ကမ္ဘာကြီးပေါ်က အထူးခြားဆုံးသစ်ပင် (၈) ပင်

ကမ္ဘာကြီးပေါ်က အထူးခြားဆုံးသစ်ပင် ၈ ပင်

ကမ္ဘာကြီးပေါ်က ကျွန်မတို့ပတ်ဝန်းကျင်မှာ မြင်တွေ့နေကျမဟုတ်ဘဲ ထူးခြားစွာ ဖြစ်ပေါ်လာတဲ့ အရာတွေ အများကြီးရှိပါတယ် ။ အဲဒီထဲမှာမှ ပုံမှန် ပေါက်ရောက်နေကြ သစ်ပင်ပုံစံမဟုတ်ဘဲ ထူးခြားဆန်းပြားစွာ ဒဏ္ဍာရီ ဆန်ဆန် ပေါက်ရောက်နေတဲ့ သစ်ပင် ၈ ပင်အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ ဆန်းဘောက်စ် သစ်ပင် (ခ) ဒိုင်းနမိုက်သစ်ပင်

Photo: M S / Wikimedia Commons / CC-BY-SA 2.0

အရမ်းကိုကြီးမားပြီး အချွန်အတက်တွေ ပါတဲ့ အပြင် ဒီသစ်ပင်က ပေါက်ကွဲတတ်ပါသေးတယ်တဲ့။
အပင်အမြင့်အနေနဲ့ ပေ၂၀၀ ထိကြီးထွားနိုင်ပြီး ပင်စည်တွေက ဆူးချွန်တွေနဲ့ ဖုံးအုပ်နေပါတယ် ။ အထူးဆန်းဆုံးကတော့ သူ့ရဲ့ အစေ့ခွံတွေပါ သူတို့ဟာ ဖရုံစေ့လို ပုံစံရှိပြီး မှည့်လာတဲ့အချိန်မှာ ပေါက်ကွဲထွက်တတ်ကြပြီး အထဲက အစေ့တွေက တစ်နာရီကို မိုင် ၁၆၀ နှုန်းနဲ့ ပေရာချီ လွင့်စင်သွားတတ်ကြပါတယ် ။ သူ့ရဲ့ အစေးကိုတော့ ဒေသခံတွေက မြှားခေါင်းမှာ သုတ်လူးတဲ့ အဆိပ်အဖြစ်အသုံးပြုကြပါတယ် ။ ဒါကြောင့် ဒီသစ်ပင်တွေက သင့်ကို သေစေနိုင်တာ မမေ့လိုက်ပါနဲ့။

၂။ နဂါးသွေး သစ်ပင်

Photo: Rod Waddington / Creative Commons / CC-BY-SA 2.0

ခုလိုနာမည်မျိုး ဘယ်က ရတာလဲဆိုပြီး သင်တွေးမိနေပြီလား …။သစ်ပင်ကနေ အနီရင့်ရောင် အစေးတစ်မျိုး နဲ့ သူ့ရဲ့ အသီးကနေ ရီဆင်ကို ပါ ထုတ်လုပ်နိုင်တဲ့အတွက်ကြောင့် ဒဏ္ဍာရီလာ နဂါးသွေးပုံစံနဲ့ ဆင်သွားတာပါ ။သူ့ရဲ့ သစ်ပင်ထိပ်က အရမ်းကို ထူးခြားထင်ရှားတဲ့ ပုံစံရှိပြီး လေမုန်တိုင်းထဲက လန်ထွက်သွားတဲ့ ထီးပုံစံမျိုး ဖြစ်နေတာပါ ။ နည်းနည်း ပိုထူးခြားတာကတော့ အပင်ရဲ့ သစ်ရွက်တွေက သုံးနှစ် လေးနှစ်တစ်ကြိမ် အရွက်သစ်တွေ အားလုံး ရင့်သန်လာတဲ့အချိန်မှ အရွက်ဟောင်းတွေအားလုံးက တစ်ပြိုင်ထဲ ကြွေကျကြတာပါတဲ့။

၃။ ဘော့ ပရစ်စင် သစ်ပင်

Boab Prison Tree
Photo: Sally Cummings / Creative Commons / CC-BY-NC-SA 2.0

ဩစတေးလျအနောက်ပိုင်းမှာ ပေါက်ရောက်တဲ့ အပင်ပါ ။ သူ့နာမည်ကတော့ ဥရောပက ကျူးကျော်သူတွေ ဒီနယ်မြေကို သိမ်းယူထားချိန်မှာ ဒေသခံတွေကို အကျဉ်းချဖို့ သစ်ပင်ပင်စည်ကို အချုပ်ခန်းအဖြစ်သုံးခဲ့တာကနေ အမည်တွင်လာတာပါ။ ဒီဇာတ်ကြောင်းကို တော်တော်များများ ထုတ်ဖော်မပြောပေမယ့်လို့ ခုထိကို သူ့ရဲ့ ထူးဆန်းတဲ့ ပုံစံကြောင့် ခရီးသွားတွေရဲ့ အာရုံကို ဖမ်းစားနိုင်ဆဲ ဖြစ်ပါတယ်။

၄။ ဘ၀သစ်ပင်

Photo: Omar Chatriwala / Creative Commons / CC-BY-NC-ND 2.0

ဘာရိန်းရဲ့ ဘ၀သစ်ပင်ကြီးက နှစ်ပေါင်း ၄၀၀ သက်တမ်းရှိပြီး မိုးရေလဲမရ ရေအရင်းအမြစ်လဲ မရှိတဲ့ အဲဒီနယ်မြေမှာ ရှင်သန်ကြီးထွားနေတဲ့ တစ်ခုတည်းသော အရာပါ ။ သူဘယ်လို ရှင်သန်ကြီးထွားလဲဆိုတာ သီအိုရီတွေအများကြီးတော့ရှိပါတယ် ။ သိပ္ပံပညာရှင်တွေကတော့ သူ့အမြစ်တွေက မြေအောက်အနက်ကြီးက ရေရနိုင်တဲ့ နေရာထိ တစ်နည်းနည်းနဲ့ရောက်ရှိနေလို့ဆိုတဲ့အချက်ကို ညွှန်ပြကြပါတယ်။တချို့ကတော့ ပိုပြီး လျှို့ဝှက်ဆန်းကြယ်စွာ သစ်ပင်ဟာ ဧဒင်ဥယျာဉ်ထဲမှာ ရှိနေတယ်လို့ဆိုကြပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ်တော့ ဘ၀သစ်ပင်က ထူးခြားတဲ့ ရှုခင်းတစ်ခုအနေနဲ့ ရှင်သန်နေဆဲပါ။

၅။ ပန်ဒို

Photo: Omar Chatriwala / Creative Commons / CC-BY-NC-ND 2.0

တချက်ကြည့်လိုက်ရုံနဲ့တော့ ပန်ဒိုက ဒီလောက် ထင်ရှားလှတဲ့ သစ်ပင်ပုံစံမျိုးမပေါက်ပါဘူး။ဒါပေမယ့် အရမ်းကို လှပလွန်းတဲ့ သစ်ပင်တွေပါ ။ ဒါပေမယ့်လည်း သူတို့ရဲ့ တမူထူးနေတဲ့အချက်က ပန်ဒိုရဲ့ပင်စည်တိုင်းက တူညီတဲ့ မျိုးရိုးဗီဇ အမှတ်အသားတွေရှိကြပြီး မျက်နှာပြင်ကကြီးမားသလို အမြစ်နဲ့လည်း ဆက်စပ်နေကြပါတယ်။ ခေါင်းကနေ ထွက်လာတဲ့ ဆံပင်တွေလို့တောင် ယူဆလို့ရတာမျိုးပါ ။ ပန်ဒိုပင်တွေက ကမ္ဘာကြီးမှာ ရှေးအကျဆုံးသက်ရှိဖြစ်ပြီး အလေးလံဆုံးလို့တောင် လူတွေက ယုံကြည်ကြပြီး ဒီအပင်တွေကိုတော့ တောင်ပိုင်း အူတာ နားက Fish Lake နားမှာ ရှာလို့တွေ့နိုင်ပါတယ်။

၆။သက်တံ့ ယူကလစ်ပင်

Photo: Forest and Kim Starr / Wikimedia Commons / CC-BY 2.0

သက်တံ့ရောင် ယူကလစ်ပင်တွေက သက်တံ့တစ်ခုလိုပဲ ကြည့်လို့ကောင်းပါတယ် . သဘာ၀အရ ဒီသစ်ပင်ရဲ့ သစ်ခေါက်က လိမ္မော်ဖျော့ရောင်ပေမယ့် သူဟာ အရှည်လိုက် ကွာကျသွားပြီး အောက်မှ လှပတဲ့ အရောင်အသွေးအစုံ ပေါ်ထွက်လာပါတယ်။ ပုံမှတော့ မြောက်ပိုင်းမှာသာ သဘာ၀အရ ပေါက်ရောက်ပေမယ့် ဩစတေးလျမှာတော့ လက်တစ်ဆုပ်စာ ရှားရှားပါးပါး ပေါက်ရောက်ပါတယ်။ ပေ ၂၀၀ ထိကို လျင်မြန်စွာ ကြီးထွားတတ်ကြပါတယ်။

၇။ ဘာ့ဘာ (ဘ၀)သစ်ပင်

Photo: Forest and Kim Starr / Wikimedia Commons / CC-BY 2.0

သစ်ပင်တွေကို ချစ်မြတ်နိုးတဲ့သူတွေအဖို့ အပျော်ရွှင်ဆုံး တစ်ခုကတော့ ဒီလို သစ်ပင်ကြီးတွေကို တက်နိုင်တဲ့ အရည်အချင်းပါပဲ ။ သူတို့ဟာ ပေ ၁၀၀နီးပါးမြင့်ပြီး ပင်စည် အချင်းကတော့ ၃၆ ပေ ရှိပါတယ် ။ သူတို့ရဲ့ အကိုင်းအလက်တွေက ထူးဆန်းစွာနဲ့ အောက်ခြေမှာ မကြီးထွားပဲ အပင်ထိပ်မှာပဲ ပေါက်ရောက်ပြီး လူတွေက ဒါကို ဇောက်ထိုး သစ်ပင်လို့လဲ ခေါ်ပါတယ် ။ သူကလည်း ထူးဆန်းတဲ့ အပင်တစ်မျိုးပေါ့လေ။

၈။ ချိန်းကြိုးနဲ့ ဝက်သစ်ချပင်

Photo: Forest and Kim Starr / Wikimedia Commons / CC-BY 2.0

အင်္ဂလန် အယ်တန်က ချိန်းကြိုးနဲ့ ဝက်သစ်ချပင်ကြီးကလည်း ထူးခြားမှုတွေ ရှိနေပါတယ်။ ပုံပြင်တွေအရတော့ ၁၉ရာစုမှာ အားလ်ဆိုသူက အမျိုးသမီးတွေကို ငွေကြေးထောက်ပံ့မှုမပေးတာကြောင့် သစ်ပင်ကို ကျိန်စာတိုက်ခဲ့ပါတယ်။ အဲဒီအပင်ရဲ့ အကိုင်းတစ်ခက် ပြုတ်ကျတိုင်း သူ့မိသားစုဝင်တစ်ယောက် သေဆုံးရလိမ့်မယ် ဆိုတဲ့ ကျိန်စာပါ ။ မကြာခင်မှာပဲ သစ်ကိုင်းတစ်ခု ပြုတ်ကျပြီး အားလ် ရဲ့ မိသားစုဝင်တစ်ယောက် တိုက်တိုက်ဆိုင်ဆိုင်သေဆုံးခဲ့ပါတယ်။ သူက သစ်ပင်ရဲ့ အကိုင်းအခက်တွေကို ချိန်းကြိုးနဲ့ ချီထားဖို့ အမိန့်ပေးခဲ့ပြီး သူ့မိသားစုကို ကျိန်စာကနေ ကာကွယ်ခဲ့ပါတယ်။ ဟုတ်သည် ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဒီအရာက သစ်ပင်ကြီးရဲ့ ထူးခြားချက်တစ်ခုပါပဲ

Be the first to comment

Leave a Reply

Your email address will not be published.


*