ဈေးအလွန်ကြီးသော သာမန် အသုံးဆောင်အပစ္စည်းများ

ယနေ့ခေတ်တွင် ဈေးကွက်ရှာဖွေခြင်းက အဆက်မပြတ်ယှဉ်ပြိုင် တိုက်ခိုက်နေကြပြီး ကုမ္ပဏီများဟာ ‌လူတွေနှစ်သက်စေလောက်အောင် အတတ်နိုင်ဆုံးပြုလုပ်ကြပါတယ်။ ဥပမာအားဖြင့် သန်းကြွယ်သူဌေးများအတွက် သာမန်ပစ္စည်းများကို တန်ဖိုးကြီးပုံစံနှင့် ငွေအမြောက်အမြားသုံးကာ ပြုလုပ်ကြတာဘဲ ဖြစ်ပါတယ်။

(၁) ၉၉.၉၉ ဒေါ်လာတန် ပူရှိန်း သွားတိုက်ဆေး

ပူရှိန်းသွားတိုက်ဆေးကတော့ ထူးထူးခြားခြား ပစ္စည်းတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီ THEODENT တံဆိပ် သွားတိုက်ဆေးဟာ Rennou လို့ခေါ်တဲ့ ထူးခြားတဲ့ မူပိုင်ခွင့်ကို ရရှိထားပါတယ်။ ထိုသွားတိုက်ဆေးကို အသုံးပြုလိုက်မယ်ဆိုလျှင် သွားများဟာ တစ်နေကုန် ခိုင်ခံ့ ပြီး ပိုးစားခြင်းကိုလည်း ကာကွယ်ပေးပါတယ် လို့ ဆိုထားပါတယ်။

(၂) ၂၉၉.၉၅ ဒေါ်လာတန် အိမ်သာ ထိုင်ခုံ

ထိုကာဗွန်ဖိုင်ဘာ အိမ်သာထိုင်ခုံဟာ အလွန်ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့ ဖန်တီးထုတ်လုပ်ထားပါတယ်။ ပေါ့ပါးတဲ့ ထုတ်ကုန်များနဲ့ ပြုလုပ်ထားပြီး အရွယ်အစားအသင့်အတင့် ပုံစံမျိုးလည်း ပြုလုပ်ပေးထားပါတယ်။

(၃) ၆၃၈ ဒေါ်လာတန် နားကြပ်

သင်ဒီနားကြပ်ကို အသုံးပြုသည့်အခါ ဂီတသီချင်းသံတွေဟာ ရတနာတွေကနေတစ်ဆင့် ကြည်လင်စွာ ထွက်ပေါ်လာတယ်လို့‌ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနားကြပ်ကိုစိန် ၂၄ ကာရက်ထည့်သွင်းကာ ပြုလုပ်ထားလို့ ဖြစ်ပါတယ်။

(၄) ၁၁၈၈ ဒေါ်လာတန် သိုးမွေးခြေအိတ်

FALKE တံဆိပ် သိုးမွေးခြေအိတ်ဟာ အရေတွက် အကန့်သတ်နဲ့ ထုတ်ထားတဲ့ Limit edition တစ်ခုပါ။ ဆယ်စုံသာ ထုတ်လုပ်ရောင်းချပြီး ထိုခြေအိတ်ဟာ Vania သိုးမွေးအကောင်းစားနဲ့ ပြုလုပ်ထားပါတယ်။ ဒီခြေအိတ်ဟာ ကမ္ဘာ့အရှားပါးဆုံးနဲ့ ဈေးအကြီးဆုံးခြေအိတ်တစ်ခုဆိုလည်း မမှားပါဘူး။

(၅) ၃၃၆၀ ဒေါ်လာတန် တိမ်မီးအိမ်

မီးအိမ်ဒီဇိုင်နာ Kaufman Mercantile ဖန်တီးထားတဲ့ ဒီတိမ်မီးအိမ်ဟာ အခန်းကိုအလင်းရ စေရုံသာမက မိုးကြိုးနဲ့မိုးရွာတဲ့ အသံများကိုလည်း ထည့်သွင်းပေးထားပါတယ်။ တိမ်ရဲ့အလင်းနဲ့ အရောင်ကာလာများကိုတော့ သင်စိတ်ကြိုက်ထိန်းညှိနိုင်ပါတယ်။

(၆) ၅၄၁၅ ဒေါ်လာတန် မီးဖိုချောင်သုံး ဓား

Nesmuk တံဆိပ် မီးဖိုချောင်သုံးဓားဟာ မယုံနိုင်လောက်အောင် ဈေးကြီးပြီး တန်ဖိုးကြီး ဓားတစ်လက်ဖြစ်ပါတယ်။ ဒီဓားကို ကာဗွန်သံမဏိနဲ့ ပြုလုပ်ထားပြီး သစ်သားလက်ကိုင်အကောက်နဲ့ ဓားရိုးအပတ်ကိုတော့ ငွေဖြင့်ပြုလုပ်ထားပါတယ်။ ယွန်းထည်နဲ့ ပြုလုပ်ထားတဲ့သေတ္တာ ၊ သားရေအိတ် ၊ ဓားသွေးစက် တို့နှင့်အတူ အထူးတံဆိပ်ဓားအဆီလည်း ပါရှိပါတယ်။

(၇) ဒေါ်လာ ၁၃၅၀၀ တန်တဲ့ ခဲတံ

ဂျာမန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Faber-Castell ဟာ ကုမ္ပဏီမွေးနေ့တွင် ဒီရိုးရှင်းတဲ့ခဲတံကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ ခဲတံကို ထင်းရှူး သစ်သားနဲ့ပြုလုပ်ထားပြီး သူ့အဖုံးကိုတော့ ရွှေဖြူများ နှင့် စိန်၃ တုံးထည့်ကာ ပြုလုပ်ထားပါတယ်။

(၈) ဒေါ်လာ ၁၄၁၆၁ တန်တဲ့ မိုနိုပိုလီ

ဒီတစ်ခုက လူကြိုက်များပြီး ဈေးလည်းအလွန်ကြီးပါတယ်။ ZONTIK ဟာ မိုနိုပိုလီ ဘုတ်စာရွက်ကို သားရေဖြင့်ဖုံးအုပ်ကာ ရွှေဖြင့်ရေးထားသော စာလုံးများနဲ့ ဆော့စရာ အစိတ်ပိုင်းလေးတွေကိုတော့ ငွေဖြင့်ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ အသေးစိတ်သေချာ ပြုလုပ်ထားသောကြောင့် ပစ္စည်းကောင်းတွေကြိုက်တဲ့ သူအတွက်တော့ တကယ် နှစ်သက်စရာပါပဲ။

(၉) ဒေါ်လာ ၂၅၈၅၀ တန် I phone 7

လက်၀တ်ရတနာ ရောင်းသူတစ်ဦးဖြစ်တဲ့ Stuart Hughes ဟာ အခုခေတ်စားနေတဲ့ ဖုန်း ဒီဇိုင်းများကို ဈေးကြီးကြီး စမတ်ဖုန်းတစ်လုံးဖြစ်အောင်ကိုယ်တိုင် ဖန်တီးတတ်သူ တစ်ယောက်ဖြစ်ပါတယ်။ ကိုယ်ထည်ကို ရွှေ  ၂၄ ကာရက်ဖြင့် ပြုလုပ်ထားပြီး ဒီဖုန်းကို လက်နဲ့ကိုင်ထားပါက အသက်ရှူမှားလောက်အောင် ဖြစ်နေမိမှာပါ။

(၁၀) ဒေါ်လာ တစ်သိန်းတန် မုတ်ဆိတ်ရိတ်တံ

ကမ္ဘာအပြင်က သတ္တုတစ်ခုခုနဲ့ ပြုလုပ်ထားတဲ့ Zaffirro သင်တုန်းဓားကို ၀ယ်သုံးကြည့်ရင် သင်ဘယ်လိုခံစားရမှာလဲ။ ဒါက နောက်ပြောင်နေတာမဟုတ်ပါဘူး ထိုမုတ်ဆိတ်ရိတ်တံရဲ့ လက်ကိုင်ကို ဥက္ကာခဲမှ ထွက်ရှိလာတဲ့ သတ္တုနဲ့ပြုလုပ်ထားပါတယ်။ ဓားကို နီလာကျောက်ဖြင့်ပြုလုပ်ထားပြီး ဓားထိန်း အတံလေးများကိုတော့ ပလက်တီနမ် အသုံးပြုကာ ပြုလုပ်ထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*