ကျောင်းသင်ခန်းစာမှာ မပါတဲ့ ပထဝီဆိုင်ရာဖြစ်ရပ်များ

တစ်ချိန်ထဲမှာသင့်ကိုနေရာလေးခုမှာတွေ့နိုင်မယ်သို့ မဟုတ်ကမ္ဘာရဲ့မတူညီတဲ့နေရာတွေမှာဘောလုံးကိုတစ်ချိန်တည်းကစားနိုင်တယ်ဆိုတာသင်သိပါသလား?အမှန်တကယ်ကိုရှာရခက်တဲ့အခါမှာတောင်ကမ္ဘာပေါ်မှာသင့်ကိုရှာတွေ့နိုင်တယ်ဆိုတာကိုရောသိပါသလား?ဒီမေးခွန်းများစွာရဲ့အဖြေကိုရှာဖွေနိုင်ဖို့အတွက်သင်ဒီဆောင်းပါးကိုဖတ်လိုက်ပါ။ဒီဆောင်းပါးမှာတော့ ရှာဖွေတွေ့ရှိထားတဲ့ ပထဝီဝင်ဆိုင်ရာအချက်အချို့ကိုဖော်ပြပေးမှာဖြစ်ပြီးစာဖတ်သူတွေကိုကျေနပ်မှုတွေပေးနိုင်မယ်လို့ယုံကြည်ပါတယ်။

(၁) မတူညီတဲ့ကမ္ဘာတစ်ခြမ်းဆီမှာကစားနိုင်မယ့်ဘောလုံးကွင်း

ဒီဘောလုံးကွင်းကတော့ Estadio Milton Correa ဖြစ်ပြီး ဘရာဇီးနိုင်ငံမှာတည်ရှိကာ Zerao လို့လူသိများကြပါတယ်။ဘောလုံးကွင်းဟာအီကွေတာအပေါ်မှာတည့်မတ်စွာတည်ရှိနေတာကြောင့်ဘောလုံးအသင်းတစ်သင်းဆီဟာမတူညီတဲ့နေရာတစ်ဖက်ဆီမှာကစားရမှာဖြစ်ပါတယ်။

(၂) ပြည်နယ်လေးခုအပေါ်မှာတစ်ချိန်တည်းခြေချနိုင်မယ့်နေရာ

ဒီနေရာကတော့ Arizona, Utah, Colorado, နဲ့ New Mexico စတဲ့ပြည်နယ်တွေဆုံကျတဲ့ထောင့်ချိုးလေးခုဘဲဖြစ်ပါတယ်။ဒါကြောင့်သင်ဟာတစ်ချိန်ထဲမှာပြည်နယ်လေးခုလုံးမှာရှိနိုင်ပါတယ်။

(၃) ၆လတစ်ခါပိုင်ရှင်ပြောင်းနေတဲ့ Pheasantကျွန်းလေး

Pheasant ကျွန်းကတော့ Bidassoaမြစ်အတွင်းမှာတည်ရှိပြီးစပိန်နဲ့ပြင်သစ်တို့ကပိုင်ဆိုင်ကြပါတ​ယ်။နှစ်တစ်နှစ်ရဲ့ပထမ၆လမှာတော့ ဒီကျွန်းလေးကိုစပိန်နိုင်ငံကအုပ်ချုပ်ထားပြီးကျန်တဲ့၆လမှာတော့ ပြင်သစ်နိုင်ငံကဆက်လက်အုပ်ချုပ်ပါတယ်။ဒီကျွန်းလေးကတော့လူမနေတဲ့နေရာဖြစ်ပြီးသွားရောက်လည်ပတ်ဖို့ကိုလည်းပိတ်ပင်ထားပါတယ်။

(၄)အရောင်(၇)မျိုးကွဲနေတဲ့ Mauritius နိုင်ငံမှသဲခုံ

ဒီသဲခုံမှာတော့ သဲတွေဟာ အနီရောင်၊အညိုရောင်၊ခရမ်းနုရောင်၊အစိမ်းရောင်၊အပြာရောင်၊ခရမ်းရောင်နဲ့အဝါရောင်ဆိုပြီးအရောင်(၇)မျိုးရှိပါတယ်။ဒီသဲတွေဟာမတူညီတဲ့အလွှာတွေနဲ့ သီးသန့်တည်ရှိနေတာပါ။အကယ်၍သင်ဟာဒီသဲတွေကိုဆုပ်ကိုင်ပြီးလက်ထဲမှာရောလိုက်ရင်တောင်သူတို့ကတော့အရောင်အလိုက်အလိုလျောက်ကွဲသွားမှာပါ။

(၅)အစ္စရေးနိုင်ငံရဲ့ပိုင်နက်ထက်ကိုကြီးမားလွန်းတဲ့ ဩစတြေးလျရဲ့ Anna Creek မွေးမြူရေးခြံ

Anna Creekဟာကမ္ဘာအကြီးဆုံးအလုပ်လုပ်နေတဲ့ ကျွဲနွားမွေးမြူရေးခြံတစ်ခုလည်းဖြစ်ပါတယ်။ထိုနေရာရဲ့ ဧရိယာအကျယ်အဝန်းဟာ (၉၁၄၂)စတုရန်းမိုင်ရှိပြီး အစ္စရေးနိုင်ငံရဲ့ အကျယ်အဝန်းကတော့ (၈၀၁၉-၈၅၂၂)စတုရန်းမိုင်ကြားမှာဘဲရှိပါတယ်။ထိုခြံကြီးကိုတော့ ၁၈၆၃ခုနှစ်ကတည်းကတည်ထောင်ခဲ့တာပါ။

(၆)အန္တာတိကမှာတည်ရှိနေတဲ့ကမ္ဘာအကြီးဆုံးကန္တာရ

ကန္တာရဟာအမြဲတမ်းသဲတွေနဲ့ပူပြင်းတဲ့ရာသီဥတုဘဲရှိရမယ်လို့သတ်မှတ်လို့မရပါဘူး။ပူပြင်းတဲ့ဒေသမှကန္တာရတွေဟာ ရေတွေ၊အပင်တွေ၊မိုးတွေနဲ့နှင်းတွေမရှိကြပါဘူး။ထိုနည်းတူစွာဘဲအေးတဲ့ဒေသမှကန္တာရတွေမှာလည်းလည်းပူပြင်းမှုတွေအပင်တွေနဲ့ရေတွေမရှိကြပါဘူး။အန္တာတိကကန္တာရကတော့ကမ္ဘာပေါ်မှာအကြီးဆုံးကန္တာရကြီးတစ်ခုဖြစ်ပြီး ဧရိယာ (၅၄၀၀၀၀၀)စတုရန်းမိုင်ကျယ်ပါတယ်။ဆာဟာရကတော့ အကြီးဆုံးအပူပိုင်းသဲကန္တာရတစ်ခုဖြစ်ပါတယ်။

(၇)လူသားလုပ် Monticelloရေလှောင်တမံမှတွင်းကြီး

ဒီတွင်းကြီးကတော့ Monticelloရေလှောင်တမံရဲ့ ရေဆင်းပေါက်ကြီးဖြစ်ကာ Californiaပြည်နယ် Napa Countyမှာရှိတဲ့Berryessaရေကန်မှာတည်ရှိပါတယ်။ဒီတွင်းကြီးကို the Glory Hole လို့လည်းခေါ်ကြပါတယ်။၎င်းကိုတော့ (၁၉၅၃)နဲ့(၁၉၅၇)ခုနှစ်မှာတည်ဆောက်ခဲ့ပြီးအချင်းကတော့ ၇၂ပေကျယ်ပါတယ်။ဒီဆောက်လုပ်မှုကတော့နွေရာသီမှာရေပိုလျှံစေဖို့အတွက်ဆည်တွေမှာအသုံးပြုတာလည်းဖြစ်ပါတယ်။

(၈) ဂွာတီမာလာ Sinkhole

ဂွာတီမာလာ Sinkhole ကိုတော့သိပ္ပံပညာရှင်များကသဘာဝမဟုတ်ဘဲလူသားတွေဖန်တီးခဲ့ကြတယ်လို့ယူဆကြပါတယ်။ဘူမိဗေဒပညာရှင် Sam Bonis ကဒီတွင်းပေါက်ဟာ မြေအောက်ကမိလ္လာပိုက်တွေပေါက်ကွဲခြင်းကြောင့်သို့မဟုတ် ပြင်းထန်တဲ့မုန်းတိုင်းကြောင့် မြေအောက်မှာအခေါင်းပေါက်တွေဖြစ်လာကာထိုတွင်းကြီးဖြစ်ပေါ်လာရတာလို့ဆိုပါတယ်။ ထိုတွင်းနက်ကြီးဟာ ပျှမ်းမျှအားဖြင့် ပေ ၆၀ ကျယ်ဝန်းကာ ပေ ၃၀၀ အထိကိုနက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*