နာမည်ကျော် Celebrityတွေရဲ့ အမိုက်စား အိမ်ကြီးများ

သာမန်လူတွေဟာ သူတို့နေထိုင်တဲ့အိမ်ကို သက်တောင့်သက်သာ ဖြစ်စေရန်အတွက်သာ ဒီဇိုင်းဆွဲ နေထိုင်ကြပါတယ်။ ဒါပေမဲ့ နာမည်ကြီးသူတွေကတော့ သူတို့အတွက် ခြွင်းချက်လုံးဝမရှိအောင် ဆောက်လုပ်‌ နေထိုင်ကြပါတယ်။

(၁)Beverly Hills မှာရှိတဲ့ ရီဟားနား ရဲ့အိမ်ကြီး

credit photo
credit photo

Ri-Ri ၏အိမ်ကြီးသည် Beverly Hills ရှိတောင်ကုန်းတစ်ခုပေါ်တွင်တည်ရှိပါတယ်။ထိုအိမ်ကိုအဝေးကကြည့်ရင်‌ တော့ သဲကန္တာရမှာရှိတဲ့အိုအေစစ်လိုပါပဲ။မိုးပြာရောင်ရေကန်ကြီးနှင့်အတူ ဘေးပတ်လည်တွင် ထိုင်ခုံများထားရှိရာ အပန်းဖြေစခန်းတစ်ခုလိုမျိုးထားရှိထားပါတယ်။ထို့အပြင် နောက်ထပ် Barbados တွင်လည်းအိမ်တစ်လုံးရှိပါသေးတယ်။

(၂)မိုင်ယာမီမှာရှိတဲ့ လေဒီဂါဂါရဲ့အိမ်ကြီး

credit photo
credit photo

လေဒီဂါဂါရဲ့ အိမ်ကြီးဟာ ပင်လယ်ပြင်ကို မျက်နှာမူပြီးဆောက်လုပ်ထားပါတယ်။ အပြင်ကနေဆိုရင် သူ့ကို လူများမတွေ့မိစေရန် လုံခြုံစွာတည်ဆောက်ထားပါတယ်။အတွင်းပိုင်းတွင်ထိုအိမ်သည် အပန်းဖြေစင်တာ တစ်ခုလိုဖြစ်နေပြီး ရုပ်ရှင်ရုံသေးလေးတစ်ခု ဘိုးလင်းဘောလုံးပစ်တဲ့လမ်းကြားလေးအပါအဝင် အခြားသောဖျော်ဖြေရေးပစ္စည်းအမြောက်အမြားလဲရှိပါတယ်။

(၃)ဟာဝိုင်ယီမှာရှိတဲ့ဂျူလီယာရော်ဘတ်ရဲ့အိမ်

credit photo
credit photo

အိမ်ကောင်းကောင်းတစ်လုံးဝယ်ဖို့ရွေးချယ်နေစဉ်မှာဂျူလီယာရော်ဘတ် ဟာ ကမ်းခြေနှင့်နီးကပ်စွာအလွန်လှပသောရှူခင်းမျိုးရှိသည့်အိမ်နှစ်လုံးကိုရှာတွေ့ခဲ့ပါတယ်။သူမဟာ ထိုအိမ်နှစ်လုံး ကိုဝယ်ယူပြီး တစ်ခုတည်းရှိစေရန်ပေါင်းစပ်လိုက်ပါတယ်။ထိုမင်းသမီးသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှားဆောင်ရွက်သူတစ်ဦးဖြစ်သောကြောင့် အိမ်ကိုထိုမူများနှင့်အညီပြောင်းလဲခဲ့ပါတယ်။အိမ်၏အမိုးကို ပြန်လည်အသုံးပြုနိုင်သောကျောက်ပြားများနှင့်ကြမ်းပြင်ကိုသဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သောဝါးတို့ ပြောင်းလဲပြုလုပ်စေခဲ့ပါတယ်။

(၄)ဖလောရီဒါရှိ ဂျွန်ထရာဗိုတာရဲ့ အိမ်ကြီး

credit photo
credit photo

ဂျွန်ထရာဗိုတာသည် လေကြောင်းနှင့်လေယာဉ်ထုတ်လုပ်မှုအပိုင်း၏ အကြီးမားဆုံးသော fanတစ်ကြောင်းဖြစ်သည့်နှင့်အညီ အရာရာတိုင်းလေယာဉ်ပုံစံပြုလုပ်လေ့ရှိပါတယ်။အထက်စီးမှကြည့်လျှင် သူ၏အိမ်ပုံစံသည် လေဆိပ်ဂိတ်တစ်ခုကို မြင်ယောင်စေပါတယ်။ပုံတွင်မြင်ရတဲ့ အတိုင်း လေယာဉ်ကိုအိမ်ထဲသို့ တိုက်ရိုက်မောင်းနှင်နိုင်ရန် တည်ဆောက်ထားပါတယ်။

(၅)လော့စ်အိန်ဂျလိစ် မှာရှိတဲ့ နီကိုးလတ်ကေ့စ် ရဲ့ အိမ်ကြီး

credit photo
credit photo

မင်းသားကြီး နီကိုးလတ်ကေ့စ် ဟာကာတွန်းစာအုပ်များသာမကဗိသုကာပညာကိုပါနှစ်သက်သူတစ်ဦးဖြစ်ပါတယ်။သူဟာ ရှေးဟောင်းအိမ်များကို စုဆောင်းလေ့ရှိပါတယ်။ယခုအခါသူ၏စုဆောင်းမှုသည် အိမ်ကြီးသုံးလုံးဖြစ်ပြီး မင်းသားကြီးသည် ရှေးဟောင်းအိမ်ဟု အဝေးမှ ခွဲခြားရန်ခဲယဉ်းသော ပုံစံပြုလုပ်ထားသည့်အိမ်ကို ဝယ်ယူလေ့ရှိပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*