ ထို့အပြင် သိပ္ပံပညာရှင်များနဲ့ သ‌င်္ဘောသားများဟာ ဒီအချက်ကို အကြိမ်ကြိမ် အတည်ပြု ခဲ့ကြပါတယ်။ ၂၀၁၅ခုနစ်တွင် ၁၀ပေအရှည်ရှိတဲ့ပြည်ကြီးငါးကြီးကို ဂျပန်နိုင်ငံတွင်တွေ့ခဲ့ပြီး ဓာတ်ပုံရိုက်ယူနိုင်ခဲ့ကြပါတယ်။နောက်ပိုင်းတွင် သိပ္ပံပညာရှင်များက ဒီပြည်ကြီးငါးဟာ ပေ၈၀အထိရှည်ပြီးကြီးထွားနိုင်သော ပြည်ကြီးငါးပေါက်စ များသာဖြစ်ကြောင်းပြောပြခဲ့ပါတယ် ။ ထိုကဲ့သို့ကြီးမားသော သတ္တဝါများဟာ ရွှတ်လှေနှင့် သဘော်များကို သမုဒ္ဒရာ အောက်ခြေထိ လွယ်ကူစွာ ဆွဲချနိုင်တဲ့သတ္တဝါကြီးတွေလည်းဖြစ်ကြပါတယ်။

(၅)Imoogi ,ကိုးရီးယားနဂါး

ကိုရီးယားဒဏ္ဍာရီများ၌ ဧရာမ မြွေပုံစံနဂါးများရှိတယ်လို့ ဆိုကြပါတယ်။ ဒဏ္ဍာရီတွင် သူတို့ဟာ ဂူများ နှင့် ရေကန် သို့ ရေလှောင်ကန်များတွင်နေထိုင်ကြပြီး ကောင်းကင်ထဲသို့ပျံတတ်သော နဂါးအဖြစ်သို့မပြောင်းလဲမှီ နှစ်ပေါင်း၁၀၀၀မတိုင်ခင်အထိအသက်ရှင်နေထိုင်ကြပါတယ်။ တောင်အမေရိကတွင် imoogi တည်ရှိခဲ့မှု သက်သေများတွေ့ရှိခဲ့ပေမဲ့ သိပ္ပံပညာရှင်များက မြွေအကြီးများသာ တကယ်တည်ရှိခဲ့ကြောင်း ပြောကြပါတယ်။ Titanoboa မြွေများဟာ အလျား ၄၅ပေရှိပြီး ပေါင်2200အလေးချိန် ရှိပါတယ်။ သူဟာကြီးမားသောကြောင့် နဂါးကဲ့သို့ ထင်ရအောင်ရူပ်ထွေးသွား‌ စေတာဖြစ်ပါတယ်။ Titanoboaများဟာ လွန်ခဲ့သော နှစ်ပေါင်းများစွာက မျိူးသုဉ်းပျောက်ကွယ်သွားခဲ့ပြီး သူတို့ဟာ နဂါးများဖြစ်ကာ ကောင်းကင်သို့ ပျံသွားကြသည်ဟုဒေသခံတွေက ယုံကြည်နေကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*