ပုလဲဖြင့်ပြုလုပ်ထားသော Face Mask ကို ဒေါ်လာ ၉၃၅၀ ( မြန်မာငွေ ၁၂၇ သိန်း ) နဲ့ရောင်းချခဲ့တဲ့ ဂျပန်ဒီဇိုင်နာတစ်ဦး

Credit Photo

ကိုဗစ် ၁၉ ပြန့်ပွားမှုကိုကာကွယ်နိုင်ဖို့အတွက် နိုင်ငံအသီးသီးမှာရှိတဲ့ အစိုးရတိုင်းဟာ ပြည်သူတွေကို နှာခေါင်းစီးတပ်ဆင်ကြဖို့အမိန့်ပေးကြပါတယ်။ ထိုအချိန်ကစလို့ mask တွေဟာ ဒီဇိုင်းမျိုးစုံနဲ့ ကမ္ဘာဈေးကွက်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ mask တွေဟာ ဗိုင်းရပ်ကိုကာကွယ်ရုံတင်မဟုတ်ဘဲ တစ်ခါသုံးဆေးဝါးတွေထက်တောင် သာလွန်နေပါတယ်။

Credit Photo

ယခုအချိန်မှာတော့ mask တွေကို ကျွန်တော်တို့ရဲ့ မျက်နှာနဲ့ ကိုက်ညီတဲ့ ဒီဇိုင်းမျိုးစုံ အရောင်မျိုးစုံနဲ့ရနိုင်ပါတယ်။ ထို့အပြင်အချို့ customer များဟာ စတိုးဆိုင်မှမြင်တွေ့နေကြ ပုံစံထက်ပို၍ ဆန်းတာတွေကိုမှ လိုချင်ကြတာပါ။ ထိုအပြင် ကုမ္ဗဏီနဲ့ဒီဇိုင်နာများကလည်း ဝယ်ယူသူတွေရဲ့ တောင်းဆိုမှုတွေကိုဖြည့်ဆည်းပေးဖို့ အဆင်သင့်ရှိနေကြပါတယ်။

Credit Photo

ဒီလိုအာပေးမှုတွေကြောင့် ဂျပန်နိုင်ငံတိုကျိုမြို့မှ ဒီဇိုင်နာတစ်ဦးဟာ ဈေးကြီးတဲ့ပုလဲတွေနဲ့ Mask တစ်ခုကို ဖန်တီးခဲ့ပါတယ်။ Rieko Kawanishi လို့ခေါ်တဲ့ ထိုဒီဇိုင်းနာအမျိုးသမီးဟာ Akoya ပုလဲအစစ်တွေကိုသုံးပြီး mask ကိုဖန်တီးထားတာပါ။ ” ဒီကပ်ဆိုးကြီးပြီးသွားရင်တောင်မှ သင်တို့အနေနဲ့ mask ကိုမဖြစ်မနေတပ်ရမယ့် နေရာတွေများစွာရှိနေပါသေးတယ် ” လို့ဖန်တီးသူဒီဇိုင်နာ မစ္စ Kawanishi ကပြောပါတယ်။

Credit Photo

ကျွန်မအနေနဲ့ တပ်မက်ဖွယ်ကောင်းတဲ့အရာတစ်ခုကို လုပ်သင့်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့်သူမရဲ့ mask ဟာအပေါက်တွေများစွာရှိပြီး ကိုဗစ် ၁၉ကိုလည်းထိရောက်စွာ ကာကွယ်နိုင်မှာမဟုတ်ကြောင်း  သူမကိုယ်တိုင်ကဝန်ခံထားပါတယ်။ သူမအနေနဲ့ ဒီပုလဲ mask ကိုဝတ်ဆင်ချင်တယ်ဆိုပါက ပုံမှန်အဝတ် mask အပေါ်ကသာထပ်အုပ်ပြီး ဝတ်ဆင်ကြဖို့ အကြံပြုထားပါတယ်။ ထိုဒီဇိုင်နာရဲ့ကုမ္ဗဏီကတော့ နှစ်၃၀ကြာ လူသုံးကုန်ပစ္စည်းတွေကို ထုတ်လုပ်ခဲ့တဲ့ ကုမ္ဗဏီလည်းဖြစ်ပါတယ်။

Credit Photo

ဒီ mask ကိုဖန်တီးဖို့အတွက် Kawanishi ဟာသုံးရက်သာ အချိန်ယူခဲ့ရပါတယ်။ သူမဟာ မတူညီတဲ့အရွယ်အစား(၄)မျိုးရှိတဲ့ ပုလအလုံး ၃၁၀ ခန့်ကိုအသုံးပြုထားပါတယ်။ ဒီ mask ကိုတော့ တိုကျိုမြို့ မှာရှိတဲ့သူမရဲ့ အရောင်းပြခန်းမှာ ပြသထားပြီး ဝယ်ယူချင်တယ်ဆိုရင်တော့ ဒေါ်လာ ၉၃၅၀ ( မြန်မာငွေ ၁၂၇ သိန်း ) ခန့်ကျသင့်မှာဖြစ်ပါတယ်။ ( မှတ်ချက်-ငွေပေါက်ဈေးအားလက်ရှိအချိန်ကာလနှင့်သာတွက်ချက်ထားတာဖြစ်ပါတယ်။ )

Credit Photo

***ကြိုတင်အသိပေးတောင်းပန်ခြင်း***

ကျွန်တော်တို့Bright News သတင်းမီဒီယာမှ ရေးသားထားသောအကြောင်းအရာများကိုအခြားမည်သည့်ဝက်ဆိုဒ်နဲ့page များမှကူးယူဖော်ပြခြင်းမပြုကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*