
ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်ကပ်ရောဂါဖြစ်ပွားမှုတွေကြောင့် နိုင်ငံအတော်များများတွင် Lockdown ချထားတာကြောင့် လူအများဟာ မိမိတို့ရဲ့ ဘဝတွေကိုရော ပတ်ဝန်းကျင်ကလူတွေ အရာတွေကိုပါ လေ့လာဖို့ အချိန်တွေရခဲ့ကြပါတယ်။ယခုချိန်မှာတော့ ယခင်က သင့်ဘေးမှာအတူရှိနေတဲ့သူတွေဟာ ရုက်တရက် ခွဲခွာသွားနိုင်တာကြောင့် အတူရှိနေတဲ့အချိန်မှာ သူတို့ကိုပိုပြီး တန်ဖိုးထားတတ်လာကြပါတယ်။

ထိုကြောင့်လူတွေဟာ ယခင်ကထက်ပိုပြီး လူအများကိုနှစ်သိမ့်ပေးနိုင်မည့် နည်းလမ်းတွေကို ရှာဖွေနေတာကတော့ အံ့ဩစရာမဟုတ်ပါဘူး။ ဒီလိုအခက်အခဲကာလအတွင်းမှာတော့ လူသားတွေတင်မဟုတ်ဘဲ အခြားသောသတ္တဝါလေးတွေကလည်း တစ်ဦးနဲ့ တစ်ဦးနှစ်သိမ့်နိုင်မယ့် နည်းလမ်းကိုရှာဖွေနေပုံရပါတယ်။

ဓာတ်ပုံဆရာ Tobias Baumgaertner ဟာ မဲလ်ဘုန်းမြို့ရဲ အလှတရားတွေခံစားရင်း တစ်ဦးနဲ့တစ်ဦးဖက်ကာ နှစ်သိမ့်ပေးနေတဲ့ ပင်ဂွင်းစုံတွဲလေးတစ်တွဲရဲ့ပုံကို အမိအရရိုက်ကူးနိုင်ခဲ့ပါတယ်။ ဒီလိုကာလမှာ ကံကောင်းသူတွေကတော့ သူတို့ရဲ့ချစ်ခင်ရသူတွေနဲ့အတူ ရှိနေကြတဲ့ သူတွေပဲဖြစ်ပါတယ်။

ထိုပင်ဂွင်းစုံတွဲဟာ မဲလ်ဘုန်းမြို့ကို အပေါ်စီးမှ မြင်ရတဲ့ ကျောက်တုံးပေါ်မှာရပ်ကာ အချိန်အနည်းငယ်ကြာတဲ့အထိ ကြည့်နေခဲ့ကြတာပါ။ Tobias Baumgaertner က ထိုပင်ဂွင်းနှစ်ကောင်ဟာ ပုံမှန်အတိုင်းရောက်လာကာ ထိုနေရာမှာဆုံခဲ့ကြပြီး အနီးနားမှာရှိတဲ့မြို့ရဲ့ မီးရောင်တွေနဲ့ လှပနေတဲ့အလှကို နာရီအတော်ကြာအောင် ကြည့်နေခဲ့ကြတာပါ။

ကျွန်တော် ဒီဓာတ်ပုံကိုရယူနိုင်ဖို့အတွက် ထိုပင်ဂွင်းနှစ်ကောင်အား အချိန် (၃)နာရီလောက်ကြအောင် စောင့်ကြည့်ခဲ့ရပါတယ်။ သူတို့ရဲ့လှုပ်ရှားတာတွေ ပုံမပျက်သွားစေဖို့ ကျွန်တော် ဘယ်မီးအလင်းရောင်ကိုမှ အသုံးပြုလို့မရခဲ့ပါဘူး။ ထိုနောက်မှာတော့ ပင်ဂွင်းငယ်လေးတွေကို ကြည့်နေရာမှာ ဆက်လက်ရွေ့လျားလာကာ သူတို့ရေယက်တွေနဲ့ တစ်ဦးကိုတစ်ဦးပွတ်သပ်နေကြပါတယ်။

Tobias က ” အဲဒီအချိန်လေးမှာ ကျွန်တော်အမိအရဓာတ်ပုံရိုက်ယူနိုင်ခဲ့ပြီး ခက်ခက်ခဲခဲ ပြုလုပ်ခဲ့ရတာနဲ့တန်အောင် ကျွန်တော် ဒီလှပတဲ့ အခိုက်အတန်လေးကို ရရှိခဲ့ပါတယ်။ ဒီဓာတ်ပုံထဲက ပင်ဂွင်းလေးနှစ်ကောင်ရဲ့ တစ်ဦးပေါ်တစ်ဦး ကြင်နာနေတဲ့ပုံလေးဟာ ကျွန်တော့်လိုပဲ အခြားသူတွေလည်း ကြည်နူးမိလိမ့်မယ်လို့မျှော်လင့်မိပါတယ်”ဟု ပြောဆိုထားပါတယ်။
Ref:moarthan.co.uk
Leave a Reply