ကမ္ဘာပေါ်ရှိ ပြတိုက်များထဲမှ တစ်ခုတည်းသာရှိတဲ့ ရှားပါးပစ္စည်းများ

အပြည်ပြည်ဆိုင်ရာ ပြတိုက်ကောင်စီရဲ့ အဆိုအရ နိုင်ငံပေါင်း ၂၀၂ နိုင်ငံ ၌ ပြတိုက်ပေါင်း ၅၅၀၀၀ ရှိတယ်လို့ သိရပါတယ်။ သူတို့ထဲက တော်တော်များများဟာ ကမ္ဘာပေါ်တွင် ဘယ်နေရာမှာမှ မမြင်ရနိုင်တဲ့ ရှေးဟောင်းပစ္စည်းတွေ ဖြစ်ပြီး နှစ်ပေါင်း ၃၅၀၀ သက်တမ်းအကြာ ထိန်းသိမ်းထားခဲ့တဲ့ အမဲသား၊ လွန်ခဲ့တဲ့ နှစ် ၇၀၀ လောက်က Nogorvod မှာနေထိုင်တဲ့ ၇ နှစ်အရွယ်ကောင်လေးရဲ့ပုံ ပန်းချီတွေ အစရှိတဲ့အရာတွေဘဲ ဖြစ်ပါတယ်။ ဒီပြတိုက်တွေထဲမှာ နှစ်ပေါင်း ၂၀၀၀ ရှိပြီဖြစ်တဲ့ ရောမ အုတ်မြစ်တွေတောင်တွေ့ရနိုင်ပါတယ်။

(၁) ဒီအရုပ်ဟာ ရောင်စုံဆင်စွယ်နဲ့ ပြုလုပ်ထားတဲ့ ရှေးဟောင်း ရောမ ရုပ်ဖြစ်ပါတယ်။ အဲ့ဒီအရုပ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၈၀၀ လောက်က sarcophague တွင် အသက်ရှင်နေထိုင်ခဲ့တဲ့ ၈ နှစ်အရွယ် ကလေးတစ်ယောက်က တွေ့ရှိထားတာဖြစ်ပါတယ်။

(၂) လွန်ခဲ့သော နှစ်ပေါင်း ၁၁၀၀ နှင့် ၁၄၀၀ အတွင်းက ခေါင်းစွပ်ပါတဲ့ ကလေးတစ်ယောက်ရဲ့ အင်္ကျီ။

(၃) ကာဗွန်နိုက်ဓာတ်ကြောင့် ယခုချိန်ထိ တစ်စိတ်တစ်ပိုင်း ကို ထိန်းသိမ်းထားနိုင်သော ပေါင်မုန့်တစ်လုံး ဖြစ်ပါတယ်။ ဒီ ပေါင်မုန့် ဟာ နှစ်ပေါင်း ၁၉၄၀ ကျော်ရှိပြီဖြစ်ပါတယ်။

(၄) ၁၇ နှစ်ရာစုက ပလိပ်ကပ်ရောဂါကု ဆရာ၀န်တစ်ယောက် အသုံးပြုခဲ့တဲ့ မျက်နှာဖုံး။

(၅) ဒီအရာကတော့ နှစ်ပေါင်း ၃၅၀၀ သက်တမ်းရှိပြီဖြစ်တဲ့ အမဲသားတုံးဘဲဖြစ်ပါတယ်။

(၆) နောက်ထပ်နှစ်ပေါင်း ၃၅၀၀ ရှိတဲ့အစာ ခွက်တစ်ခုဖြစ်ပြီး အထဲမှာတော့ မူလပုံစံအတိုင်း ပုံမပျက်ဘဲ ရှိနေတဲ့ ဘဲသားပါဝင်ပါတယ်။

(၇) ၁၇ ရာစုက သံနဲ့ပြုလုပ်ထားတဲ့ လက်အတု ။

(၈) ၁၅၈၄ ခုနစ်က Pantanazzi မိသားစု၏ အလုပ်ရုံတခုတွင် ပြုလုပ်ခဲ့သော Apollo နဲ့ Muses ရုပ်ပုံများပါ တဲ့ inkstand တစ်ခုဖြစ်ပါတယ်။

(၉) ခန့်မှန်းချေ နှစ်ပေါင်း ၃၅၀၀ ခန့်ရှိပြီဖြစ်တဲ့ သေးငယ်တဲ့ပိတ်စတစ်ခု ။

(၁၀) လွန်ခဲ့သောနှစ်ပေါင်း ၃၄၀၀ နဲ့ ၃၅၀၀ အတွင်းက လှေပုံစံ စောင်း တခု။

(၁၁) ၁၆၀၀ ပြည့်နှစ်တွင် အီတလီ၌ ပြုလုပ်ခဲ့​သော ဖာဒီနန် ၂ ရောမဧကရာဇ်ဘုရင်၏ သံချပ်ကာ။

(၁၂) နှစ်​ပေါင်း ၇၀၀ သက်တမ်း ရှိပြီဖြစ်​သော Onfim အမည်ရှိ ၇ နနှစ်အရွယ် ​ကောင်လေးရေးဆွဲထားသည့်အရုပ်ပုံ။

(၁၃) ပုပ်ရဟန်းမင်းကြီး ကလီးမင့် (၁၁) ၏ရထားကို ခေတ်မီဆန်းပြားတဲ့ ဒီဇိုင်းပုံစံဖြင့် ပြုခဲ့ပုံ ( ပုပ်ရဟန်းမင်းကြီးကာလ ၁၇၀၀ မှ ၁၇၂၁ အထိ )။

(၁၄) ဤဗိုက်ကင်းသင်္ဘောကို ၁၉၀၄ ခုနှစ်တွင်နော်ဝေနိုင်ငံ၊ တန်စဘာ့ဂ်အနီးတွင် ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ထိုသင်္ဘောဟာ ခန့်မှန်းခြေအားဖြင့်ခရစ်နှစ် ၈၂၀ ခုနှစ်လောက်က ရွက်လွှင့်နေခဲ့ကြောင်း သိရပါတယ်။

(၁၅) နှစ်​ပေါင်း ၂၀၀၀ သက်တမ်းရှိပြီဖြစ်​သော ရိုမန် မိတ်ကပ်​‌ ဖောင်ဒေးရှင်း။

(၁၆) Mainz သဘာဝသမိုင်းဝင်ပြတိုက်မှာရှိ​သော ဒီနိုသရီရမ် အမည်ရှိ ဆင်တစ်​ကောင်၏ ဦးခေါင်းပုံ။

(၁၇) ရိုမန် တံဆိပ်​ရေ​မွှေးနှင့် အကန့် ၂ ကန့်ပါဝင်သော မိတ်ကပ်။

(၁၈) ခန့်မှန်းခြေအားဖြင့် နှစ်ပေါင်း 2000 ရှိပြီဖြစ်​သော မရှိမဖြစ်လိုအပ်သော အဆီများသိုလှောင်သည့် ဖန်ခွက်အိုး။

(၁၉) ဘီစီ ၂၆၀၀ မှ ၂၃၅၀ ဝန်းကျင်၌ ပြုလုပ်ခဲ့​သော ​ရေစင်။

(၂၀) စ​ကော့တလန်၌​ တွေ့ရှိခဲ့သော ထူးဆန်းသည့် ကျောက်တုန်းများ။

(၂၁) စားပွဲတင်ရေပန်း ( ၁၇၂၇-၁၇၂၂ ခန့် )

(၂၂) အေဒီ ၅၀၀ မှအေဒီ ၁၀၀၀ အတွင်း မက္ကဆီကိုတောင်ပိုင်း Oaxaca မှာပြုလုပ်ခဲ့သော အသုဘဆိုင်ရာပစ္စည်း

(၂၃) ခန့်မှန်း​​ခြေအားဖြင့် ၂၁၀၀ မှ ၂၄၀၀ သက်တမ်းရှိပြီဖြစ်​သော ​ရှေး​​ဟောင်း အီဂျစ် မမ်မီ ​ခွေးနှင့် မမ်မီ​ကြောင်

Be the first to comment

Leave a Reply

Your email address will not be published.


*