မားစ်ဂြိုလ်ပေါ်မှာ အီဂျစ်ကလို ဂူဗိမာန်ဝင်ပေါက်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ သုတေသနပညာရှင်

UFO ကျွမ်းကျင်ပညာရှင်လို့ ကိုယ့်ကိုကိုယ် ယူဆထားသူတစ်ယောက်ဟာ မားစ်ဂြိုလ်မျက်နှာပြင်ပေါ်မှာ ကမ္ဘာပေါ်မှာရှိတဲ့ အီဂျစ်တို့ရဲ့ ဂူဗိမာန် ဝင်ပေါက်လိုမျိုး တွေ့ရှိခဲ့တယ်လို့ ဆိုထားပါတယ်။
စကော့ စီ ဝါရင်းက အင်္ဂါဂြိုလ်ပေါ်မှာ ဝင်ပေါက်လိုပုံစံမျိုး မြင်ပြီးနောက်ပိုင်း ဒီလို သဘာ၀လွန်ဖြစ်ရပ်တွေကို ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
‘မားစ်ပေါ်မှာ ဂြိုလ်သားတွေ ရှေးတုန်းက နေထိုင်ခဲ့တယ်ဆိုတဲ့ သက်သေတွေအများကြီး ရှိနေပါတယ်။ ဂြိုလ်ပေါ်သွားနေတဲ့ယာဉ်ငယ် ဒီအပတ်မှာ ရိုက်ကူးထားတဲ့ ပုံတွေကို ကြည့်လိုက်မယ်ဆိုရင် အဲဒီထဲက နှစ်ပုံဟာ တောင်အတွင်းထဲကို ဝင်မယ့် လမ်းကို ပြသနေတာ မြင်ရမှာပါ ။ ဒါဟာ ရှေးခေတ် အီဂျစ်တို့ရဲ့ ဘုရင်တွေမြှုပ်နှံတဲ့ ဂူလမ်းကြောင်းဝင်ပေါက်နဲ့ အရမ်းကို ဆင်နေပါတယ်။ ဒီဝင်ပေါက်ဟာ လူတွေရဲ့နှစ်ဆလောက်ကို သေးငယ်ပြီး ၈လက်မကနေ ၁၂လက်မ အထိ ပဲ မြင့်ပါတယ်တဲ့။

The doorway was seen on the surface of Mars.
credit photo

ဒါကို ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်က မားစ်ရဲ့ ရှာဖွေတွေ့ရှိမှုထဲမှာ တွေ့ရမှာပါ ‘ လို့ သူ့ရဲ့ ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ UFO SIGHITNGS DAILY မှာ ရေးသားဖော်ပြခဲ့ပါတယ်
‘ အကြံအဖန်မဟုတ်ဘဲ ဒီလောက် ခိုင်မာတဲ့ သက်သေတွေအများကြီးရှိနေတာတောင် ရှေးဟောင်း သုတေသီတွေက ဘာလို့ ဒီလို အရာတွေကို ငြင်းဆိုနေကြလဲ ကျွန်တော် မသိဘူး ။ ပြောချင်တာက သူတို့ဟာ ဘ၀ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို အခြေအနေအဆင့်ဆင့်မှာ ခွဲခြမ်းရှာဖွေနိုင်ဖို့ ဝါသနာပါတဲ့အတွက် သုတေသနပညာရှင်တွေဖြစ်လာကြတာလေ ။ မားစ်ဟာ ကမ္ဘာပေါ်က အရာတွေအားလုံးထက် အရင်ဆုံး သက်ရှိတွေ ရှိနေတယ်ဆိုတာရဲ့ သက်သေပဲ။ ၁၀၀ရာခိုင်နှုန်း ရှေးဟောင်း ထက်မြတ်တဲ့ မျိုးစိတ်တွေ မားစ်ပေါ်မှာ ရှင်သန်နေထိုင်ဖူးတယ်ဆိုတာ သက်သေပြနေတယ် ‘ လို့ သူထပ်ပြီးပြောခဲ့ပါသေးတယ်
ကြည့်ရှုသူတော်တော်များများက သူ့သီအိုရီကို လက်ခံကြပြီး သူတို့ရဲ့ အမြင်ကို မှတ်ချက် ပေးခဲ့ပါသေးတယ်

‘တစ်ပေသာသာလောက်ပဲ ရှိတယ်ဆိုရင် မြေအောက်ကနေရာတစ်ခုအတွက် လေဝင်ပေါက်များလား ‘ လို့ တစ်ယောက်က မှတ်ချက်ပေးထားပါတယ်
‘ ဒါက တံခါးပေါက်နဲ့ မတူဘူးလို့တော့ မပြောချင်ပါဘူး ပြိးတော့ အဲဒါက ရမ်ဆက် ဂူဗိမာန်တံခါးနဲ့ သေချာပေါက် တူနေတယ် ဒါကိုတော့ မမှားနိုင်ဘူးလို့ ‘ အခြားတစ်ဦးကလည်း ရေးသားခဲ့ပါတယ်
ဒီလို သဘာ၀လွန်ဖြစ်ရပ်တွေကို ဝါရင်းထုတ်ဖော်ပြောတာ ဒါပထမဆုံး အကြိမ်မဟုတ်ပါဘူး
ပြီးခဲ့တဲ့နှစ်ကလည်း သူဟာ ဂူဂဲလ် မြေပုံပေါ်က အန္တာတိက ရေခဲပင်လယ်မှာ အသည်းပုံစံ ရေခဲအက်ကွဲကြောင်းမှာ ထူးဆန်းတဲ့အဝိုင်းပြား ကို လည်း တွေ့ရှိတယ်လို့ ဆိုခဲ့ပါသေးတယ်
သူဟာ ဒါကို GOOGLE EARTH ကနေ ရှာတွေ့ခဲ့ပြီး ကိုဩဒိနိတ်တွေကိုလည်း မျှဝေခဲ့ပါသေးတယ်

ဒီအရာဟာ ဂြိုလ်သားယာဉ်ပျံပျက်ကျလာတာဖြစ်နိုင်ပြီး အဲဒီအရှိန်ကြောင့် ရေခဲကို ကွဲအက်သွားစေတာလို့ ပြောခဲ့ပါတယ်
‘ ဒီ ဗီဒီယိုဖိုင်ကို တင်ပြီးတာနဲ့ တချို့ အစိုးရက သွားကြည့်ပြီး ဒါကို ယူလာနိုင်လိမ့်မယ်လို့ စိတ်ကူးမိတယ် ။ ရေခဲပြင်မှာ အသည်းပုံ အက်ကွဲဖြစ်လာတာက အပျော်သက်သက် လုပ်တာလား ဒါမှမဟုတ် ယာဉ်ပျံကပဲ အဲဒီနေရာမှာဆင်းသက်ရင်း ဖြစ်သွားတာလားပေါ့ ။ သေချာတာကတော့ အန္တာတိက ဟာ ဘယ်သူမှမမြင်နိုင်အောင် ဂြိုလ်သားယာဉ်ပျံ ပုန်းခိုလို့ရမယ့် အကောင်းဆုံးနေရာ တစ်ခုပဲ ‘လို့ ပြောကြားခဲ့ပါတယ်

Be the first to comment

Leave a Reply

Your email address will not be published.


*