စင်ကာပူကနေ မလေးရှားကို ရေကူးပြီး တရားမဝင် ဝင်ရောက်ဖို့ကြိုးစားတဲ့ အမျိုးသားတစ်ဦး

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ် အမျိုးသားတစ်ဦးဟာ မလေးရှားနိုင်ငံသို့ ထူးထူးခြားခြားနည်းနဲ့ Tebrau ရေလက်ကြားကို ဖြတ်ကူးကာ ဝင်ရောက်ဖို့ ကြိုးစားခဲ့ပါတယ်။

အသက်၃၅နှစ်အရွယ်ရှိတဲ့ ထိုအမျိုးသားဟာ အရှည်၃၅ကီလိုမီတာရှိတဲ့  နှစ်နိုင်ငံကို နယ်နမိတ်ပိုင်းခြားထားတဲ့ ထိုရေလက်ကြားကနေ မလေးရှားနိုင်ငံကို ခိုးဝင်ဖို့ကြိုးစားခဲ့ကြောင်း စင်ကာပူလူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဂိတ် အာဏာပိုင် (အိုင်စီအေ) ရဲ့တရားဝင်ဖေ့ဘွတ်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

သူ့ရဲ့ကြိုးစားအားထုတ်မှုကိုတော့ Woodlands စစ်ဆေးရေးဂိတ်မှ ရဲများက တားဆီးနိုင်ခဲ့ကြပါတယ်။ အိုင်စီအေရဲ့ ကနဦးစုံစမ်းစစ်ဆေးမှုတွင် ဖော်ပြချက်များအရ ထိုအမျိုးသားဟာ စင်ကာပူနိုင်ငံအတွင်းရဲများနဲ့ ဖြစ်ပွားခဲ့သောပဋိပက္ခမှာ ပါဝင်ပက်သက်မှု ရှိနေတယ်လို့သိရပါတယ်။ ဒါကြောင့်မို့သူဟာ မရရတဲ့နည်းလမ်းနဲ့ စင်ကာပူနိုင်ငံကနေ အပူတပြင်းထွက်ခွာချင်နေတာလည်းဖြစ်ပါတယ်။

စင်ကာပူလူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ (အခန်း ၁၃၃) အရ ထိုကဲသို့နိုင်ငံမှ တရားမဝင်ထွက်ခွာခြင်းဟာ ဒဏ်ငွေ ဒေါ်လာ၂၀၀၀ ဖြစ်စေထောင်ဒဏ် ၆ လဖြစ်စေဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမှာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ စင်ကာပူနဲ့ မလေးရှာနိုင်ငံကြားမှ ာခရီးသွားလာတာကို ခွင့်ပြုထားပေမယ့်  အသေးစိတ်လိုအပ်ချက်တွေနဲ့ တားမြစ်ချက်တွေ များစွာတင်ပြနိုင်မှ ရမှာဖြစ်ပါတယ်။

မလေးရှားနဲ့ စင်ကာပူနိုင်ငံမှာရှိတဲ့ နယ်စပ်စစ်ဆေးရေးဂိတ်တွေဟာလည်း ယခုအချိန်မှ ာပိုပြီးအဝင်အထွက်တွေကို သေချာစောင့်ကြည့်စစ်ဆေးနေကြတာပါ။ ဘာကြောင့်ဆို တရားမဝင်ဝင်ရောက်လာမှုတွေဟာ နိုင်ငံရဲ့လုံခြုံရေးကို ခြိမ်းခြောက်ယုံတင်မကဘဲ ကိုဗစ် ၁၉ ကူးစက်ပြန့်ပွားမှုတွေကိုလည်း ခြိမ်းခြောက်လာနိုင်ပါတယ်။

ထိုအမျိုးသားကတော့ စင်ကာပူကအမြန်ထွက်ခွာချင်လို့သာ ကြံမိကြံရာကြံခဲ့ခြင်းဖြစ်ပြီး အကယ်၍သာ အချိန်ကြာရေကူးမယ်ဆိုပါကလည်း သူ့အတွက်အသက်အန္တရာယ်လည်းများလှပါတယ်။

( www.softwarekaber.com တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ )

Be the first to comment

Leave a Reply

Your email address will not be published.


*