ကိုရိုနာဗိုင်းရပ်ကိုကာကွယ်ဖို့ ဒေါ်လာ (၄၀၀၀) တန် ရွှေ Mask ကို ဝတ်ဆင်တဲ့ အိန္ဒိယကအမျိုးသား

Mask တပ်ဆင်ခြင်းဟာ ကိုရိုနာဗိုင်းရပ်ကာကွယ်ရာမှာ ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ကြောင်း နိုင်ငံအတော်များများက လက်ခံထားကြပါတယ်။ လူအများစုဟာ တစ်ခါသုံး Mask၊ ဆေးရုံတွေမှာအသုံးပြုကြတဲ့ Mask နဲ့ စျေးဆိုင်တွေမှာရရှိနိုင်တဲ့ အရောင်အသွေးစုံလင်ပြီး မျက်နှာလုံခြုံရေးကိုသာပေးသော Mask အစရှိတဲ့မျက်နှာဖုံးများကို ပုံစံမျိုးစုံနဲ့ ရောဂါကာကွယ်ရေးအတွက် တပ်ဆင်အသုံးပြုကြလေ့ရှိပါတယ်။ ဒါပေမယ့်လည်း အချို့သောသူများကတော့ အများနဲ့မတူတဲ့ Mask များကို တပ်ဆင်ကြသူများလည်း ရှိပါတယ်။

Kurhade လို့ခေါ်တဲ့အိန္ဒိယစီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ကတော့ ဒေါ်လာ(၄၀၀၀)ခန့်ပေးရတဲ့ ရွှေ Mask ကိုဝတ်ဆင်ကာ သူအား ကိုရိုနာဗိုင်းရပ်ကူးစက်မှုမှ ကာကွယ်ပေးနိုင်မယ်လို့ ယုံကြည်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ဈေးကြီးလှတဲ့ ထို Mask ဟာ ဂရမ်(၅၀)ကျော်လေးတဲ့ ပါးလွှာတဲ့ရွှေ Mask တစ်ခုဖြစ်ကာ အသက်ရှုရလွယ်ကူစေရန် သေးငယ်လွန်းလှတဲ့အပေါက်ငယ်လေးတွေ ပါရှိတယ်လို့ဆိုပါတယ်။

အိန္ဒိယနိုင်ငံအနောက်ပိုင်း Pune မြို့မှာနေထိုင်တဲ့ ထိုအမျိုးသားဟာ ဗိုင်းရပ်ကာကွယ်ဖို့အတွက် Mask တပ်ခြင်းတစ်မျိုးတည်းကိုသာ အားကိုးနေတာမဟုတ်ဘဲ အခြားကြိုတင်ကာကွယ်မှုတွေကိုလည်း လုပ်ဆောင်နေပါတယ်။

Kurhade ဟာ သူ့ရဲ့လက်ဝတ်ရတနာတွေဖြစ်တဲ့ ရွှေလက်စွပ်၊ ရွှေဆွဲကြိုး၊ ရွှေလက်ကောက်၊ ရွှေ Mask တို့ဝတ်ဆင်ပြီး အပြင်သွားလေ့ရှိပါတယ်။ လူအများကြားထဲမှာတော့ ထိုရွှေ Mask ဟာ သူ့ကိုထင်ရှားစေပြီး အချို့သူများဟာ သူ့နဲ့အတူတွဲကာ selfie ရိုက်ဖို့တောင်းဆိုလေ့ရှိတယ်လို့ဆိုပါတယ်။

Kurhade ဟာ ထိုရွှေ Mask ကို တပ်ဆင်ဖြစ်ခဲ့ပုံကိုတော့ သူဟာ သတင်းထဲမှာ ငွေ Mask ကို ဝတ်ဆင်ထားတဲ့ လူတစ်ဦးအကြောင်းကို တွေ့ရှိခဲ့ရာကနေ စိတ်ကူးရခဲ့တာလို့ဆိုပါတယ်။

သူရဲ့ရွှေ Mask ကိုတော့ ပန်းတိမ်ဆရာက ရှစ်ရက်ကြာအောင် ထွင်းထုပေးခဲ့ရတယ်လို့လည်း သိရပါတယ်။ ယခုအချိန်မှာတော့ အိန္ဒိယနိုင်ငံဟာ‌ ဗိုင်းရပ်ကူးစက်သူနဲ့သေဆုံးသူတွေဟာ များပြားလျက်ရှိတာမို့ လူထူထပ်တဲ့နေရာတွေမှာ Mask ကို မဖြစ်မနေတပ်ဆင်ဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ်။

( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ )

Be the first to comment

Leave a Reply

Your email address will not be published.


*